iMyanmarHouse.com - Best Property Website for Myanmar
×

ကားတစ္စီးထဲကေန လမ္းမအတိုင္းၿမင္ရတဲ့ ၿမင္ကြင္းတစ္ခုနဲ႔ သီခ်င္းသံခပ္ရွရွနဲ႔ လမ္းေပၚမွာ ေ၀႔ွယမ္းရင္း လဲက်သြားတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ရုပ္ရွင္ကို စတင္ထားပါတယ္။ အၿဖဴအမည္းအေရာင္ေတြနဲ႔ ရိုက္ကူးထားတာၿဖစ္ၿပီး အဲဒီ အၿဖဴအမည္းေတြေအာက္မွာ ဘယ္လိုအေရာင္မ်ိဳးေတြရွိလဲဆိုတာ စိတ္၀င္စားစရာေကာင္းေနပါတယ္။
 
Rating 6.2 ရရွိထားၿပီး ဒါရိုက္တာ Nicolas Pesce ရိုက္ကူးထားတဲ့ Drama ၊ Horror အမ်ိဳးအစားပဲၿဖစ္ပါတယ္။ Kika Magalhaes ၊ Will Brill ၊ Diana Agostini တို႔နဲ႔အတူ အၿခားသရုပ္ေဆာင္မ်ားက ပါ၀င္သရုပ္ေဆာင္ထားပါတယ္။
The Eyes Of My Mother (2016) ဟာ ၾကည့္ေနရင္းမွာ အသက္ရွဴၾကပ္ေစပါတယ္။ ဒါမွမဟုတ္ အသက္ရွဴခ်ိန္ရလိုက္မွာ မဟုတ္ပါဘူး။ ကေလးမေလးကို သူ႔အေမက သူမၾကံဳေတြ႔ရတဲ့ လူတစ္ေယာက္အေၾကာင္းကိုေၿပာၿပေနပါတယ္။ ၿပီးေတာ့ “အထီးက်န္မႈက စိတ္ထဲမွာ ထူးဆန္းတဲ့ အရာေတြၿဖစ္ေပၚေစတယ္”တဲ့။
 
Francisca တစ္ေယာက္ လူမွန္းသိတတ္စအရြယ္မွာပဲ။ သူစိမ္းတစ္ေယာက္က သူတို႔အိမ္ထဲ ၀င္ေရာက္သတ္ၿဖတ္ခဲ့တာၿဖစ္ၿပီး Francisca လည္း အဲဒီမွာရိွေနပါတယ္။ သူမ အေဖေရာက္လာၿပီး လူသတ္သမားကို သိုေလွာင္ရံုထဲမွာ ခ်ဳပ္ေႏွာင္ထားလိုက္ပါတယ္။ သူမရဲ႔ မ်က္စိဆရာ၀န္ အေမကိုေတာ့ အိမ္နဲ႔ မလွမ္းမကမ္း သစ္ေတာထဲမွာ ၿမွဳပ္ႏွံထားလိုက္ပါတယ္။ Francisca ဟာ သူမ အေမဆီက ပညာအေမြကို ငယ္ငယ္ရြယ္ရြယ္နဲ႔ ရရွိခဲ့သူပါ။ 
 
လူသတ္သမားက သူမကို ေမးပါတယ္။ မင္းငါ့ကို သတ္မွာလားတဲ့။ သူမ က ငါ့တစ္ဦးတည္းေသာ သူငယ္ခ်င္းကို သတ္စရာလား။ ဟုတ္ပါတယ္။ သူမဟာ သူ႔ကို မသတ္တဲ့အၿပင္ အစာေရစာေကၽြးတာ ဒဏ္ရာေတြကို ခ်ဳပ္ေပးတာမ်ိဳးေတြလုပ္ၿပီး ၿပဳစုေပးေလ့ရွိပါတယ္။ ဒါေပမဲ့ လူသတ္သမားမွာ မ်က္လံုးေတြ မရွိေတာ့ပါဘူး။ Francisca ရဲ႔ ေရခဲေသတၱာထဲ ေရာက္သြားလို႔ပါပဲ။ 
 
I.Mother II.Father III.Familyဆိုၿပီး ရုပ္ရွင္ကို ပင္မအခန္း(၃)ခန္းနဲ႔ၾကည့္ရႈရမွာၿဖစ္ပါတယ္။ ေက်းဇူးတင္ပါတယ္ ကၽြန္ေတာ္ ဓာတ္ၿပားပါ။ ။
 
Credit : Trend Myanmar
 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
Unicode Version
 
ကားတစ်စီးထဲကနေ လမ်းမအတိုင်းမြင်ရတဲ့ မြင်ကွင်းတစ်ခုနဲ့ သီချင်းသံခပ်ရှရှနဲ့ လမ်းပေါ်မှာ ဝှေ့ယမ်းရင်း လဲကျသွားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရုပ်ရှင်ကို စတင်ထားပါတယ်။ အဖြူအမည်းအရောင်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး အဲဒီ အဖြူအမည်းတွေအောက်မှာ ဘယ်လိုအရောင်မျိုးတွေရှိလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Rating 6.2 ရရှိထားပြီး ဒါရိုက်တာ Nicolas Pesce ရိုက်ကူးထားတဲ့ Drama ၊ Horror အမျိုးအစားပဲဖြစ်ပါတယ်။ Kika Magalhaes ၊ Will Brill ၊ Diana Agostini တို့နဲ့အတူ အခြားသရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားပါတယ်။
The Eyes Of My Mother (2016) ဟာ ကြည့်နေရင်းမှာ အသက်ရှူကြပ်စေပါတယ်။ ဒါမှမဟုတ် အသက်ရှူချိန်ရလိုက်မှာ မဟုတ်ပါဘူး။ ကလေးမလေးကို သူ့အမေက သူမကြုံတွေ့ရတဲ့ လူတစ်ယောက်အကြောင်းကိုပြောပြနေပါတယ်။ ပြီးတော့ “အထီးကျန်မှုက စိတ်ထဲမှာ ထူးဆန်းတဲ့ အရာတွေဖြစ်ပေါ်စေတယ်”တဲ့။

Francisca တစ်ယောက် လူမှန်းသိတတ်စအရွယ်မှာပဲ။ သူစိမ်းတစ်ယောက်က သူတို့အိမ်ထဲ ဝင်ရောက်သတ်ဖြတ်ခဲ့တာဖြစ်ပြီး Francisca လည်း အဲဒီမှာရှိနေပါတယ်။ သူမ အဖေရောက်လာပြီး လူသတ်သမားကို သိုလှောင်ရုံထဲမှာ ချုပ်နှောင်ထားလိုက်ပါတယ်။ သူမရဲ့ မျက်စိဆရာဝန် အမေကိုတော့ အိမ်နဲ့ မလှမ်းမကမ်း သစ်တောထဲမှာ မြှုပ်နှံထားလိုက်ပါတယ်။ Francisca ဟာ သူမ အမေဆီက ပညာအမွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိခဲ့သူပါ။

လူသတ်သမားက သူမကို မေးပါတယ်။ မင်းငါ့ကို သတ်မှာလားတဲ့။ သူမ က ငါ့တစ်ဦးတည်းသော သူငယ်ချင်းကို သတ်စရာလား။ ဟုတ်ပါတယ်။ သူမဟာ သူ့ကို မသတ်တဲ့အပြင် အစာရေစာကျွေးတာ ဒဏ်ရာတွေကို ချုပ်ပေးတာမျိုးတွေလုပ်ပြီး ပြုစုပေးလေ့ရှိပါတယ်။ ဒါပေမဲ့ လူသတ်သမားမှာ မျက်လုံးတွေ မရှိတော့ပါဘူး။ Francisca ရဲ့ ရေခဲသေတ္တာထဲ ရောက်သွားလို့ပါပဲ။

I.Mother II.Father III.Familyဆိုပြီး ရုပ်ရှင်ကို ပင်မအခန်း(၃)ခန်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ကျွန်တော် ဓာတ်ပြားပါ။ ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top