iMyanmarHouse.com - Best Property Website for Myanmar
×
Credit:trend myanmar
#Unicode Version
Google Chrome ရဲ့ incognito mode မှ အပြာဇာတ်ကားတွေကို စိတ်ကြိုက်လှန်လှောရှာဖွေကြည့်ရှုနိုင်ပြီး သင့်ဖုန်း သို့မဟုတ် လက်တော့ပ်ကွန်ပျူတာမှာ ဘာအထောက်အထားသက်သေတစ်ခုမှ သိမ်းထားပေးမှာ မဟုတ်ပါဘူး။ ပြီးတော့ Google နောက်ကွယ်က မှတ်ဉာဏ်ကြီးက မိမိရဲ့ဒီလုပ်ဆောင်ချက်တွေကို ကောင်းစွာသိနေကြောင်း ပေါ်ထွက်လာပါတယ်။
Incognito windows အခု ၁၀၀ နှိပ်ဖွင့်လိုက်ပြီဆိုတာနဲ့ မျက်နှာပြုံးပြုံး J သို့မဟုတ် မျက်စိတစ်ဖက်မှိတ်ပုံလေး ;) ပေါ်လာပါတယ်။  ညာဘက်အပေါ်ထောင့်က ပုံမှန် tab counter အစား မရိုမသေမျက်နှာတစ်ခုကို user တွေ မြင်တွေ့ရမှာ ဖြစ်တယ်။  Android စက်တွေမှာ မျက်စိတစ်ဖက်မှိတ်မျက်နှာ - ;) - ပေါ်ပြီး iOS သုံးသူတွေကျတော့ ပြုံးနေတဲ့မျက်နှာပုံ J တွေ့မြင်ရမှာပါ။
Google အနေဖြင့် Incognito windows သုံးစွဲသူတွေကို နှောက်ပြောင်နေတယ်လို့ ယူဆရပေမယ့် ဘာကြောင့် ဒီမျက်နှာတွေပေါ်လာလဲဆိုတာ ရှင်းလင်းစွာမသိရပါတယ်။ "App ကို tab အရေအတွက် ၂ခုကျော်ထားဖို့ ဖန်တီးထားခြင်းမဟုတ်တော့ ကိန်းဂဏန်း ၃ ခုဖော်ပြမယ့်အစား မျက်နှာပုံအသုံးပြုတာ ဖြစ်နိုင်တယ်" လို့ Mashable ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါဟာ Google Chrome မှာ Easter Eggs လို့သိရတဲ့ မြုပ်လုပ်ထားတဲ့ feature များစွာထဲက တစ်ခုသာဖြစ်ပါတယ်။
ဥပမာ - မိမိ browser မှာ 'google in 1998' လို့ ရှာလိုက်ရင် search engine ရဲ့ မူလဗားရှင်းဆီ ပြန်ရောက်သွားပါလိမ့်မယ်။ နောက်ထပ်ပျော်စရာလျို့ဝှက်နည်းလမ်းတစ်ခုက ပေ့ချ် loading ဖြစ်နေစဉ် ဂိမ်းတစ်ခု ကစားနိုင်ခြင်းပါ။ Spacebar ခေါက်လိုက်၊ ဒိုင်နိုဆောတစ်ကောင် ထွက်လာပါလိမ့်မယ်။ နောက် အတားအဆီးတွေကို spacebar ဖြင့် ရှောင်တိမ်းနိုင်ပါတယ်။  Google Chrome မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ feature တပုံကြီးရှိပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top