iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယား႐ုပ္သံဇာတ္လမ္းတြဲ Weightlifting Fairy Kim Bok Joo ႐ိုက္ကူးျပသၿပီးတာ ၂ လေက်ာ္ အၾကာမွာ ယင္းဇာတ္ကားထဲက မင္းသားနဲ႔ မင္းသမီးျဖစ္တဲ့ လီဆန္ေက်ာင္း (Lee Sung Kyung) နဲ႔ နမ္ဂ်ဳိဟြတ္ (Nam Joo Hyuk) တို႔ဟာ ခ်စ္သူေတြ ျဖစ္သြားၾကၿပီလို႔ ဆုိပါတယ္။

YG Entertainment ေအဂ်င္စီတစ္ခုတည္းမွာ အလုပ္လုပ္ၾကတဲ့ သ႐ုပ္ေဆာင္ႏွစ္ဦးဟာ ခ်စ္သူေတြ ျဖစ္သြားၾကၿပီလို႔ အတြင္းလူေတြက ေျပာတာျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ Weightlifting Fairy Kim Bok Joo ဇာတ္ကားမွာ ဘြတ္ဂ်ဳိနဲ႔ ဂၽြန္ဟြန္းတုိ႔အျဖစ္ သ႐ုပ္ေဆာင္ၾကရာမွာ ပရိသတ္အသည္းစြဲျဖစ္လာတဲ့ ဒရာမာစံုတြဲေလးျဖစ္ပါတယ္။

လီဆန္းေက်ာင္းဟာ နမ္ဂ်ဳိဟြတ္နဲ႔ ႐ႈိးပြဲတစ္ခုကို အတူသြားခဲ့ပံုကို ဆိုရွယ္မီဒီယာမွာ တင္ခဲ့ၿပီးေနာက္ သူတုိ႔ႏွစ္ေယာက္  ခ်စ္သူေတြ ျဖစ္သြားၾကၿပီဆုိတဲ့ ေကာလာဟလေတြ စတင္ထြက္ခဲ့တာျဖစ္ပါတယ္။ အဲဒီလို သတင္းေတြ ပ်ံ႕သြားၿပီးတဲ့ေနာက္ လီဆန္ေက်ာင္းဟာ ဓာတ္ပံုကို ခ်က္ခ်င္းျပန္ဖ်က္ခဲ့ပါတယ္။

အခုေတာ့ သူတို႔ႏွစ္ေယာက္ဟာ ခ်စ္သူေတြျဖစ္သြားတာ ေသခ်ာသေလာက္ရွိိေနပါၿပီ။

"သူတုိ႔ႏွစ္ေယာက္ အရမ္းကို ခ်စ္ေနၾကတာ သူတုိ႔ေဘးနားက လူေတြ အကုန္သိပါတယ္။ သူတုိ႔အတြက္လည္း ဝမ္းသာၾကပါတယ္" လို႔ အတြင္းလူေတြက ေျပာျပခဲ့တာပါ။

YG Entertainment ကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး သူတုိ႔ေတြ ေသခ်ာစံုစမ္းပါ့မယ္လို႔ ဆုိပါတယ္။

"ဒီေကာလာဟလနဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ႏွစ္ေယာက္ကို စစ္ေဆးၿပီးတဲ့အခါ တရားဝင္ထုတ္ျပန္ခ်က္ေပးပါ့မယ္" လို႔ YG Entertainment က ေျဖၾကားခဲ့ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Weightlifting Fairy Kim Bok Joo ရိုက်ကူးပြသပြီးတာ ၂ လကျော် အကြာမှာ ယင်းဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ လီဆန်ကျောင်း (Lee Sung Kyung) နဲ့ နမ်ဂျိုဟွတ် (Nam Joo Hyuk) တို့ဟာ ချစ်သူတွေ ဖြစ်သွားကြပြီလို့ ဆိုပါတယ်။

YG Entertainment အေဂျင်စီတစ်ခုတည်းမှာ အလုပ်လုပ်ကြတဲ့ သရုပ်ဆောင်နှစ်ဦးဟာ ချစ်သူတွေ ဖြစ်သွားကြပြီလို့ အတွင်းလူတွေက ပြောတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Weightlifting Fairy Kim Bok Joo ဇာတ်ကားမှာ ဘွတ်ဂျိုနဲ့ ဂျွန်ဟွန်းတို့အဖြစ် သရုပ်ဆောင်ကြရာမှာ ပရိသတ်အသည်းစွဲဖြစ်လာတဲ့ ဒရာမာစုံတွဲလေးဖြစ်ပါတယ်။

လီဆန်းကျောင်းဟာ နမ်ဂျိုဟွတ်နဲ့ ရှိုးပွဲတစ်ခုကို အတူသွားခဲ့ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပြီးနောက် သူတို့နှစ်ယောက်  ချစ်သူတွေ ဖြစ်သွားကြပြီဆိုတဲ့ ကောလာဟလတွေ စတင်ထွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို သတင်းတွေ ပျံ့သွားပြီးတဲ့နောက် လီဆန်ကျောင်းဟာ ဓာတ်ပုံကို ချက်ချင်းပြန်ဖျက်ခဲ့ပါတယ်။

အခုတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်သွားတာ သေချာသလောက်ရှိနေပါပြီ။

"သူတို့နှစ်ယောက် အရမ်းကို ချစ်နေကြတာ သူတို့ဘေးနားက လူတွေ အကုန်သိပါတယ်။ သူတို့အတွက်လည်း ဝမ်းသာကြပါတယ်" လို့ အတွင်းလူတွေက ပြောပြခဲ့တာပါ။

YG Entertainment ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့တွေ သေချာစုံစမ်းပါ့မယ်လို့ ဆိုပါတယ်။

"ဒီကောလာဟလနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နှစ်ယောက်ကို စစ်ဆေးပြီးတဲ့အခါ တရားဝင်ထုတ်ပြန်ချက်ပေးပါ့မယ်" လို့ YG Entertainment က ဖြေကြားခဲ့ပါတယ်။

Credit:duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top