iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္လိုႀကီးပါလိမ့္... သူ႔ကို မျမင္ခ်င္ မပတ္သက္ခ်င္ေတာ့ပါဘူးဆုိမွ unfollow မလုပ္ရဘူးဆုိေတာ့ စိတ္ထဲ ေတြးစရာျဖစ္သြားပါလိမ့္မယ္။ ရည္းစားေဟာင္းဆုိတာလည္း တစ္ခ်ိန္က ဘယ္လိုပဲ ခ်စ္ခဲ့ခ်စ္ခဲ့ အနာဂတ္အတြက္ေတာ့ ခလုတ္တစ္ခုပဲ။ မျမင္ရေလေကာင္းေလ ေဝးေလေကာင္းေလေပါ့။ ဒါေပမဲ့ ရင္းႏွီးဖူးၿပီးသားဆုိေတာ့လည္း သံေယာဇဥ္က ျဖတ္ရခက္ပါတယ္။

အလုပ္ကိစၥေၾကာင့္၊ အေပါင္းအသင္း အသိုင္းအဝိုင္းေတြေၾကာင့္ သူနဲ႔ ေဖ့စ္ဘြတ္ေပၚမွာ friend အျဖစ္ ဆက္ၿပီး ႐ွိေနတာက ကိုယ့္ကို အေတာ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ သူ႔ဘက္ကလည္း စိတ္႐ႈပ္ေကာင္း ႐ႈပ္ပါလိမ့္မယ္။ တကယ္လို႔မ်ား ကိုယ္က သံေယာဇဥ္မျပတ္ႏိုင္ဘူးဆုိရင္ေတာ့ သူ႔အေကာင့္မွာ တင္သမွ် ျမင္ေနရတဲ့အခါ ငိုခ်င္သလို၊ နာက်င္သလို ျဖစ္လာရေတာ့တာပါပဲ။

ဒါဆိုရင္ unfollow လုပ္မလား ? မလုပ္ပါနဲ႔လို႔ ေျပာခ်င္ပါတယ္။ ကိုယ့္စိတ္ကိုက မျပတ္သားေတာ့ unfollow လုပ္ထားၿပီးမွ တကူးတက သြားၾကည့္ျဖစ္ေနမွာ ေသခ်ာပါတယ္။ like ေတြ comment ေတြ ေပးမိေကာင္း ေပးမိေနဦးမွာပါ။ သူ႔ကိုမပတ္သတ္ခ်င္ဘူးလို႔ ဆံုးျဖတ္ၿပီးရင္ unfriend ဒါမွမဟုတ္ block လိုက္တာ အေကာင္းဆံုးပါပဲ။ Block လုပ္ထားေတာ့ ကိုယ့္မ်က္စိေ႐ွ႕လည္း ေပၚမလာေတာ့ဘူး။ ကိုယ္က မျပတ္သားလို႔ သြားၾကည့္မယ္ဆုိရင္ေတာင္ ၾကည့္လို႔မရေတာ့ဘူးဆုိေတာ့ ကိုယ္႐ွိန္သတ္လိုက္သလိုျဖစ္သြားပါလိမ့္မယ္။ ဒီေတာ့ ရည္းစားေဟာင္းကို unfollow မလုပ္ပါနဲ႔။ အျပတ္သာ block ထားလိုက္ပါ။ သူေတာင္ ကိုယ့္ကိုဂ႐ုမစိုက္ေတာ့တဲ့ဥစၥာ ကိုယ္က လြမ္းေနရင္ ပိုၿပီးနာက်င္႐ံုပဲရွိေတာ့မေပါ့။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘယ်လိုကြီးပါလိမ့်... သူ့ကို မမြင်ချင် မပတ်သက်ချင်တော့ပါဘူးဆိုမှ unfollow မလုပ်ရဘူးဆိုတော့ စိတ်ထဲ တွေးစရာဖြစ်သွားပါလိမ့်မယ်။ ရည်းစားဟောင်းဆိုတာလည်း တစ်ချိန်က ဘယ်လိုပဲ ချစ်ခဲ့ချစ်ခဲ့ အနာဂတ်အတွက်တော့ ခလုတ်တစ်ခုပဲ။ မမြင်ရလေကောင်းလေ ဝေးလေကောင်းလေပေါ့။ ဒါပေမဲ့ ရင်းနှီးဖူးပြီးသားဆိုတော့လည်း သံယောဇဉ်က ဖြတ်ရခက်ပါတယ်။

အလုပ်ကိစ္စကြောင့်၊ အပေါင်းအသင်း အသိုင်းအဝိုင်းတွေကြောင့် သူနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ friend အဖြစ် ဆက်ပြီး ရှိနေတာက ကိုယ့်ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သူ့ဘက်ကလည်း စိတ်ရှုပ်ကောင်း ရှုပ်ပါလိမ့်မယ်။ တကယ်လို့များ ကိုယ်က သံယောဇဉ်မပြတ်နိုင်ဘူးဆိုရင်တော့ သူ့အကောင့်မှာ တင်သမျှ မြင်နေရတဲ့အခါ ငိုချင်သလို၊ နာကျင်သလို ဖြစ်လာရတော့တာပါပဲ။

ဒါဆိုရင် unfollow လုပ်မလား ? မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်စိတ်ကိုက မပြတ်သားတော့ unfollow လုပ်ထားပြီးမှ တကူးတက သွားကြည့်ဖြစ်နေမှာ သေချာပါတယ်။ like တွေ comment တွေ ပေးမိကောင်း ပေးမိနေဦးမှာပါ။ သူ့ကိုမပတ်သတ်ချင်ဘူးလို့ ဆုံးဖြတ်ပြီးရင် unfriend ဒါမှမဟုတ် block လိုက်တာ အကောင်းဆုံးပါပဲ။ Block လုပ်ထားတော့ ကိုယ့်မျက်စိရှေ့လည်း ပေါ်မလာတော့ဘူး။ ကိုယ်က မပြတ်သားလို့ သွားကြည့်မယ်ဆိုရင်တောင် ကြည့်လို့မရတော့ဘူးဆိုတော့ ကိုယ်ရှိန်သတ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ရည်းစားဟောင်းကို unfollow မလုပ်ပါနဲ့။ အပြတ်သာ block ထားလိုက်ပါ။ သူတောင် ကိုယ့်ကိုဂရုမစိုက်တော့တဲ့ဥစ္စာ ကိုယ်က လွမ်းနေရင် ပိုပြီးနာကျင်ရုံပဲရှိတော့မပေါ့။


Credit : Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top