iMyanmarHouse.com - Best Property Website for Myanmar
×

မိမိလက္တြဲေဖာ္နဲ႔ အိမ္ေထာင္ေရးသုခ ေကာင္းစြာ ခံစားလုိပါက သင့္အေနနဲ႕ သတိထားရမယ့္အခ်က္တစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ က်န္းမာေရးေကာင္းမြန္ေနဖုိ႔ ျဖစ္ပါတယ္။

ခ်စ္တင္းႏွီးေႏွာျပီးေနာက္ ဆီးသြားျခင္းစတဲ့ သာမန္လုပ္ေဆာင္ခ်က္တစ္ခုက မိမိက်န္းမာေရးအတြက္ ၾကီးမားတဲ့ အက်ဳိးေက်းဇူးေတြ ရရိွေစတာ သိပါသလား။ ပိုျပီး အေသးစိတ္ေျပာရရင္ ဆီးသြားျခင္းက ခႏၶာကိုယ္ကို အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ ကူးစက္ေရာဂါမ်ား ခုခံကာကြယ္ေပးပါတယ္။

လိင္ဆက္ဆံတဲ့အခါ မ်က္စိျဖင့္ မျမင္ႏုိင္တဲ့ ေရာဂါပုိးမ်ားနဲ႔ ဘက္တီးရီးယားပိုးမႊားမ်ားက ဆီးလမ္းေၾကာင္းနဲ႔ စအိုမွာ ဝင္ေရာက္ျပီး ဆီးလမ္းေၾကာင္းမွာ စုျပံဳလာတတ္ပါတယ္။ ဒါ့ေၾကာင့္ ဆီးအိမ္ ကူးစက္ေရာဂါ အႏၱရာယ္ ျဖစ္ေစပါတယ္။ ဒါဟာ အမ်ဳိးသမီးေတြမွာ အျဖစ္မ်ားဆုံး ဆီးလမ္းေၾကာင္းေရာဂါ ကူးစက္မႈမ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလုိ မျဖစ္ေအာင္ တားဆီးဖုိ႔ အတြက္ လိင္ဆက္ဆံျပီးေနာက္ ဆီးသြားဖုိ႔ အေရးၾကီးေၾကာင္းကို ကြ်မ္းက်င္ပညာရွင္းမ်ားက အေလးထား တုိက္တြန္းခဲ့ပါတယ္။

ဒီ့ျပင္ အမ်ဳိးသားမ်ားနဲ႔ မတူဘဲ အမ်ဳိးသမီးမ်ားသုတ္လႊတ္ျခင္းက ဆီးလမ္းေၾကာင္းမွတဆင့္ မဟုတ္တာေၾကာင့္ ယင္း အႏၱရာယ္ျဖစ္ေစတဲ့အရာေတြ ဖယ္ထုတ္ဖုိ႔ တစ္ခုတည္းေသာနည္းလမ္းက ဆီးသြားျခင္း ျဖစ္ပါတယ္။ ဒီေတာ့ ခ်စ္တင္းႏွီးေႏွာျပီးျပီးခ်င္း ဒီအခ်က္ကို မေမ့ဖုိ႔ အၾကံျပဳထားပါတယ္။ အတူေနျပီး ၄၅ မိနစ္အတြင္း ဆီးသြားႏုိင္ရင္ ပိုေကာင္းပါတယ္။

ေနာက္ဆုံးမွ ေဖာ္ျပထားေပမယ့္ တန္းတူအေရးၾကီးတာက အတူ မေနခင္နဲ႔ ေနျပီးေနာက္ တစ္ကုိယ္ေရ သန္႔ရွင္းေရး ထိန္းသိမ္းျခင္း ဆီးလမ္းေၾကာင္း ကူးစက္ေရာဂါ တားဆီးဖုိ႔ အလြန္အေရးၾကီးပါတယ္။ အထူးသျဖင့္ ဆီးအိတ္ေယာင္နာျဖစ္တတ္တဲ့ အမ်ဳိးသမီးမ်ားအတြက္ ဆီးလမ္းေၾကာင္းကို ေရနဲ႔ pH ရိွ ဆပ္ျပာနဲ႔ ေဆးေၾကာသန္႔စင္ေပးသင့္ပါတယ္။

Credit: Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 မိမိလက်တွဲဖော်နဲ့ အိမ်ထောင်ရေးသုခ ကောင်းစွာ ခံစားလိုပါက သင့်အနေနဲ့ သတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကျန်းမာရေးကောင်းမွန်နေဖို့ ဖြစ်ပါတယ်။

ချစ်တင်းနှီးနှောပြီးနောက် ဆီးသွားခြင်းစတဲ့ သာမန်လုပ်ဆောင်ချက်တစ်ခုက မိမိကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေတာ သိပါသလား။ ပိုပြီး အသေးစိတ်ပြောရရင် ဆီးသွားခြင်းက ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ကူးစက်ရောဂါများ ခုခံကာကွယ်ပေးပါတယ်။

လိင်ဆက်ဆံတဲ့အခါ မျက်စိဖြင့် မမြင်နိုင်တဲ့ ရောဂါပိုးများနဲ့ ဘက်တီးရီးယားပိုးမွှားများက ဆီးလမ်းကြောင်းနဲ့ စအိုမှာ ဝင်ရောက်ပြီး ဆီးလမ်းကြောင်းမှာ စုပြုံလာတတ်ပါတယ်။ ဒါ့ကြောင့် ဆီးအိမ် ကူးစက်ရောဂါ အန္တရာယ် ဖြစ်စေပါတယ်။ ဒါဟာ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ဆီးလမ်းကြောင်းရောဂါ ကူးစက်မှုများထဲမှ တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို မဖြစ်အောင် တားဆီးဖို့ အတွက် လိင်ဆက်ဆံပြီးနောက် ဆီးသွားဖို့ အရေးကြီးကြောင်းကို ကျွမ်းကျင်ပညာရှင်းများက အလေးထား တိုက်တွန်းခဲ့ပါတယ်။

ဒီ့ပြင် အမျိုးသားများနဲ့ မတူဘဲ အမျိုးသမီးများသုတ်လွှတ်ခြင်းက ဆီးလမ်းကြောင်းမှတဆင့် မဟုတ်တာကြောင့် ယင်း အန္တရာယ်ဖြစ်စေတဲ့အရာတွေ ဖယ်ထုတ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဆီးသွားခြင်း ဖြစ်ပါတယ်။ ဒီတော့ ချစ်တင်းနှီးနှောပြီးပြီးချင်း ဒီအချက်ကို မမေ့ဖို့ အကြံပြုထားပါတယ်။ အတူနေပြီး ၄၅ မိနစ်အတွင်း ဆီးသွားနိုင်ရင် ပိုကောင်းပါတယ်။

နောက်ဆုံးမှ ဖော်ပြထားပေမယ့် တန်းတူအရေးကြီးတာက အတူ မနေခင်နဲ့ နေပြီးနောက် တစ်ကိုယ်ရေ သန့်ရှင်းရေး ထိန်းသိမ်းခြင်း ဆီးလမ်းကြောင်း ကူးစက်ရောဂါ တားဆီးဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဆီးအိတ်ယောင်နာဖြစ်တတ်တဲ့ အမျိုးသမီးများအတွက် ဆီးလမ်းကြောင်းကို ရေနဲ့ pH ရှိ ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပေးသင့်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top