iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အညစ္အေၾကးေတြ ဖယ္ရွားတဲ့အဆင့္

မ်က္ႏွာသစ္တာလို႔ အလြယ္ေျပာလို႔ရေပမဲ့ တကယ္တမ္းေတာ့ ဒီ့ထက္ပိုပါတယ္။ အေရျပားမွာ ေအာင္းေနတဲ့ အညစ္အေၾကး၊ အဆီေတြကို ဖယ္ရွားသန္႔စင္ေပးရပါမယ္။ ဒါမွသာ အေရျပားက လန္းဆန္းၿပီး ဘာလိမ္းလိမ္း လိမ္းလို႔ပိုေကာင္းမွာပါ။

၂။ အစိုဓာတ္ျဖည့္မယ့္ Mist

အသားအေရေလး ၾကည္လင္စိုေျပေအာင္ အားျဖည့္ေပးမယ့္ mist ေလး ျဖန္းေပးပါ။ Mist ကို အစိုဓာတ္ျဖည့္ခရင္မ္ သို႔မဟုတ္ serum မလိမ္းမီ အရင္ျဖန္းေပးရပါတယ္။ မိတ္ကပ္လိမ္းရတာ ေခ်ာေခ်ာေမြ႕ေမြ႕ေလးျဖစ္ၿပီး မိတ္ကပ္ပိုစြဲပါတယ္။

၃။ Serum

Serum ကို အသံုးျပဳျခင္းဟာ အသားအေရကို ႏုပ်ိဳေစပါတယ္။ အသားအေရတင္းရင္းဖုိ႔အတြက္ အေထာက္အကူျဖစ္ေစၿပီး ေလ်ာ့တြဲေနတဲ့ အသားအေရကို ျပဳျပင္ေပးပါတယ္။

၄။ အစိုဓာတ္ျဖည့္ (Moisturize)

မ်က္ႏွာအတြက္ အစိုဓာတ္ျဖည့္ေပးရမယ့္ အဆင့္ကို ေရာက္ပါၿပီ။ လံုးဝ ေက်ာ္သြားလို႔မရတဲ့ အဆင့္ပါ။ အေရျပားက အစိုဓာတ္မ်ားစြာ လိုအပ္ပါတယ္။ ေနေရာင္ျခည္ကို ကာကြယ္ေပးႏိုင္တဲ့ အစိုဓာတ္ျဖည့္ခရင္မ္ သို႔မဟုတ္ အရည္ကို သံုးသင့္ပါတယ္။

၅။ မ်က္အိတ္တြဲတာကိုေျဖရွင္းပါ

အိပ္ရာကႏိုးတဲ့အခါ မ်က္အိတ္တြဲေနတာႀကီး ျမင္ရရင္ သိပ္စိတ္ညစ္တာပဲ။ ဒါေပမဲ့ ေျဖရွင္းနည္းေတြ ရွိပါတယ္။ Eye cream လိမ္းမယ္ဆိုရင္ မလိမ္းခင္ ခရင္မ္ကို ေရခဲေသတၱာထဲမွာ ခဏထားၿပီးမွ လိမ္းပါ။ အေအးဓာတ္ေၾကာင့္ မ်က္အိတ္တြဲတာ သက္သာသြားပါလိမ့္မယ္။ သံုးၿပီးသားလက္ဖက္ေျခာက္အိတ္ေလးေတြကိုလည္း အေအးခံၿပီး မ်က္လံုးမွာကပ္လုိ႔ရပါတယ္။

၆။ ေရမ်ားမ်ားေသာက္

ေရေသာက္ဖုိ႔ ခဏခဏ သတိေပးပါတယ္။ ေရဓာတ္ျပည့္ဝေနဖုိ႔က အေရးႀကီးလို႔ပါ။ ခုလိုေႏြမွာဆုိ ပိုေတာင္အေရးႀကီးေသးတယ္။ ေရဓာတ္မလံုေလာက္တဲ့အခါ ခႏၶာကိုယ္က ႏြမ္းနယ္ႏံုးခ်ိလာမယ္၊ အသားအေရလည္း မလွေတာ့ဘူး။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁။ အညစ်အကြေးတွေ ဖယ်ရှားတဲ့အဆင့်

မျက်နှာသစ်တာလို့ အလွယ်ပြောလို့ရပေမဲ့ တကယ်တမ်းတော့ ဒီ့ထက်ပိုပါတယ်။ အရေပြားမှာ အောင်းနေတဲ့ အညစ်အကြေး၊ အဆီတွေကို ဖယ်ရှားသန့်စင်ပေးရပါမယ်။ ဒါမှသာ အရေပြားက လန်းဆန်းပြီး ဘာလိမ်းလိမ်း လိမ်းလို့ပိုကောင်းမှာပါ။

၂။ အစိုဓာတ်ဖြည့်မယ့် Mist

အသားအရေလေး ကြည်လင်စိုပြေအောင် အားဖြည့်ပေးမယ့် mist လေး ဖြန်းပေးပါ။ Mist ကို အစိုဓာတ်ဖြည့်ခရင်မ် သို့မဟုတ် serum မလိမ်းမီ အရင်ဖြန်းပေးရပါတယ်။ မိတ်ကပ်လိမ်းရတာ ချောချောမွေ့မွေ့လေးဖြစ်ပြီး မိတ်ကပ်ပိုစွဲပါတယ်။

၃။ Serum

Serum ကို အသုံးပြုခြင်းဟာ အသားအရေကို နုပျိုစေပါတယ်။ အသားအရေတင်းရင်းဖို့အတွက် အထောက်အကူဖြစ်စေပြီး လျော့တွဲနေတဲ့ အသားအရေကို ပြုပြင်ပေးပါတယ်။

၄။ အစိုဓာတ်ဖြည့် (Moisturize)

မျက်နှာအတွက် အစိုဓာတ်ဖြည့်ပေးရမယ့် အဆင့်ကို ရောက်ပါပြီ။ လုံးဝ ကျော်သွားလို့မရတဲ့ အဆင့်ပါ။ အရေပြားက အစိုဓာတ်များစွာ လိုအပ်ပါတယ်။ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ အစိုဓာတ်ဖြည့်ခရင်မ် သို့မဟုတ် အရည်ကို သုံးသင့်ပါတယ်။

၅။ မျက်အိတ်တွဲတာကိုဖြေရှင်းပါ

အိပ်ရာကနိုးတဲ့အခါ မျက်အိတ်တွဲနေတာကြီး မြင်ရရင် သိပ်စိတ်ညစ်တာပဲ။ ဒါပေမဲ့ ဖြေရှင်းနည်းတွေ ရှိပါတယ်။ Eye cream လိမ်းမယ်ဆိုရင် မလိမ်းခင် ခရင်မ်ကို ရေခဲသေတ္တာထဲမှာ ခဏထားပြီးမှ လိမ်းပါ။ အအေးဓာတ်ကြောင့် မျက်အိတ်တွဲတာ သက်သာသွားပါလိမ့်မယ်။ သုံးပြီးသားလက်ဖက်ခြောက်အိတ်လေးတွေကိုလည်း အအေးခံပြီး မျက်လုံးမှာကပ်လို့ရပါတယ်။

၆။ ရေများများသောက်

ရေသောက်ဖို့ ခဏခဏ သတိပေးပါတယ်။ ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးလို့ပါ။ ခုလိုနွေမှာဆို ပိုတောင်အရေးကြီးသေးတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်က နွမ်းနယ်နုံးချိလာမယ်၊ အသားအရေလည်း မလှတော့ဘူး။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top