iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာၿပီး သန္စြမ္းေတာက္ေျပာင္တဲ့ ဆံေကသာတစ္ခုအတြက္ ဆံေကသာကို ဂရုတစိုက္ထိန္းသိမ္ဖို႔လည္းလိုပါတယ္။

ေႏြရာသီမွာဆိုရင္ ဆံသားအဆီျပန္တာျမန္သလို ဆံသားေျခာက္ေသြ႕တာလည္းလြယ္ကူပါတယ္။ ပူပူအိုက္အိုက္နဲ႔ ဒီေႏြရာသီမွာ ဆံသားကို ဘယ္လိုထိန္းသိမ္းၾကမလဲဆိုတာ မွ်ေ၀လိုက္ပါတယ္။

သဘာ၀ဆံပင္ေပါင္းေဆး

သဘာ၀ဆီေတြနဲ႔ ဆံပင္ေပါင္းေပးတာဟာ ဆံသားေျခာက္ေသြ႕တာကို သက္သာေစၿပီး ဆံသားကို ေတာက္ေျပာင္ေစပါတယ္။ အဲဒီအတြက္ အုန္းဆီကို အသံုးျပဳလို႔ရပါတယ္။ အုန္းဆီဟာ ဆံသားအတြင္း ပရိုတင္းဓါတ္ဆံုးရံႈးမႈကို ကာကြယ္ေပးႏိုင္တဲ့အျပင္ ဆံပင္ကၽြတ္တာ ေဗာက္ထတာနဲ႔ ဆံသားပ်က္ဆီးတာကို ကာကြယ္ေပးႏိုင္ပါတယ္။

သံလြင္ဆီကလည္း ဆံေကသာအတြက္ အရမ္းကိုေကာင္းမြန္ပါတယ္။ ဒီဆီ ၂ မ်ိဳးကိုေရာၿပီး ေသခ်ာေမႊပါ။ ဦးေရျပားနဲ႔ ဆံေကသာေပၚမွာ လိမ္းေပးၿပီး မိနစ္ ၃၀ ေလာက္ထားပါ။ ၿပီးမွ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ပါ။

ဆံဖ်ားႏွစ္ခြျဖစ္တာေတြအတြက္ သေဘၤာသီး

ဆံဖ်ားႏွစ္ခြျဖစ္တာက အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ႀကံဳေတြ႔ေနရတဲ့ ျပႆနာတစ္ခုပါ။ အဲဒီအတြက္ သေဘၤာသီးက ကူညီေပးမွာပါ။

သေဘၤာသီးမွည့္ တစ္ျခမ္း၊ သံလြင္ဆီ ခြက္ ၁/၄ ပံု၊ ပ်ားရည္ စားပြဲတင္ဇြန္း တစ္၀က္။ ပါ၀င္ပစၥည္းအားလံုးကိုေသခ်ာေရာၿပီး ေမႊလိုက္ပါ။

ၿပီးရင္ ဆံေကသာေပၚမွာ ႏွံ႔ေအာင္လိမ္းေပးၿပီး ၁ နာရီ ၂ နာရီေလာ္ကထားပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေလွ်ာ္ခ်ပါ။

ေျခာက္ေသြ႔ပ်က္ဆီးတဲ့ဆံသားေတြအတြက္ ပရိုတင္းဓါတ္နဲ႔ ေပါင္းမယ္

ပါ၀င္ပစၥည္းမ်ားမ်ားစားစားမလိုပါဘူး။ ၾကက္ဥ ကိုအသံံုးျပဳရမွာပါ။ ၾကက္ဥဟာ ဆံသားပ်က္ဆီးတာကို ျပဳျပင္ေပးႏိုင္ၿပီး၊ ဆံပင္ကၽြတ္တာကို သက္သာေစပါတယ္။ ေျခာက္ေသြ႕တဲ့ဆံသားကိုလည္း ျပန္ၿပီးေတာက္ေျပာင္ စိုေျပေစပါတယ္။

ဆံပင္အတိုအရွည္ေပၚ မူတည္ၿပီး ၾကက္ဥ ၁ လံုး (သို႔) ၂ လံုးကိုခြဲၿပီး ေသခ်ာေမႊပါ။ ၿပီးရင္ ဆံေကသာေပၚမွာ ေသခ်ာႏွံ႔စပ္ေအာင္လိမ္းေပးၿပီးရင္ Shower cap ေစာင္းၿပီး မိနစ္ ၂၀ – ၃၀ ခန္႔ထားပါ။ ၿပီးမွ ေခါင္းေလွ်ာ္ခ်ပါ။

မွတ္ခ်က္ – ၾကက္ဥအစား ဒိန္ခ်ဥ္နဲ႔ ေပါင္းတင္ခ်င္လည္းရပါတယ္။
Credit:mystyle myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျန်းမာပြီး သန်စွမ်းတောက်ပြောင်တဲ့ ဆံကေသာတစ်ခုအတွက် ဆံကေသာကို ဂရုတစိုက်ထိန်းသိမ်ဖို့လည်းလိုပါတယ်။

နွေရာသီမှာဆိုရင် ဆံသားအဆီပြန်တာမြန်သလို ဆံသားခြောက်သွေ့တာလည်းလွယ်ကူပါတယ်။ ပူပူအိုက်အိုက်နဲ့ ဒီနွေရာသီမှာ ဆံသားကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ မျှဝေလိုက်ပါတယ်။

သဘာဝဆံပင်ပေါင်းဆေး

သဘာဝဆီတွေနဲ့ ဆံပင်ပေါင်းပေးတာဟာ ဆံသားခြောက်သွေ့တာကို သက်သာစေပြီး ဆံသားကို တောက်ပြောင်စေပါတယ်။ အဲဒီအတွက် အုန်းဆီကို အသုံးပြုလို့ရပါတယ်။ အုန်းဆီဟာ ဆံသားအတွင်း ပရိုတင်းဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆံပင်ကျွတ်တာ ဗောက်ထတာနဲ့ ဆံသားပျက်ဆီးတာကို ကာကွယ်ပေးနိုင်ပါတယ်။

သံလွင်ဆီကလည်း ဆံကေသာအတွက် အရမ်းကိုကောင်းမွန်ပါတယ်။ ဒီဆီ ၂ မျိုးကိုရောပြီး သေချာမွှေပါ။ ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။

ဆံဖျားနှစ်ခွဖြစ်တာတွေအတွက် သင်္ဘောသီး

ဆံဖျားနှစ်ခွဖြစ်တာက အမျိုးသမီးတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ အဲဒီအတွက် သင်္ဘောသီးက ကူညီပေးမှာပါ။

သင်္ဘောသီးမှည့် တစ်ခြမ်း၊ သံလွင်ဆီ ခွက် ၁/၄ ပုံ၊ ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်။ ပါဝင်ပစ္စည်းအားလုံးကိုသေချာရောပြီး မွှေလိုက်ပါ။

ပြီးရင် ဆံကေသာပေါ်မှာ နှံ့အောင်လိမ်းပေးပြီး ၁ နာရီ ၂ နာရီလော်ကထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။

ခြောက်သွေ့ပျက်ဆီးတဲ့ဆံသားတွေအတွက် ပရိုတင်းဓါတ်နဲ့ ပေါင်းမယ်

ပါဝင်ပစ္စည်းများများစားစားမလိုပါဘူး။ ကြက်ဥ ကိုအသံုံးပြုရမှာပါ။ ကြက်ဥဟာ ဆံသားပျက်ဆီးတာကို ပြုပြင်ပေးနိုင်ပြီး၊ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ခြောက်သွေ့တဲ့ဆံသားကိုလည်း ပြန်ပြီးတောက်ပြောင် စိုပြေစေပါတယ်။

ဆံပင်အတိုအရှည်ပေါ် မူတည်ပြီး ကြက်ဥ ၁ လုံး (သို့) ၂ လုံးကိုခွဲပြီး သေချာမွှေပါ။ ပြီးရင် ဆံကေသာပေါ်မှာ သေချာနှံ့စပ်အောင်လိမ်းပေးပြီးရင် Shower cap စောင်းပြီး မိနစ် ၂၀ – ၃၀ ခန့်ထားပါ။ ပြီးမှ ခေါင်းလျှော်ချပါ။

မှတ်ချက် – ကြက်ဥအစား ဒိန်ချဉ်နဲ့ ပေါင်းတင်ချင်လည်းရပါတယ်။

Credit:mystyle myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top