iMyanmarHouse.com - Best Property Website for Myanmar
×

ႏွလံုးေရာဂါဟာ တကယ္ကို ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္မ်ိဳးပါ။ မျဖစ္ခင္ကတည္းက ကိုယ့္ဘက္က ႀကိဳတင္ကာကြယ္ထားႏိုင္ဖုိ႔အတြက္ သိထားရမယ့္ အခ်က္ကေလးေတြ ေျပာျပေပးခ်င္ပါတယ္။ အသက္ (၂၀)၀န္းက်င္ကတည္းက ႏွလံုးေရာဂါနဲ႔ ပတ္သက္တာ ဘာတစ္ခုမွ မခံစားရေစဖုိ႔ ဒီအခ်က္ေလးေတြ သိထားရမွာပါ။

၁။ေဆးလိပ္မေသာက္ပါနဲ႔။

လူမႈဆက္ဆံေရးပုိင္းနဲ႔ ပတ္သက္လို႔ လိုအပ္တဲ့အတြက္ ေသာက္တာမ်ိဳးေတာင္ မျဖစ္သင့္ပါဘူး။ ေဆးလိပ္ဟာ ေသြးတိုးေစတဲ့အျပင္ ႏွလံုးနဲ႔ ေသြးေၾကာေတြကို ပ်က္စီးေစတာ အားလံုးအသိပါ။

၂။အ၀မလြန္ေစဖုိ႔ ထိန္းသိမ္းပါ။

အ၀လြန္ၿပီဆိုတာနဲ႔ ကိုလက္စထေရာေတြ ျမင့္တက္ေနၿပီ၊ ဂလူးကို႔စ္ေတြျမင့္ေနၿပီ၊ ေသြးေပါင္ခ်ိန္တိုးေနၿပီဆိုတာ ေျပာစရာမလိုေတာ့ပါဘူး။ မ၀မလြန္ေအာင္ ထိန္းသိမ္းပါ။

၃။ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အစားအေသာက္ကို ေရြးခ်ယ္တတ္ပါေစ။

လူေတြဟာ အသက္ ၄၅၀န္းက်င္ေလာက္မွသာ ပရိုတင္းဓာတ္ၾကြယ္၀တဲ့အစားအေသာက္ေတြ၊ အသီးအႏွံေတြကို စားေပးသင့္တယ္ဆိုတာမ်ိဳးေတြကို စိတ္၀င္စားလာတတ္ၾကပါတယ္။ အမွန္ေတာ့ အသက္အရြယ္ ငယ္ငယ္ကတည္းက က်န္းမာေရးအတြက္၊ ခႏၶာကိုယ္အတြက္ စားေပးသင့္တဲ့အရာေတြကို သိထားရမွာပါ။

၄။တစ္ေန႔မွာ ေခၽြးနည္းနည္းေတာ့ ထြက္ပါေစ။

ခႏၶာကိုယ္မွာ ႏွလံုးခုန္အားျမန္မယ္ဆုိရင္ ေသြးေပါင္ခ်ိန္တက္တာမ်ိဳး မျဖစ္ေတာ့ပဲ ကိုလက္စထေရာလည္း နည္းေစမွာပါ။ ဒီလိုျဖစ္ဖုိ႔ ေခၽြးနည္းနည္းထြက္တဲ့ လႈပ္ရွားမႈတစ္ခုခု လုပ္ေပးပါ။ ကတာပဲျဖစ္ျဖစ္၊ ခုန္တဲ့ ေလ့က်င့္ခန္းမ်ိဳးျဖစ္ျဖစ္၊ ၀ါသနာပါတဲ့ ေလ့က်င့္ခန္းတစ္ခုခု လုပ္ေပးပါ။

၅။သၾကားဓာတ္ပါ၀င္အားမ်ားတဲ့ အစားအေသာက္ေတြကို ေလွ်ာ့ပါ။

လူကို ကယ္လိုရီတိုးေစမယ့္ အစားအေသာက္ေတြကို ေရွာင္ၾကဥ္ႏိုင္မယ္ဆုိရင္ ႏွလံုးေရာဂါျဖစ္ပြားနႈန္းေလ်ာ့က်သြားပါလိမ့္မယ္။

၆။ဘယ္လိုအခ်ိန္ နာမက်န္းျဖစ္တတ္သလဲဆိုတာ သိထားရပါမယ္။

ကိုယ္ခံအားနည္းလို႔ပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ အလုုပ္ပင္ပန္းတဲ့ ေန႔မ်ိဳးမွာပဲျဖစ္ျဖစ္ ဘယ္လိုအခ်ိန္မ်ိဳးေတြမွာ နာမက်န္းျဖစ္တတ္သလဲဆိုတာ ကိုယ့္အေျခအေနကိုယ္သိရပါမယ္။ ဘယ္လိုအခ်ိန္ေတြမွာ ကိုယ္လက္ကိုက္ခဲတာမ်ိဳးေတြ ျဖစ္တတ္သလဲဆိုတာ သိထားၿပီး မူမမွန္သလို ခံစားရတာနဲ႔ ဆရာ၀န္ဆီသြားျပေဆြးေႏြးၾကည့္ဖုိ႔ လိုကိုလိုအပ္ပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နှလုံးရောဂါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးပါ။ မဖြစ်ခင်ကတည်းက ကိုယ့်ဘက်က ကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် သိထားရမယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။ အသက် (၂၀)ဝန်းကျင်ကတည်းက နှလုံးရောဂါနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မခံစားရစေဖို့ ဒီအချက်လေးတွေ သိထားရမှာပါ။

၁။ဆေးလိပ်မသောက်ပါနဲ့။

လူမှုဆက်ဆံရေးပိုင်းနဲ့ ပတ်သက်လို့ လိုအပ်တဲ့အတွက် သောက်တာမျိုးတောင် မဖြစ်သင့်ပါဘူး။ ဆေးလိပ်ဟာ သွေးတိုးစေတဲ့အပြင် နှလုံးနဲ့ သွေးကြောတွေကို ပျက်စီးစေတာ အားလုံးအသိပါ။

၂။အဝမလွန်စေဖို့ ထိန်းသိမ်းပါ။

အဝလွန်ပြီဆိုတာနဲ့ ကိုလက်စထရောတွေ မြင့်တက်နေပြီ၊ ဂလူးကို့စ်တွေမြင့်နေပြီ၊ သွေးပေါင်ချိန်တိုးနေပြီဆိုတာ ပြောစရာမလိုတော့ပါဘူး။ မဝမလွန်အောင် ထိန်းသိမ်းပါ။

၃။ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစားအသောက်ကို ရွေးချယ်တတ်ပါစေ။

လူတွေဟာ အသက် ၄၅၀န်းကျင်လောက်မှသာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေ၊ အသီးအနှံတွေကို စားပေးသင့်တယ်ဆိုတာမျိုးတွေကို စိတ်ဝင်စားလာတတ်ကြပါတယ်။ အမှန်တော့ အသက်အရွယ် ငယ်ငယ်ကတည်းက ကျန်းမာရေးအတွက်၊ ခန္ဓာကိုယ်အတွက် စားပေးသင့်တဲ့အရာတွေကို သိထားရမှာပါ။

၄။တစ်နေ့မှာ ချွေးနည်းနည်းတော့ ထွက်ပါစေ။

ခန္ဓာကိုယ်မှာ နှလုံးခုန်အားမြန်မယ်ဆိုရင် သွေးပေါင်ချိန်တက်တာမျိုး မဖြစ်တော့ပဲ ကိုလက်စထရောလည်း နည်းစေမှာပါ။ ဒီလိုဖြစ်ဖို့ ချွေးနည်းနည်းထွက်တဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။ ကတာပဲဖြစ်ဖြစ်၊ ခုန်တဲ့ လေ့ကျင့်ခန်းမျိုးဖြစ်ဖြစ်၊ ဝါသနာပါတဲ့ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ။

၅။သကြားဓာတ်ပါဝင်အားများတဲ့ အစားအသောက်တွေကို လျှော့ပါ။

လူကို ကယ်လိုရီတိုးစေမယ့် အစားအသောက်တွေကို ရှောင်ကြဉ်နိုင်မယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနှုန်းလျော့ကျသွားပါလိမ့်မယ်။

၆။ဘယ်လိုအချိန် နာမကျန်းဖြစ်တတ်သလဲဆိုတာ သိထားရပါမယ်။

ကိုယ်ခံအားနည်းလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အလုုပ်ပင်ပန်းတဲ့ နေ့မျိုးမှာပဲဖြစ်ဖြစ် ဘယ်လိုအချိန်မျိုးတွေမှာ နာမကျန်းဖြစ်တတ်သလဲဆိုတာ ကိုယ့်အခြေအနေကိုယ်သိရပါမယ်။ ဘယ်လိုအချိန်တွေမှာ ကိုယ်လက်ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်သလဲဆိုတာ သိထားပြီး မူမမှန်သလို ခံစားရတာနဲ့ ဆရာဝန်ဆီသွားပြဆွေးနွေးကြည့်ဖို့ လိုကိုလိုအပ်ပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top