iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာတစ္ဝန္း႐ွိ လူေသဆံုးမႈျဖစ္စဥ္ ၁၀ ခုတုိင္းမွာ ၁ ခုက ေဆးလိပ္ေၾကာင့္ ျဖစ္ပြားရတာျဖစ္တယ္လို႔ ပညာရွင္ေတြရဲ႕ တြက္ခ်က္မႈအသစ္မ်ားအရ သိရပါတယ္။ ဒါဟာ ႏွစ္စဥ္ ေဆးလိပ္ေၾကာင့္လူေသဆံုးမႈ ၆.၄ သန္း နဲ႔ ညီမွ်ေနတဲ့ သေဘာပါပဲ။

ဒီခန္႔မွန္းတြက္ခ်က္မႈအတြက္ အခ်က္အလက္ေတြကို အၾကမ္းဖက္မႈျဖစ္ပြားေလ့ရွိတဲ့ႏိုင္ငံေတြနဲ႔ ေဆးလိပ္ေသာက္သံုးမႈမ်ားျပားတဲ့ႏိုင္ငံ စုစုေပါင္း ၁၉၅ ႏိုင္ငံရဲ႕ ၁၉၉၀ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္ၾကား ေသဆံုးမႈေတြကို ေျခရာခံခဲ့ရပါတယ္။ အခ်က္အလက္ေတြအရ ေဆးလိပ္ေသာက္သံုးျခင္းေၾကာင့္ လူေသဆံုးမႈနဲ႔ မသန္မစြမ္းျဖစ္သြားႏိုင္ေျခ မ်ားစြာျမင့္မားေနတာကို ေတြ႔ခဲ့ရပါတယ္။

၂၀၁၅ ခုႏွစ္အတြင္း ေကာက္ယူခဲ့တဲ့စစ္တမ္းေတြအရ တ႐ုတ္၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ အေမရိကန္ျပည္ေထာင္စု၊ ႐ုရွား၊ ဘဂၤလားေဒ့၊ ဂ်ပန္၊ ဘရာဇီး၊ ဂ်ာမနီနဲ႔ ဖိလစ္ပိုင္တုိ႔ဟာ ကမၻာေပၚမွာ ေဆးလိပ္ေသာက္သံုးမႈ အမ်ားဆံုးႏိုင္ငံေတြ ျဖစ္ၾကၿပီး ကမၻာတစ္ဝန္းရွိ ေဆးလိပ္ေသာက္သူအေရအတြက္ရဲ႕ ၆၃.၆ ရာခိုင္ႏႈန္းဟာ အဆိုပါႏိုင္ငံေတြရွိ ေဆးလိပ္ေသာက္သူဦးေရနဲ႔ ညီမွ်ပါတယ္။ ယင္းႏိုင္ငံေတြထဲမွာမွ အင္ဒိုနီး႐ွားႏုိင္ငံရဲ႕ ေဆးလိပ္ေသာက္သံုးမႈဟာ အျမင့္ဆံုးျဖစ္ပါတယ္။

ေဆးလိပ္ေသာက္ျခင္းဟာ အရြယ္မတုိင္မီေသဆံုးမႈနဲ႔ မသန္စြမ္းျဖစ္ႏိုင္ေျခ အျမင့္ဆံုးစာရင္းေတြထဲမွာ ဒုတိယေနရာမွာရွိေနတယ္လို႔ သုေတသီေတြက ေျပာပါတယ္။ ေဆးရြက္ၾကီးသံုးစြဲမႈကို မထိန္းခ်ဳပ္ႏိုင္သမွ် ေဆးရြက္ႀကီးေၾကာင့္ ေသဆံုးမႈဟာ ကမၻာတစ္ဝန္းလံုးမွာ ပိုမိုပ်ံ႕ႏွံ႕လာေနဦးမွာျဖစ္ေၾကာင္း ေလ့လာသူ ပညာရွင္ေတြက သတိေပးခဲ့ေၾကာင္း အေမရိကန္ေဆးပညာဂ်ာနယ္ Lancent က ေဖာ္ျပခဲ့ပါတယ္။
Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ကမ္ဘာတစ်ဝန်းရှိ လူသေဆုံးမှုဖြစ်စဉ် ၁၀ ခုတိုင်းမှာ ၁ ခုက ဆေးလိပ်ကြောင့် ဖြစ်ပွားရတာဖြစ်တယ်လို့ ပညာရှင်တွေရဲ့ တွက်ချက်မှုအသစ်များအရ သိရပါတယ်။ ဒါဟာ နှစ်စဉ် ဆေးလိပ်ကြောင့်လူသေဆုံးမှု ၆.၄ သန်း နဲ့ ညီမျှနေတဲ့ သဘောပါပဲ။

ဒီခန့်မှန်းတွက်ချက်မှုအတွက် အချက်အလက်တွေကို အကြမ်းဖက်မှုဖြစ်ပွားလေ့ရှိတဲ့နိုင်ငံတွေနဲ့ ဆေးလိပ်သောက်သုံးမှုများပြားတဲ့နိုင်ငံ စုစုပေါင်း ၁၉၅ နိုင်ငံရဲ့ ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကြား သေဆုံးမှုတွေကို ခြေရာခံခဲ့ရပါတယ်။ အချက်အလက်တွေအရ ဆေးလိပ်သောက်သုံးခြင်းကြောင့် လူသေဆုံးမှုနဲ့ မသန်မစွမ်းဖြစ်သွားနိုင်ခြေ များစွာမြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဘင်္ဂလားဒေ့၊ ဂျပန်၊ ဘရာဇီး၊ ဂျာမနီနဲ့ ဖိလစ်ပိုင်တို့ဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ကြပြီး ကမ္ဘာတစ်ဝန်းရှိ ဆေးလိပ်သောက်သူအရေအတွက်ရဲ့ ၆၃.၆ ရာခိုင်နှုန်းဟာ အဆိုပါနိုင်ငံတွေရှိ ဆေးလိပ်သောက်သူဦးရေနဲ့ ညီမျှပါတယ်။ ယင်းနိုင်ငံတွေထဲမှာမှ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆေးလိပ်သောက်သုံးမှုဟာ အမြင့်ဆုံးဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ အရွယ်မတိုင်မီသေဆုံးမှုနဲ့ မသန်စွမ်းဖြစ်နိုင်ခြေ အမြင့်ဆုံးစာရင်းတွေထဲမှာ ဒုတိယနေရာမှာရှိနေတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဆေးရွက်ကြီးသုံးစွဲမှုကို မထိန်းချုပ်နိုင်သမျှ ဆေးရွက်ကြီးကြောင့် သေဆုံးမှုဟာ ကမ္ဘာတစ်ဝန်းလုံးမှာ ပိုမိုပျံ့နှံ့လာနေဦးမှာဖြစ်ကြောင်း လေ့လာသူ ပညာရှင်တွေက သတိပေးခဲ့ကြောင်း အမေရိကန်ဆေးပညာဂျာနယ် Lancent က ဖော်ပြခဲ့ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top