iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီ ကုန္သြားတာေတာင္ ေျခဖေနာင့္ေတြ ေျခာက္ေသြ႔အက္ကြဲေနတုန္းပဲလား? ဘာေၾကာင့္မုိ႔လို႔ ဒီလိုျဖစ္ေနရတာလည္းဆုိရင္ ဖိနပ္ကိုပဲ ေျပာရပါလိမ့္မယ္။ ရာသီဥတုကပူေတာ့ ဖိနပ္ပါးေတြပဲ စီးျဖစ္တယ္ေလ။ ေနပူဒဏ္မိ၊ ဖုန္ေတြနဲ႔ကပ္ၿပီး ဖေနာင့္ေတြက ေျခာက္ေသြ႔လာရေတာ့တာပါပဲ။

ေျခာက္ေသြ႔ၿပီး အေရျပားေတြလန္ေနတဲ့ ေျခဖေနာင့္ဟာ လမ္းေလွ်ာက္ေလေလ ပိုဆိုးေလေလပါ။ ေျပးရင္ ပိုေတာင္ဆုိးသြားပါဦးမယ္။ ဘယ္ေလာက္ပဲ ဝတ္စားထားပါေစ ဖေနာင့္ေတြေၾကာင့္ ႐ႈိးပဲ့ရတယ္ေလ။ နာကလည္း နာလိုက္ေသး။ ဆိုး႐ြားလိုက္တဲ့အျဖစ္ မဟုတ္လား။ ဒါကို ဘယ္လိုေျဖရွင္းၾကမလဲ?

ပထမဆံုးအေနနဲ႔ ဖိနပ္ေျပာင္းစီးဖုိ႔ အၾကံေပးပါရေစ။ ဖေနာင့္ကို အုပ္ထားေပးမယ့္ ဖိနပ္ပါးေလးေတြ ႐ွိပါတယ္။ ေနဒဏ္၊ ေလပူဒဏ္၊ ဖုန္ေတြနဲ႔ မထိေအာင္ ထားသင့္ပါတယ္။ သားေရရႈးဖိနပ္ေတြလိုမ်ိဳး ေျခဖေနာင့္ကို ပြတ္တိုက္မႈျဖစ္ေစတဲ့ ဖိနပ္ေတြ စီးတဲ့အခါ ခ်ည္သားေျခအိတ္ပါးေလးေတြကိုလည္း ဝတ္ထားပါ။ ေျခဖဝါးလိမ္းတဲ့ခရင္မ္ေကာင္းေကာင္းေလးေတြ ပံုမွန္လူးေပးရံုနဲ႔ ေျခဖေနာင့္ အက္တာ သက္သာပါတယ္။ Heel Balm လို႔ ေခၚတဲ့ ေျခဖဝါးလိမ္းအဆီေတြဟာ ေျခာက္ေသြ႔အက္ကြဲမႈေတြကို ေပ်ာက္ေစပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဆောင်းရာသီ ကုန်သွားတာတောင် ခြေဖနောင့်တွေ ခြောက်သွေ့အက်ကွဲနေတုန်းပဲလား? ဘာကြောင့်မို့လို့ ဒီလိုဖြစ်နေရတာလည်းဆိုရင် ဖိနပ်ကိုပဲ ပြောရပါလိမ့်မယ်။ ရာသီဥတုကပူတော့ ဖိနပ်ပါးတွေပဲ စီးဖြစ်တယ်လေ။ နေပူဒဏ်မိ၊ ဖုန်တွေနဲ့ကပ်ပြီး ဖနောင့်တွေက ခြောက်သွေ့လာရတော့တာပါပဲ။

ခြောက်သွေ့ပြီး အရေပြားတွေလန်နေတဲ့ ခြေဖနောင့်ဟာ လမ်းလျှောက်လေလေ ပိုဆိုးလေလေပါ။ ပြေးရင် ပိုတောင်ဆိုးသွားပါဦးမယ်။ ဘယ်လောက်ပဲ ဝတ်စားထားပါစေ ဖနောင့်တွေကြောင့် ရှိုးပဲ့ရတယ်လေ။ နာကလည်း နာလိုက်သေး။ ဆိုးရွားလိုက်တဲ့အဖြစ် မဟုတ်လား။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ?


ပထမဆုံးအနေနဲ့ ဖိနပ်ပြောင်းစီးဖို့ အကြံပေးပါရစေ။ ဖနောင့်ကို အုပ်ထားပေးမယ့် ဖိနပ်ပါးလေးတွေ ရှိပါတယ်။ နေဒဏ်၊ လေပူဒဏ်၊ ဖုန်တွေနဲ့ မထိအောင် ထားသင့်ပါတယ်။ သားရေရှုးဖိနပ်တွေလိုမျိုး ခြေဖနောင့်ကို ပွတ်တိုက်မှုဖြစ်စေတဲ့ ဖိနပ်တွေ စီးတဲ့အခါ ချည်သားခြေအိတ်ပါးလေးတွေကိုလည်း ဝတ်ထားပါ။ ခြေဖဝါးလိမ်းတဲ့ခရင်မ်ကောင်းကောင်းလေးတွေ ပုံမှန်လူးပေးရုံနဲ့ ခြေဖနောင့် အက်တာ သက်သာပါတယ်။ Heel Balm လို့ ခေါ်တဲ့ ခြေဖဝါးလိမ်းအဆီတွေဟာ ခြောက်သွေ့အက်ကွဲမှုတွေကို ပျောက်စေပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top