iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္တစ္ခု တည္ေထာင္တဲ့အခါမွာ ေရတုိစီမံကိန္းေလာက္ ခ်မွတ္ၿပီး၊ ႏွစ္ဦးသားရဲ႕ အာသာဆႏၵအရ အတူေန
လင္မယားေတြ မ်ားလာတဲ့ေနာက္ပုိင္းမွာ အိမ္ေထာင္ေရးအကြဲအၿပဲေတြ ပုိမ်ားလာတာကို ေတြ႕ရပါတယ္။ ယခင္က ဥေရာပဘက္မွာ ဒီလုိ အကြဲအၿပဲမ်ားခဲ့တယ္ဆုိေပမယ့္ အခု အာရွႏုိင္ငံေတြေတာင္မွ စံခ်ိန္လုိက္မီလာတယ္လုိ႔ ဆုိပါတယ္။ ဒီေတာ့ အိမ္ေထာင္ၿပိဳကြဲမႈကို စတင္ေစတဲ့ အမ်ိဳးသမီးဘက္က စိတ္ဓာတ္ပုိင္းဆုိင္ရာ ေျပာင္းလဲမႈေတြကုိ  ေဖာ္ျပေပးလုိက္ပါတယ္။

(၁) လင္မယားကိစၥကုိ စိတ္မ၀င္စားေတာ့ဘူး

အိမ္ေထာင္ေရးသုခဆုိတာ လင္နဲ႔မယား ႏွီးေႏွာတဲ့အလုပ္တစ္ခုတည္းေပၚမွာ မူတည္ေနတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒီကိစၥကလည္း အလြန္အေရးႀကီးပါတယ္။ လင္နဲ႔မယား အလုိမမွ်ျခင္းကေန စတင္ခဲ့တဲ့ ဒီမတည္ၿငိမ္မႈဟာ အိမ္ေထာင္တစ္ခုကို ၿပိဳကြဲေစႏုိင္ပါတယ္။ ဒီလုိအခ်ိန္မ်ိဳမွာ အမ်ိဳးသမီးျဖစ္သူက မလႊဲမေရွာင္သာလုိ႔ဆုိေပမယ့္ တစ္ျခားေယာက္်ားကို စိတ္ေရာက္ေနရင္ ပုိဆုိးပါတယ္။
(၂) မ်က္ႏွာခ်င္း မဆုိင္ျဖစ္ေအာင္ ေနတယ္

တျဖည္းျဖည္း ေျပာစရာ စကားေတြ သင့္နဲ႔ သူ႕ၾကားမွာ ရွားပါးလာပါလိမ့္မယ္။ ေနာက္ဆုံးမွာ မ်က္ႏွာခ်င္းေတာင္ ေတ့ ေတ့မဆုိင္ခ်င္ေတာ့ဘဲ သင္ တမင္ေရွာင္ဖယ္လာပါလိမ့္မယ္။ ဒါဟာ သင့္အမ်ိဳးသားရဲ႕ စြဲေဆာင္မႈေတြက သင့္စိတ္ကို ေပ်ာ္ေအာင္ မထားႏုိင္ေတာ့ဘူးဆုိတဲ့ သေဘာပါဘဲ။

(၃) တစ္ျခားေယာက္်ားကို စိတ္ေရာက္ေနတယ္

ေဖာက္ျပန္မႈရဲ႕ အစကေတာ့ အျခားေယာက္်ားကို စိတ္၀င္စားမိတာပါဘဲ။ စိတ္၀င္စားမိတဲ့ ေယာက္်ားက သင္နဲ႔ ပုဂၢိဳလ္ ေရးအရ မသိတဲ့သူလည္း ျဖစ္ႏုိ္င္ပါတယ္။ ဒီလုိအခ်ိန္ထိ သင့္ဘာသာသင္ ငါမွားေနပါလားလုိ႔ ဆင္ျခင္မိေကာင္း ဆင္ျခင္
မိႏုိင္ပါတယ္။ ဒါေပမယ့္ အထက္မွာေဖာ္ျပထားတဲ့ တြန္းအားေတြကလည္း လက္ရွိအမ်ိဳးသားကို ပုိၿပီးညည္းေငြ႕ေစမွာပါ။ ဒီလုိနဲ႔ သင္ဟာ ထြက္ေပါက္တစ္ခု ရွာဖုိ႔အထိ ျဖစ္သြားတတ္ပါတယ္။
(၄) ကြဲလြဲမႈကုိ သိသိသာသာ မညႇိႏုိင္ေတာ့ဘူး

ပဋိပကၡေတြကုိ မညႇိႏုိင္ေတာ့ဘူး၊ တမင္ လႊတ္ထားလုိက္ေတာ့တဲ့အထိ ျဖစ္သြားၿပီ၊ စိတ္ေျပလက္ေပ်ာက္ဆုိတဲ့ အ
ေၾကာင္းျပခ်က္နဲ႔ အျပင္ကို ထြက္တာေတြ ခပ္စိပ္စိမ္ မ်ားလာတဲ့ အေနအထား၊ ဒီအေျခအေနဟာ အိမ္ေထာင္ေရးေလာ
ကရဲ႕ မလွတဲ့ နိဂုံးကုိ ျဖစ္ေစေတာ့မွာပါ။ သင့္အမ်ိဳးသားကို သင္က ခ်စ္စရာလုိ႔ မျမင္ေတာ့ပါဘူး။

(၅) စိတ္ပ်က္စရာ ကိစၥေတြကို တမင္ဖန္တီးတယ္

ဒီေနာက္ပုိင္းမွာေတာ့ သင္ဟာ ပ်က္လုိပ်က္စီးျဖစ္ဖုိ႔ ကို္ယ္တုိင္ကိုယ္က် ဖန္တီးလာတဲ့ အဆင့္ကုိ ေရာက္လာပါၿပီ။ ေပၚတင္ေဖာက္ျပန္မႈေတြနဲ႔အတူ လင္ေယာက္်ားကို စိတ္ပ်က္ျပားေအာင္ ဖန္တီးမႈေတြ ဆက္တုိက္လုပ္ေဆာင္ ေတာ့မွာပါ။ ဒါကေတာ့ အိမ္ေထာင္တစ္ခုအတြက္ အဆုိး၀ါးဆုံး တုိက္ပြဲတစ္ခု ျဖစ္ေစပါလိမ့္မယ္။
Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


အိမ်ထောင်တစ်ခု တည်ထောင်တဲ့အခါမှာ ရေတိုစီမံကိန်းလောက် ချမှတ်ပြီး၊ နှစ်ဦးသားရဲ့ အာသာဆန္ဒအရ အတူနေ
လင်မယားတွေ များလာတဲ့နောက်ပိုင်းမှာ အိမ်ထောင်ရေးအကွဲအပြဲတွေ ပိုများလာတာကို တွေ့ရပါတယ်။ ယခင်က ဥရောပဘက်မှာ ဒီလို အကွဲအပြဲများခဲ့တယ်ဆိုပေမယ့် အခု အာရှနိုင်ငံတွေတောင်မှ စံချိန်လိုက်မီလာတယ်လို့ ဆိုပါတယ်။ ဒီတော့ အိမ်ထောင်ပြိုကွဲမှုကို စတင်စေတဲ့ အမျိုးသမီးဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) လင်မယားကိစ္စကို စိတ်မဝင်စားတော့ဘူး

အိမ်ထောင်ရေးသုခဆိုတာ လင်နဲ့မယား နှီးနှောတဲ့အလုပ်တစ်ခုတည်းပေါ်မှာ မူတည်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စကလည်း အလွန်အရေးကြီးပါတယ်။ လင်နဲ့မယား အလိုမမျှခြင်းကနေ စတင်ခဲ့တဲ့ ဒီမတည်ငြိမ်မှုဟာ အိမ်ထောင်တစ်ခုကို ပြိုကွဲစေနိုင်ပါတယ်။ ဒီလိုအချိန်မျိုမှာ အမျိုးသမီးဖြစ်သူက မလွှဲမရှောင်သာလို့ဆိုပေမယ့် တစ်ခြားယောက်ျားကို စိတ်ရောက်နေရင် ပိုဆိုးပါတယ်။
(၂) မျက်နှာချင်း မဆိုင်ဖြစ်အောင် နေတယ်

တဖြည်းဖြည်း ပြောစရာ စကားတွေ သင့်နဲ့ သူ့ကြားမှာ ရှားပါးလာပါလိမ့်မယ်။ နောက်ဆုံးမှာ မျက်နှာချင်းတောင် တေ့ တေ့မဆိုင်ချင်တော့ဘဲ သင် တမင်ရှောင်ဖယ်လာပါလိမ့်မယ်။ ဒါဟာ သင့်အမျိုးသားရဲ့ စွဲဆောင်မှုတွေက သင့်စိတ်ကို ပျော်အောင် မထားနိုင်တော့ဘူးဆိုတဲ့ သဘောပါဘဲ။

(၃) တစ်ခြားယောက်ျားကို စိတ်ရောက်နေတယ်

ဖောက်ပြန်မှုရဲ့ အစကတော့ အခြားယောက်ျားကို စိတ်ဝင်စားမိတာပါဘဲ။ စိတ်ဝင်စားမိတဲ့ ယောက်ျားက သင်နဲ့ ပုဂ္ဂိုလ် ရေးအရ မသိတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်ထိ သင့်ဘာသာသင် ငါမှားနေပါလားလို့ ဆင်ခြင်မိကောင်း ဆင်ခြင်
မိနိုင်ပါတယ်။ ဒါပေမယ့် အထက်မှာဖော်ပြထားတဲ့ တွန်းအားတွေကလည်း လက်ရှိအမျိုးသားကို ပိုပြီးညည်းငွေ့စေမှာပါ။ ဒီလိုနဲ့ သင်ဟာ ထွက်ပေါက်တစ်ခု ရှာဖို့အထိ ဖြစ်သွားတတ်ပါတယ်။
(၄) ကွဲလွဲမှုကို သိသိသာသာ မညှိနိုင်တော့ဘူး

ပဋိပက္ခတွေကို မညှိနိုင်တော့ဘူး၊ တမင် လွှတ်ထားလိုက်တော့တဲ့အထိ ဖြစ်သွားပြီ၊ စိတ်ပြေလက်ပျောက်ဆိုတဲ့ အ
ကြောင်းပြချက်နဲ့ အပြင်ကို ထွက်တာတွေ ခပ်စိပ်စိမ် များလာတဲ့ အနေအထား၊ ဒီအခြေအနေဟာ အိမ်ထောင်ရေးလော
ကရဲ့ မလှတဲ့ နိဂုံးကို ဖြစ်စေတော့မှာပါ။ သင့်အမျိုးသားကို သင်က ချစ်စရာလို့ မမြင်တော့ပါဘူး။

(၅) စိတ်ပျက်စရာ ကိစ္စတွေကို တမင်ဖန်တီးတယ်

ဒီနောက်ပိုင်းမှာတော့ သင်ဟာ ပျက်လိုပျက်စီးဖြစ်ဖို့ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးလာတဲ့ အဆင့်ကို ရောက်လာပါပြီ။ ပေါ်တင်ဖောက်ပြန်မှုတွေနဲ့အတူ လင်ယောက်ျားကို စိတ်ပျက်ပြားအောင် ဖန်တီးမှုတွေ ဆက်တိုက်လုပ်ဆောင် တော့မှာပါ။ ဒါကတော့ အိမ်ထောင်တစ်ခုအတွက် အဆိုးဝါးဆုံး တိုက်ပွဲတစ်ခု ဖြစ်စေပါလိမ့်မယ်။
Credit:Shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top