iMyanmarHouse.com - Best Property Website for Myanmar
×

 

 
၁။ Peep toes (ေျခေခ်ာင္းထိပ္ေဖာ္တဲ့စတိုင္လ္)
ဒီဖိနပ္မ်ိဳးက ဝတ္စံုအေတာ္မ်ားမ်ားနဲ႔ လိုက္ပါတယ္။ ေပါင္လယ္၊ ဒူးအတိ ဂါဝန္ေလးေတြ စကတ္ေလးေတြနဲ႔ေတာ့ အလိုက္ဖက္ဆံုးပါပဲ။ ထသြားထလာ ဖက္ရွင္ေတြနဲ႔ လိုက္ဖက္ပါတယ္။
 

၂။ Pumps (ေပါ့ပါးတဲ့စတိုင္လ္နဲ႔႐ႈး)
ဒီဖိနပ္ေလးေတြကို ခ်စ္စရာေကာင္းၿပီး ၿမိဳ႕ျပဆန္တဲ့စတိုင္လ္လို႔ ေခၚရပါမယ္။ ဆုိလိုတာက ဘာနဲ႔ဝတ္ဝတ္ ခ်စ္စရာေကာင္းေနတယ္ေပါ့။ Pantsuits လို႔ ေခၚၾကတဲ့ အက်ႌေဘာင္းဘီဝမ္းဆက္ဖက္ရွင္၊ ေအာက္႐ႈးစကတ္၊ ဂါဝန္႐ွည္ေတြနဲ႔ လိုက္ဖက္ပါတယ္။ ေဆာင္းရာသီအတြက္ အသင့္ေလ်ာ္ဆံုးဖိနပ္လည္း ျဖစ္ပါတယ္။
 

၃။ Stilettos (ေဒါက္ပါးရွည္ရွည္ေလးေတြ)
ေတာ္႐ံုနဲ႔ေတာ့ စီးဖုိ႔မလြယ္ပါဘူး။ သူ႔ကိုစီးရင္ ဟန္ခ်က္ထိန္းရတာ ခက္တယ္။ ေျပးလႊားလို႔မရဘူး။ ဒီေတာ့ ပါတီပြဲေတြ၊ အခမ္းအနားေတြလို ပြဲတက္ဖက္ရွင္ေတြနဲ႔ တြဲဝတ္ၾကပါတယ္။
 

၄။ Small Heels (ေဒါက္အနိမ့္)
႐ံုးတက္တဲ့အခါ ေန႔စဥ္စီးဖုိ႔အတြက္ အိုေကတယ္ေလ။ ေဒါက္မစီးခ်င္ဘူးဆုိတဲ့ မမႀကီးေတြနဲ႔ ပိုလိုက္ဖက္တယ္။ သူက ေျခေထာက္ေတြမနာဘူးဆိုေတာ့ အခ်ိန္ၾကာၾကာစီးထားႏိုင္ပါတယ္။
 

၅။ Boots
ေဆာင္းရာသီမွာပဲ boots စီးရမွာလားလို႔ေမးရင္ ႏုိးပါလို႔ပဲ ေျဖလိုက္မယ္ေနာ္။ သူက တကယ့္ကို အမိုက္စားဖက္ရွင္ေတြနဲ႔ တြဲဖက္ရတဲ့ဖိနပ္မ်ိဳးပါ။ စကတ္ဆိုရင္ေတာ့ ဒူးအတိနဲ႔ ေျခမ်က္စိဖံုး စကတ္ေတြနဲ႔မွ လိုက္ဖက္ပါတယ္။ သားေရဂ်က္ကင္၊ ဂ်င္းေဘာင္းဘီရွည္ေတြနဲ႔ဆို လန္ထြက္ေနေအာင္လန္းတယ္။
 

၆။ ဖိနပ္ပါး
ေႏြရာသီနဲ႔ အလိုက္ဖက္ဆံုး ဖိနပ္ေလးေတြလည္း ျဖစ္သလို ေပါ့ပါးမႈအရွိဆံုးလည္း ျဖစ္ပါတယ္။ စီးရတာ သက္ေတာင့္သက္သာရွိတယ္ေလ။ ကိုယ္ႏွစ္သက္ရာ ဖက္ရွင္နဲ႔ တြဲၾကတာပါပဲ။
 

၇။ Ballerinas (ဘဲေလးဖိနပ္)
သူကလည္း စီးရတာ သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္မ်ိဳးပါ။ ထူးျခားခ်က္ကေတာ့ အဝတ္အစားနဲ႔ လိုက္တဲ့အေရာင္ရယ္လို႔ သီးသန္႔ေရြးစရာမလိုဘဲ လိုက္ဖက္ပါတယ္။
 

၈။ Slip On Shoes
ေဘာင္းဘီနဲ႔မွ လိုက္ဖက္ပါတယ္။ ဒါေပမဲ့ ခုေခတ္မွာေတာ့ ဂါဝန္အတို ကားကားေလးေတြနဲ႔လည္း တြဲဖက္ဝတ္ဆင္လာၾကတာ ေတြ႔ရပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ၁။ Peep toes (ခြေချောင်းထိပ်ဖော်တဲ့စတိုင်လ်)

ဒီဖိနပ်မျိုးက ဝတ်စုံအတော်များများနဲ့ လိုက်ပါတယ်။ ပေါင်လယ်၊ ဒူးအတိ ဂါဝန်လေးတွေ စကတ်လေးတွေနဲ့တော့ အလိုက်ဖက်ဆုံးပါပဲ။ ထသွားထလာ ဖက်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်။

၂။ Pumps (ပေါ့ပါးတဲ့စတိုင်လ်နဲ့ရှုး)

ဒီဖိနပ်လေးတွေကို ချစ်စရာကောင်းပြီး မြို့ပြဆန်တဲ့စတိုင်လ်လို့ ခေါ်ရပါမယ်။ ဆိုလိုတာက ဘာနဲ့ဝတ်ဝတ် ချစ်စရာကောင်းနေတယ်ပေါ့။ Pantsuits လို့ ခေါ်ကြတဲ့ အကျႌဘောင်းဘီဝမ်းဆက်ဖက်ရှင်၊ အောက်ရှုးစကတ်၊ ဂါဝန်ရှည်တွေနဲ့ လိုက်ဖက်ပါတယ်။ ဆောင်းရာသီအတွက် အသင့်လျော်ဆုံးဖိနပ်လည်း ဖြစ်ပါတယ်။

၃။ Stilettos (ဒေါက်ပါးရှည်ရှည်လေးတွေ)

တော်ရုံနဲ့တော့ စီးဖို့မလွယ်ပါဘူး။ သူ့ကိုစီးရင် ဟန်ချက်ထိန်းရတာ ခက်တယ်။ ပြေးလွှားလို့မရဘူး။ ဒီတော့ ပါတီပွဲတွေ၊ အခမ်းအနားတွေလို ပွဲတက်ဖက်ရှင်တွေနဲ့ တွဲဝတ်ကြပါတယ်။

၄။ Small Heels (ဒေါက်အနိမ့်)

ရုံးတက်တဲ့အခါ နေ့စဉ်စီးဖို့အတွက် အိုကေတယ်လေ။ ဒေါက်မစီးချင်ဘူးဆိုတဲ့ မမကြီးတွေနဲ့ ပိုလိုက်ဖက်တယ်။ သူက ခြေထောက်တွေမနာဘူးဆိုတော့ အချိန်ကြာကြာစီးထားနိုင်ပါတယ်။

၅။ Boots

ဆောင်းရာသီမှာပဲ boots စီးရမှာလားလို့မေးရင် နိုးပါလို့ပဲ ဖြေလိုက်မယ်နော်။ သူက တကယ့်ကို အမိုက်စားဖက်ရှင်တွေနဲ့ တွဲဖက်ရတဲ့ဖိနပ်မျိုးပါ။ စကတ်ဆိုရင်တော့ ဒူးအတိနဲ့ ခြေမျက်စိဖုံး စကတ်တွေနဲ့မှ လိုက်ဖက်ပါတယ်။ သားရေဂျက်ကင်၊ ဂျင်းဘောင်းဘီရှည်တွေနဲ့ဆို လန်ထွက်နေအောင်လန်းတယ်။

၆။ ဖိနပ်ပါး

နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖိနပ်လေးတွေလည်း ဖြစ်သလို ပေါ့ပါးမှုအရှိဆုံးလည်း ဖြစ်ပါတယ်။ စီးရတာ သက်တောင့်သက်သာရှိတယ်လေ။ ကိုယ်နှစ်သက်ရာ ဖက်ရှင်နဲ့ တွဲကြတာပါပဲ။

၇။ Ballerinas (ဘဲလေးဖိနပ်)

သူကလည်း စီးရတာ သက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုးပါ။ ထူးခြားချက်ကတော့ အဝတ်အစားနဲ့ လိုက်တဲ့အရောင်ရယ်လို့ သီးသန့်ရွေးစရာမလိုဘဲ လိုက်ဖက်ပါတယ်။

၈။ Slip On Shoes

ဘောင်းဘီနဲ့မှ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ ဂါဝန်အတို ကားကားလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်လာကြတာ တွေ့ရပါတယ်။

Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top