iMyanmarHouse.com - Best Property Website for Myanmar
×

ဒီစာေလးကုိ ကၽြန္မ ရွက္ရွက္နဲ႔ေရးလုိက္တာပါ။ နာမည္ေတြ မေဖာ္ျပဖုိ႔ ေတာင္းဆုိပါတယ္။ ကၽြန္မက ေက်ာင္းၿပီးလုိ႔ အ
လုပ္၀င္ကာစ ရွိပါေသးတယ္။ ဒါေပမယ့္ ကၽြန္မခ်စ္သူက လက္မထပ္ခင္မွာ အတူတူေနဖို႔ မၾကာခဏ ေတာင္းဆိုေနပါ
တယ္။ ကြ်န္မလက္မခံခ်င္ပါဘူး။ ခဏခဏလည္း ျငင္းခဲ့ပါတယ္။ ၾကာေတာ့ ကြ်န္မကို မခ်စ္ဘူးလို႔ ထင္သြားမွာလည္းစိုးမိပါတယ္။ ဘာလုပ္သင့္သလဲဆုိတာ အႀကံေပးပါဦးရွင့္။

အဓိကအခ်က္ကေတာ့ ဒီေနရာမွာ သူ႕အတၱကို သြားၿပီး မလုိက္ေလွ်ာဖုိ႔ ရွင္းရွင္းလင္းလင္း ႀကိဳေျပာထားခ်င္ပါတယ္။
လက္ထပ္ၿပီး အတူေနတယ္ဆုိတာ ျမန္မာႏိုင္ငံနဲ႔ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြမွာ ေခတ္စားလာတဲ့ ယဥ္ေက်းမႈတစ္ခု
ျဖစ္ပါတယ္။ ဒါေပမယ့္ အေနာက္ ဥေရာပႏုိင္ငံေတြလုိ တြင္က်ယ္ျခင္း မရွိပါဘူး။ မိဘေတြ၊ လူမႈအသိုင္းအ၀န္းေတြက
ဆန္႕က်င္ေနဆဲ ကိစၥပါ။ ရွက္စရာလည္း ျဖစ္ၿပီး၊ ေနာက္ဆုံး ျဖစ္တဲ့သူနဲ႔ မယူရဘဲ မျဖစ္တဲ့သူနဲ႔ ယူလုိက္ရလုိ႔ ေမြးလာတဲ့ ကေလးကပဲ ကျပားေသြးစပ္သလုိလုိ ေရာခ်တတ္ပါတယ္။
ဒီကိစၥကို ဘယ္သူ႕ကမွ ဆန္႔က်င္ျခင္းမရွိဘူးဆုိရင္ေတာင္ လုိက္ေလွ်ာရမယ့္ ကိစၥမဟုတ္ပါဘူး။ အမ်ိဳးသမီးတစ္ေယာက္
ရဲ႕ တန္ဖုိးဟာ သူမအေနနဲ႔ အပ်ိဳစင္ဂုဏ္ကို ဘယ္ေလာက္ၾကာၾကာ ထိန္းသိမ္းထားႏုိင္သလဲဆုိတာနဲ႔ တုိင္းတာပါတယ္။ အမ်ိဳးသမီးေတြရဲ႕ အသက္လုိ႔ေတာင္ ဆုိရမယ့္ အရာျဖစ္ပါတယ္။ ဒီလုိဆုိ အိမ္  ေထာင္သည္ အမ်ိဳးသမီးေတြက တန္ဖုိးမရွိဘူးလားလုိ႔ ေမးစရာရွိပါတယ္။ မဆုိင္ပါဘူး။ အိမ္ေထာင္သည္ျဖစ္ၿပီဆုိကတည္းက ကာမပုိင္ေယာက္်ား ရွိသြားပါၿပီ။ ဥပ
ေဒအရ သူ႕ကာမကုိ ပုိင္တဲ့ အမ်ိဳးသားကို ကာမေပးျခင္းမုိ႔ တန္ဖုိးမက်ဆင္းပါ။ သူတုိ႔စည္းနဲ႔ သူတုိ႔ ရွိၿပီးသားမုိ႔ လူလြတ္
ေတြက သြားယွဥ္လုိိ႔ မရ။
အပ်ိဳနဲ႔ေတာ့ ကြာပါတယ္။ ဥပေဒအရ ကာမပုိင္မဟုတ္ပါဘဲ ကာမကုိ ရယူရင္၊ ဒါက ရာဇတ္မႈျဖစ္ပါတယ္။ မိန္းကေလးအတြက္လည္း တစ္သက္လုံး ျပင္မရတဲ့ အမွားတစ္ခု၊ ေစာင့္ထိမ္းရမယ့္ တာ၀န္ မေက်ပြန္ခဲ့မႈနဲ႔ ေနာင္တရေစမယ့္ အလုပ္ပါ။ေနာက္ၿပီး အတူတူေနမွ ခ်စ္တယ္လုိ႔ သင့္ခ်စ္သူက ထင္ေနတယ္ဆုိရင္လည္း သူ သြားလုိရာ သြားပါေစေပါ့။ သူရဲ႕ အသိ
ဉာဏ္ထဲမွာ ခ်စ္တင္းေႏွာျခင္းကသာ အခ်စ္လုိ႔ ထင္ေနတဲ့ ခပ္ထန္ထန္ ေယာက္်ားတစ္ေယာက္ ျဖစ္ဖုိ႔ရွိပါတယ္။ ဒီေတာ့ ဒီလုိလူကို ဘာမွ ရွည္ရွည္ေ၀းေ၀း ရွင္းျပမေနပါနဲ႔။ ရွင္းျပလည္း နားလည္မွာ မဟုတ္လုိ႔ပါ။ သင္ကသာ လက္မထပ္ေသးခင္အထိ အပ်ိဳဂုဏ္ကို ထိမ္းသိမ္းရမယ့္ တာ၀န္ကို ဆက္လက္ၿပီး ေက်ပြန္ေအာင္ ထမ္းေဆာင္ရင္ ဒီျပႆနာက ေျဖရွင္းၿပီး
ၿပီ မွတ္လိုက္ပါ။
ေလးစားစြာျဖင့္ …

Credit: Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီစာလေးကို ကျွန်မ ရှက်ရှက်နဲ့ရေးလိုက်တာပါ။ နာမည်တွေ မဖော်ပြဖို့ တောင်းဆိုပါတယ်။ ကျွန်မက ကျောင်းပြီးလို့ အ
လုပ်ဝင်ကာစ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်မချစ်သူက လက်မထပ်ခင်မှာ အတူတူနေဖို့ မကြာခဏ တောင်းဆိုနေပါ
တယ်။ ကျွန်မလက်မခံချင်ပါဘူး။ ခဏခဏလည်း ငြင်းခဲ့ပါတယ်။ ကြာတော့ ကျွန်မကို မချစ်ဘူးလို့ ထင်သွားမှာလည်းစိုးမိပါတယ်။ ဘာလုပ်သင့်သလဲဆိုတာ အကြံပေးပါဦးရှင့်။

အဓိကအချက်ကတော့ ဒီနေရာမှာ သူ့အတ္တကို သွားပြီး မလိုက်လျှောဖို့ ရှင်းရှင်းလင်းလင်း ကြိုပြောထားချင်ပါတယ်။
လက်ထပ်ပြီး အတူနေတယ်ဆိုတာ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ခေတ်စားလာတဲ့ ယဉ်ကျေးမှုတစ်ခု
ဖြစ်ပါတယ်။ ဒါပေမယ့် အနောက် ဥရောပနိုင်ငံတွေလို တွင်ကျယ်ခြင်း မရှိပါဘူး။ မိဘတွေ၊ လူမှုအသိုင်းအဝန်းတွေက
ဆန့်ကျင်နေဆဲ ကိစ္စပါ။ ရှက်စရာလည်း ဖြစ်ပြီး၊ နောက်ဆုံး ဖြစ်တဲ့သူနဲ့ မယူရဘဲ မဖြစ်တဲ့သူနဲ့ ယူလိုက်ရလို့ မွေးလာတဲ့ ကလေးကပဲ ကပြားသွေးစပ်သလိုလို ရောချတတ်ပါတယ်။
ဒီကိစ္စကို ဘယ်သူ့ကမှ ဆန့်ကျင်ခြင်းမရှိဘူးဆိုရင်တောင် လိုက်လျှောရမယ့် ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်
ရဲ့ တန်ဖိုးဟာ သူမအနေနဲ့ အပျိုစင်ဂုဏ်ကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတာနဲ့ တိုင်းတာပါတယ်။ အမျိုးသမီးတွေရဲ့ အသက်လို့တောင် ဆိုရမယ့် အရာဖြစ်ပါတယ်။ ဒီလိုဆို အိမ်ထောင်သည် အမျိုးသမီးတွေက တန်ဖိုးမရှိဘူးလားလို့ မေးစရာရှိပါတယ်။ မဆိုင်ပါဘူး။ အိမ်ထောင်သည်ဖြစ်ပြီဆိုကတည်းက ကာမပိုင်ယောက်ျား ရှိသွားပါပြီ။ ဥပ
ဒေအရ သူ့ကာမကို ပိုင်တဲ့ အမျိုးသားကို ကာမပေးခြင်းမို့ တန်ဖိုးမကျဆင်းပါ။ သူတို့စည်းနဲ့ သူတို့ ရှိပြီးသားမို့ လူလွတ်
တွေက သွားယှဉ်လိို့ မရ။
အပျိုနဲ့တော့ ကွာပါတယ်။ ဥပဒေအရ ကာမပိုင်မဟုတ်ပါဘဲ ကာမကို ရယူရင်၊ ဒါက ရာဇတ်မှုဖြစ်ပါတယ်။ မိန်းကလေးအတွက်လည်း တစ်သက်လုံး ပြင်မရတဲ့ အမှားတစ်ခု၊ စောင့်ထိမ်းရမယ့် တာဝန် မကျေပွန်ခဲ့မှုနဲ့ နောင်တရစေမယ့် အလုပ်ပါ။နောက်ပြီး အတူတူနေမှ ချစ်တယ်လို့ သင့်ချစ်သူက ထင်နေတယ်ဆိုရင်လည်း သူ သွားလိုရာ သွားပါစေပေါ့။ သူရဲ့ အသိ
ဉာဏ်ထဲမှာ ချစ်တင်းနှောခြင်းကသာ အချစ်လို့ ထင်နေတဲ့ ခပ်ထန်ထန် ယောက်ျားတစ်ယောက် ဖြစ်ဖို့ရှိပါတယ်။ ဒီတော့ ဒီလိုလူကို ဘာမှ ရှည်ရှည်ဝေးဝေး ရှင်းပြမနေပါနဲ့။ ရှင်းပြလည်း နားလည်မှာ မဟုတ်လို့ပါ။ သင်ကသာ လက်မထပ်သေးခင်အထိ အပျိုဂုဏ်ကို ထိမ်းသိမ်းရမယ့် တာဝန်ကို ဆက်လက်ပြီး ကျေပွန်အောင် ထမ်းဆောင်ရင် ဒီပြဿနာက ဖြေရှင်းပြီး
ပြီ မှတ်လိုက်ပါ။
လေးစားစွာဖြင့် …

Credit: Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top