iMyanmarHouse.com - Best Property Website for Myanmar
×

ဒီႏွစ္ေႏြရာသီက အရင္ႏွစ္ေတြေလာက္ စံခ်ိန္တင္ေအာင္ပူျပင္းမွာ မဟုတ္ေပမယ့္ တစ္ႏိုင္ငံလံုးမွာ အပူခ်ိန္ျမင့္တက္တာေတြ မ်ားလာမယ္လုိ႔ မိုးေလ၀သနဲ႔ဇလေဗဒဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ အပူခ်ိန္ျမင့္တက္လာတာနဲ႔အတူ လူေတြမွာရွိသင့္တဲ့ ကိုယ္အပူခ်ိန္ကိုလည္း ထိန္းသိမ္းထားဖို႔လိုအပ္ပါတယ္။

ေခြၽးထြက္တာေတြ၊ အသက္႐ွဴထုတ္တာေတြကေန ကိုယ္အပူခ်ိန္ဆံုးရႈံးတတ္ၿပီး ခႏၱာကိုယ္ရဲ႕ အပူလြန္ကဲမႈကို ေခြၽးထြက္တာက ကိုယ္အပူအေအး ထိန္းညႇိေပးပါတယ္။ ဒါ့ေၾကာင့္ အပူဒဏ္ ျပင္းျပင္းထန္ထန္ ႀကံဳေနရတဲ့ အခ်ိန္မွာ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေတြကို ဓူဝံ ပရိသတ္ေတြအတြက္ တင္ျပလုိက္ပါတယ္။

ေရမ်ားမ်ားေသာက္ဖို႔ မေမ့ပါနဲ႔။

လူ႕ခႏၱာကိုယ္က တစ္ေန႔ကို ေရရွစ္ခြက္(ေလးလီတာ)ေလာက္ လုိအပ္ပါတယ္။ ေရကိုေနပူထဲသြားမယ္ဆိုရင္ ေရဖန္ခြက္တစ္ခြက္ေလာက္ေတာ့ ေသာက္ျဖစ္ေအာင္ေသာက္သြားပါ။ ေရအလံုအေလာက္ရရွိမွ ခႏၶာကိုယ္တစ္ခုလံုးေပါ့ပါးၿပီး သြက္သြက္လက္လက္ လႈပ္ရွားႏိုင္မွာပါ။

အရည္ရႊမ္းအသီးေတြကို စားေပးပါ။

အသီးအႏွံေတြကလည္း ေရဓာတ္ကိုရႏိုင္ပါတယ္။ ေႏြရာသီမွာ အရည္ရႊမ္းအသီးေတြကို စားေပးပါ။ ခႏၶာကိုယ္က အညစ္အေၾကး ေတြကိုလည္း ေရ လံုလံုေလာက္ေလာက္ရမွ စြန္႔ထုတ္ႏိုင္မွာျဖစ္ပါတယ္။ ေရဓာတ္လံုလံုေလာက္ေလာက္ မရရင္ ခႏၶာကိုယ္အပူခ်ိန္ ျမင့္မားၿပီး အဖ်ားအနာေတြ၊ အဖုအက်ိတ္ေတြျဖစ္ေပၚ တတ္ပါတယ္။

ရာသီဥတုနဲ႔ကိုက္ညီတဲ့ အဝတ္အစားေတြကို ဝတ္ဆင္ပါ။

အျဖဴေရာင္ရွိတဲ့ အဝတ္ပါးေတြကို ဝတ္ဆင္ပါ။ ထူထဲၿပီး အပူစုပ္ယူႏႈန္းမ်ားတဲ့ အဝတ္အထည္နဲ႔ အနက္ေရာင္ေတြ ဝတ္ဆင္တာကို ေရွာင္ၾကဥ္ပါ။ ေလဝင္ေလထြက္ နည္းၿပီး က်ဥ္းေျမာင္းတဲ့ ပတ္ဝန္းက်င္၊ ေလေကာင္းေလသန္႔ မရႏိုင္တဲ့ ေနရာေတြမွာ ေနထိုင္တာက အပူဒဏ္ခံရမွာျဖစ္လို႔ ေဘးထြက္ဆိုးက်ိဳးေရာဂါေတြ တိုးလာႏိုင္ပါတယ္။

အပူလြန္ကဲရင္ ဘာေတြျဖစ္လာႏိုင္လဲ။

အပူဒဏ္သင့္ရင္ အသားအေရေျခာက္ ကပ္ပူေႏြးျခင္း၊ ပူလြန္းျခင္း၊ မူးေဝျခင္း၊ သတိေမ့ေလ်ာ့ျခင္း၊ စိတ္ဂဏွာ မၿငိမ္ျခင္း၊ အတက္ေရာဂါျဖစ္ျခင္း၊ ေလျဖတ္ျခင္း၊ဦးေႏွာဏ္ အာ႐ံုေၾကာဆိုင္ရာ ေရာဂါေဝဒနာေတြခံစားရႏိုင္ပါတယ္။

အပူဒဏ္ေၾကာင့္ ႏွလံုးခုန္ပ်က္စီးၿပီး ေသဆံုးတဲ့ အေျခအေနကို ေရာက္ႏုိင္တာေၾကာင့္ ပူျပင္းတဲ့ ဒီရာသီမွာေန႔စဥ္ ေရ ရွစ္ခြက္ ေလာက္ေသာက္ရင္ အပူခ်ိန္ျမင့္မားတဲ့ ဒဏ္ကို ကာကြယ္ႏိုင္မွာပါ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီနှစ်နွေရာသီက အရင်နှစ်တွေလောက် စံချိန်တင်အောင်ပူပြင်းမှာ မဟုတ်ပေမယ့် တစ်နိုင်ငံလုံးမှာ အပူချိန်မြင့်တက်တာတွေ များလာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အပူချိန်မြင့်တက်လာတာနဲ့အတူ လူတွေမှာရှိသင့်တဲ့ ကိုယ်အပူချိန်ကိုလည်း ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။

ချွေးထွက်တာတွေ၊ အသက်ရှူထုတ်တာတွေကနေ ကိုယ်အပူချိန်ဆုံးရှုံးတတ်ပြီး ခန္တာကိုယ်ရဲ့ အပူလွန်ကဲမှုကို ချွေးထွက်တာက ကိုယ်အပူအအေး ထိန်းညှိပေးပါတယ်။ ဒါ့ကြောင့် အပူဒဏ် ပြင်းပြင်းထန်ထန် ကြုံနေရတဲ့ အချိန်မှာ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ဓူဝံ ပရိသတ်တွေအတွက် တင်ပြလိုက်ပါတယ်။

ရေများများသောက်ဖို့ မမေ့ပါနဲ့။

လူ့ခန္တာကိုယ်က တစ်နေ့ကို ရေရှစ်ခွက်(လေးလီတာ)လောက် လိုအပ်ပါတယ်။ ရေကိုနေပူထဲသွားမယ်ဆိုရင် ရေဖန်ခွက်တစ်ခွက်လောက်တော့ သောက်ဖြစ်အောင်သောက်သွားပါ။ ရေအလုံအလောက်ရရှိမှ ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးပြီး သွက်သွက်လက်လက် လှုပ်ရှားနိုင်မှာပါ။

အရည်ရွှမ်းအသီးတွေကို စားပေးပါ။

အသီးအနှံတွေကလည်း ရေဓာတ်ကိုရနိုင်ပါတယ်။ နွေရာသီမှာ အရည်ရွှမ်းအသီးတွေကို စားပေးပါ။ ခန္ဓာကိုယ်က အညစ်အကြေး တွေကိုလည်း ရေ လုံလုံလောက်လောက်ရမှ စွန့်ထုတ်နိုင်မှာဖြစ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက် မရရင် ခန္ဓာကိုယ်အပူချိန် မြင့်မားပြီး အဖျားအနာတွေ၊ အဖုအကျိတ်တွေဖြစ်ပေါ် တတ်ပါတယ်။

ရာသီဥတုနဲ့ကိုက်ညီတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

အဖြူရောင်ရှိတဲ့ အဝတ်ပါးတွေကို ဝတ်ဆင်ပါ။ ထူထဲပြီး အပူစုပ်ယူနှုန်းများတဲ့ အဝတ်အထည်နဲ့ အနက်ရောင်တွေ ဝတ်ဆင်တာကို ရှောင်ကြဉ်ပါ။ လေဝင်လေထွက် နည်းပြီး ကျဉ်းမြောင်းတဲ့ ပတ်ဝန်းကျင်၊ လေကောင်းလေသန့် မရနိုင်တဲ့ နေရာတွေမှာ နေထိုင်တာက အပူဒဏ်ခံရမှာဖြစ်လို့ ဘေးထွက်ဆိုးကျိုးရောဂါတွေ တိုးလာနိုင်ပါတယ်။

အပူလွန်ကဲရင် ဘာတွေဖြစ်လာနိုင်လဲ။

အပူဒဏ်သင့်ရင် အသားအရေခြောက် ကပ်ပူနွေးခြင်း၊ ပူလွန်းခြင်း၊ မူးဝေခြင်း၊ သတိမေ့လျော့ခြင်း၊ စိတ်ဂဏှာ မငြိမ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ဦးနှောဏ် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာတွေခံစားရနိုင်ပါတယ်။

အပူဒဏ်ကြောင့် နှလုံးခုန်ပျက်စီးပြီး သေဆုံးတဲ့ အခြေအနေကို ရောက်နိုင်တာကြောင့် ပူပြင်းတဲ့ ဒီရာသီမှာနေ့စဉ် ရေ ရှစ်ခွက် လောက်သောက်ရင် အပူချိန်မြင့်မားတဲ့ ဒဏ်ကို ကာကွယ်နိုင်မှာပါ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top