iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူက ကိုယ့္ကို ထားခဲ့ၿပီလား။ ဒါဆိုရင္ ဇာတ္လမ္းတစ္ပုဒ္ ၿပီးဆံုးသြားၿပီ။ ပံုျပင္တစ္ပုဒ္ ၿပီးဆံုးသြားၿပီလို႔သာ သတ္မွတ္လိုက္ပါ။

အဆိပ္ရွိတဲ့ ဆက္ဆံေရးတစ္ခုကို ျပန္ၿပီးအစျပဳဖို႔ ႀကိဳးစားရင္လည္း အထံုးရွိတဲ့ ႀကိဳးေလး အျမင္မတင့္တယ္သလိုပဲ ဆက္ဆံေရးမွာ အဖုအထစ္ေတြ ရွိေနမွာပါ။

ဒီေတာ့ ကိုယ့္ကို မခ်စ္ေတာ့တဲ့သူကို ျပန္လက္တြဲဖို႔ မစဥ္းစားဘဲ ေ၀ဒနာသက္သာေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာ မွ်ေ၀ခ်င္ပါတယ္။

၁။ ငိုပါ။

အရာအားလံုး ၿပီးသြားပါၿပီ။ ခ်စ္ခဲ့တာပဲ။ ငိုေၾကြးလိုက္ပါ။ အခ်ိန္ေပးၿပီး ငိုေၾကြးလိုက္ပါ။ စိတ္ရွိလက္ရွိသာငိုခ်လိုက္ပါ။

၂။ သူ ေလာကႀကီးမွာ မရွိေတာ့သလို ေနပါ။

အရာအားလံုး ဘာမွမရွိခဲ့ဘူး ဘာမွမျဖစ္ပ်က္ခဲ့ဖူးသလို ေနလို႔ေတာ့မရပါဘူး။ ဒါေပမဲ့ သူ ေလာကႀကီးမွာ မရွိေတာ့သလို သေဘာထားလိုက္ပါ။ Facebook, Instagram or twitter စတာေတြကေန သူ႔ Account ကို Block ပါ။ ဖုန္းနံပါတ္အားလံုးကို ဖ်က္လိုက္ပါ။ ဖုန္းနံပါတ္အစိမ္းဆို မကိုင္ပါနဲ႔။

၃။ ရည္းစားေဟာင္းကို သူငယ္ခ်င္းျဖစ္ဖို႔ မႀကိဳးစားပါနဲ႔။

ျပတ္သြားၿပီျဖစ္တဲ့ ရည္စားေဟာင္းတစ္ဦးနဲ႔ ဘယ္လိုမွ သူငယ္ခ်င္းျပန္မျဖစ္ႏိုင္ပါဘူး။ ခ်စ္ခဲ့ၾကဖူးတယ္ေလ။ ဘယ္လိုျပန္ၿပီးျဖဴျဖဴစင္စင္ သူငယ္ခ်င္း ျပန္ျဖစ္လို႔ ရမွာလဲ။ မိတ္ေဆြျပန္ဖြဲ႔လို႔ရႏိုင္မွာလဲ။ တစ္ခ်ိဳ႕စံုတြဲေတြ ျပန္သြားၿပီး သူငယ္ခ်င္း ျပန္ျဖစ္တာ ရွိၾကပါတယ္။ ဒါေပမဲ့ ရည္းစားေဟာင္းတစ္ေယာက္ကို မိတ္ေဆြျပန္ဖြဲ႔တယ္ဆိုတာ မလိုအပ္တဲ့ အပိုအလုပ္တစ္ခုပါပဲ။

၄။ စာရင္းဇယားလုပ္ပါ။

သင္နဲ႔ သူခ်စ္သူျဖစ္ခဲ့စဥ္က သင့္အေပၚမွာ သူလုပ္ခဲ့တဲ့ မေကာင္းတာမွန္သမွ်ကို စာရင္းျပဳ ေရးထားပါ။ သင္ေမ့ခ်င္တဲ့ အမွတ္တရေတြ အားလံုးကို ေရးခ်ပါ။ အဲဒီစာေတြအားလံုးကို ဖတ္ပါ။ လက္ေတြ႔ကို စဥ္းစားပါ။

၅။ သင္ယံုၾကည္စိတ္ခ်ရတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းပါ။

မိတ္ေဆြသူငယ္ခ်င္း မိသားစု၀င္ေတြကို အခ်ိန္ေပးပါ။ သင့္ရဲ့ စိတ္ခံစားခ်က္ေတြအားလံုးကို ရင္ဖြင့္ပါ။ ေပါ့သြားပါလိမ့္မယ္။

၆။ ေလ့က်င့္ခန္း လုပ္ပါ၊ ေစ်း၀ယ္ထြက္ပါ။

မေကာင္းတဲ့ စိတ္ခစားခ်က္ေတြ အားလံုးကို ညွစ္ထုတ္ ေဆးေၾကာလိုက္ဖို႔အတြက္ ေလ့က်င့္ခန္းလုပ္ေပးပါ။ သူငယ္ခ်င္းေတြနဲ႔အတူ ေစ်း၀ယ္ထြက္ပါ။

၇။ လူမႈေရး ပြဲေတြ သြားပါ။

ပါတီပြဲေတြ အထမ္းအမွတ္ပြဲေတြသြားပါ။ Cocktails ေသာက္ပါ။ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူတူ ကပါ။ အၿပံဳးေတြဖလွယ္ပါ။ မိတ္ေဆြသစ္ဖြဲ႔ပါ။ အိမ္မွာပဲ တစ္ေယာက္တည္းမေနပါနဲ႔။

၈။ ေနာက္ထပ္ခ်စ္ဖို႔ အသင့္ျဖစ္ေနပါေစ။

ခ်စ္သူရည္းစားေတြ ထဲလဲတြဲေနဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ သူ႔ကိုပဲ တမ္းတမ္းဆြဲ သတိရေနဖို႔မလိုဘူးလို႔ ေျပာခ်င္တာပါ။ သင္ဟာ ေနာက္တစ္ေယာက္ကိုခ်စ္ဖို႔ ၊ အခ်စ္ခံရဖို႔ ထိုက္တန္ပါတယ္။ အခ်စ္က ကိုယ့္ေရွ႕ေရာက္လာတဲ့အခါ ခ်စ္ဖို႔ အသင့္ျဖစ္ေနပါေစ။

၉။ အိပ္ပါ။

သင့္ကို အိပ္ေမာက်ေစမဲ့ ဂီတ

အိပ္ေရး၀၀အိပ္တာက စိတ္ကို ရႊင္လန္းတက္ၾကြေစပါတယ္။ အိပ္ေရး၀၀အိပ္ပါ။

၁၀။ အၿမဲတမ္းေပ်ာ္ေပ်ာ္ေနပါ။

သင့္ကို ေပ်ာ္ရႊင္ေစတဲ့ သင့္အတြက္တန္ဖိုးမျဖတ္ႏိုင္တဲ့ မိတ္ေဆြေတြ မိသားစု၀င္ေတြရွိေနပါေသးတယ္။ သင့္ကိုခ်စ္ေနတဲ့သူေတြ အမ်ားႀကီးရွိေနပါေသးတယ္။ အဲဒီအတြက္ ေပ်ာ္ေပ်ာ္ေနလိုက္ပါ။

အခ်စ္စစ္ကိုေတြ႔ဖို႔ သင္ဟာထိုက္တန္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

Credit:mystyle myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode version
ချစ်သူက ကိုယ့်ကို ထားခဲ့ပြီလား။ ဒါဆိုရင် ဇာတ်လမ်းတစ်ပုဒ် ပြီးဆုံးသွားပြီ။ ပုံပြင်တစ်ပုဒ် ပြီးဆုံးသွားပြီလို့သာ သတ်မှတ်လိုက်ပါ။

အဆိပ်ရှိတဲ့ ဆက်ဆံရေးတစ်ခုကို ပြန်ပြီးအစပြုဖို့ ကြိုးစားရင်လည်း အထုံးရှိတဲ့ ကြိုးလေး အမြင်မတင့်တယ်သလိုပဲ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိနေမှာပါ။

ဒီတော့ ကိုယ့်ကို မချစ်တော့တဲ့သူကို ပြန်လက်တွဲဖို့ မစဉ်းစားဘဲ ဝေဒနာသက်သာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မျှဝေချင်ပါတယ်။

၁။ ငိုပါ။

အရာအားလုံး ပြီးသွားပါပြီ။ ချစ်ခဲ့တာပဲ။ ငိုကြွေးလိုက်ပါ။ အချိန်ပေးပြီး ငိုကြွေးလိုက်ပါ။ စိတ်ရှိလက်ရှိသာငိုချလိုက်ပါ။

၂။ သူ လောကကြီးမှာ မရှိတော့သလို နေပါ။

အရာအားလုံး ဘာမှမရှိခဲ့ဘူး ဘာမှမဖြစ်ပျက်ခဲ့ဖူးသလို နေလို့တော့မရပါဘူး။ ဒါပေမဲ့ သူ လောကကြီးမှာ မရှိတော့သလို သဘောထားလိုက်ပါ။ Facebook, Instagram or twitter စတာတွေကနေ သူ့ Account ကို Block ပါ။ ဖုန်းနံပါတ်အားလုံးကို ဖျက်လိုက်ပါ။ ဖုန်းနံပါတ်အစိမ်းဆို မကိုင်ပါနဲ့။

၃။ ရည်းစားဟောင်းကို သူငယ်ချင်းဖြစ်ဖို့ မကြိုးစားပါနဲ့။

ပြတ်သွားပြီဖြစ်တဲ့ ရည်စားဟောင်းတစ်ဦးနဲ့ ဘယ်လိုမှ သူငယ်ချင်းပြန်မဖြစ်နိုင်ပါဘူး။ ချစ်ခဲ့ကြဖူးတယ်လေ။ ဘယ်လိုပြန်ပြီးဖြူဖြူစင်စင် သူငယ်ချင်း ပြန်ဖြစ်လို့ ရမှာလဲ။ မိတ်ဆွေပြန်ဖွဲ့လို့ရနိုင်မှာလဲ။ တစ်ချို့စုံတွဲတွေ ပြန်သွားပြီး သူငယ်ချင်း ပြန်ဖြစ်တာ ရှိကြပါတယ်။ ဒါပေမဲ့ ရည်းစားဟောင်းတစ်ယောက်ကို မိတ်ဆွေပြန်ဖွဲ့တယ်ဆိုတာ မလိုအပ်တဲ့ အပိုအလုပ်တစ်ခုပါပဲ။

၄။ စာရင်းဇယားလုပ်ပါ။

သင်နဲ့ သူချစ်သူဖြစ်ခဲ့စဉ်က သင့်အပေါ်မှာ သူလုပ်ခဲ့တဲ့ မကောင်းတာမှန်သမျှကို စာရင်းပြု ရေးထားပါ။ သင်မေ့ချင်တဲ့ အမှတ်တရတွေ အားလုံးကို ရေးချပါ။ အဲဒီစာတွေအားလုံးကို ဖတ်ပါ။ လက်တွေ့ကို စဉ်းစားပါ။

၅။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ။

မိတ်ဆွေသူငယ်ချင်း မိသားစုဝင်တွေကို အချိန်ပေးပါ။ သင့်ရဲ့ စိတ်ခံစားချက်တွေအားလုံးကို ရင်ဖွင့်ပါ။ ပေါ့သွားပါလိမ့်မယ်။

၆။ လေ့ကျင့်ခန်း လုပ်ပါ၊ ဈေးဝယ်ထွက်ပါ။

မကောင်းတဲ့ စိတ်ခစားချက်တွေ အားလုံးကို ညှစ်ထုတ် ဆေးကြောလိုက်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးပါ။ သူငယ်ချင်းတွေနဲ့အတူ ဈေးဝယ်ထွက်ပါ။

၇။ လူမှုရေး ပွဲတွေ သွားပါ။

ပါတီပွဲတွေ အထမ်းအမှတ်ပွဲတွေသွားပါ။ Cocktails သောက်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ ကပါ။ အပြုံးတွေဖလှယ်ပါ။ မိတ်ဆွေသစ်ဖွဲ့ပါ။ အိမ်မှာပဲ တစ်ယောက်တည်းမနေပါနဲ့။

၈။ နောက်ထပ်ချစ်ဖို့ အသင့်ဖြစ်နေပါစေ။

ချစ်သူရည်းစားတွေ ထဲလဲတွဲနေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သူ့ကိုပဲ တမ်းတမ်းဆွဲ သတိရနေဖို့မလိုဘူးလို့ ပြောချင်တာပါ။ သင်ဟာ နောက်တစ်ယောက်ကိုချစ်ဖို့ ၊ အချစ်ခံရဖို့ ထိုက်တန်ပါတယ်။ အချစ်က ကိုယ့်ရှေ့ရောက်လာတဲ့အခါ ချစ်ဖို့ အသင့်ဖြစ်နေပါစေ။

၉။ အိပ်ပါ။

သင့်ကို အိပ်မောကျစေမဲ့ ဂီတ

အိပ်ရေး၀၀အိပ်တာက စိတ်ကို ရွှင်လန်းတက်ကြွစေပါတယ်။ အိပ်ရေး၀၀အိပ်ပါ။

၁၀။ အမြဲတမ်းပျော်ပျော်နေပါ။

သင့်ကို ပျော်ရွှင်စေတဲ့ သင့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ မိတ်ဆွေတွေ မိသားစုဝင်တွေရှိနေပါသေးတယ်။ သင့်ကိုချစ်နေတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ အဲဒီအတွက် ပျော်ပျော်နေလိုက်ပါ။

အချစ်စစ်ကိုတွေ့ဖို့ သင်ဟာထိုက်တန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Credit:mystyle myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top