iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးပရိသတ္ႀကီးကို ေမးခ်င္ပါတယ္ … သင့္ကို သင့္ခ်စ္သူက လမ္းခြဲသြားသတဲ့လား … ? … အသည္းကြဲမွာေပါ့။ အသည္းကြဲတာထက္ သင့္မွာ စမ္းသာစရာ အခ်က္ကေလးေတြကို သင္ ေတြးၾကည့္လိုက္ပါ။ ခ်န္သြားသူနဲ႔ က်န္ရစ္သူၾကားမွာ ဘယ္သူပိုခံစားရလဲ ကြဲကြဲျပားျပား သိတဲ့အခါ အရႈံးကေန အႏိုင္ျဖစ္သြားတတ္ပါတယ္။ အငိုကေန အၿပဳံးျဖစ္သြားတတ္ပါတယ္။ အခုလည္း သင့္ကို လမ္းခြဲသြားတဲ့ ရည္စားေဟာင္းဟာ ေအာက္ပါစ႐ိုက္လကၡဏာေလးေတြက ျမင္သာေစတယ္ဆိုရင္ သင္ဟာ အရႈံးေတြၾကားထဲကေန ၿပဳံးေနရၿပီဆိုတာ ေသခ်ာပါတယ္။

(၁) သင့္အေၾကာင္းကို သူငယ္ခ်င္းေတြဆီမွာစုံစမ္းတယ္
ဘယ္ေလာက္ပဲ လူခ်င္းျပတ္ျပတ္ စိတ္မျပတ္ေသးရင္ သင့္အေၾကာင္းကို သူ သတင္းေမးပါလိမ့္မယ္။ သင့္သူငယ္ခ်င္းေတြကိုေပါ့။ ဒါေပမယ့္ ခပ္တည္တည္ စိတ္ဝင္စားဟန္ေတာ့ ျပမွာ မဟုတ္ပါဘူး။ စကားလမ္းေၾကာင္းသင့္တာလိုလို ဘာလိုလိုနဲ႔ ေမးတတ္ပါတယ္။ တစ္ခါတေလ ဘယ္လိုမွ စကားလမ္းေၾကာင္းမသင့္ရင္ ေျဗာင္ဖြင့္ေမးပါလိ့မ္မယ္။ ဟိုတစ္ေယာက္ေကာ အဆင္ေျပတယ္မဟုတ္လား … လို႔။

(၂) အြန္လိုင္းေပၚမွာေဝဖန္တိုက္ခိုက္မယ္
သူဟာ သင့္အေပၚမွာ စိတ္မပ်က္ေသးဘူးဆိုရင္ သင့္ကို ရည္ၫႊန္းတဲ့စာေတြ အြန္လိုင္းေပၚမွာ တင္ပါလိမ့္မယ္။ ေဝဖန္တာ ပါခ်င္ပါမယ္၊ တိုက္ခိုက္တာ ျဖစ္ခ်င္ျဖစ္မယ္၊ တစ္ခါတေလ အခုထက္ထိ ေမ့လို႔မရ ခ်စ္ေနေသးေၾကာင္း အယူခံဝင္တာမ်ိဳးလည္း ျဖစ္ႏို္င္ပါတယ္။

(၃) အရက္မူးရင္ ဖုန္းေခၚတယ္

အမ်ိဳးသားေတြ ေတာ္ေတာ္မ်ားမ်ားကို ဘယ္ဥပေဒက သတ္မွတ္ေပးထားတယ္မသိ။ အရက္မူးရင္ ခ်စ္သူကို သတိရတာပဲ။ ခ်စ္သူေတြ အမ်ားႀကီးရွိရင္ေတာင္မွ သူ႔စိတ္ထဲက သိပ္ခ်စ္ရတဲ့ ခ်စ္သူအမည္ကိုမွ တမ္းတလြမ္းဆြတ္တာမ်ိဳးပါ။ သူဟာ အရက္မူးတဲ့အခ်ိန္ သတိအရဆုံးက သင္ျဖစ္ေနမယ္ဆိုရင္ သူ သင့္ကို လမ္းခြဲခဲ့မိလို႔ သိပ္ကို ေနာင္တရေနမိတယ္-ဆိုတာ ေပၚလြင္ထင္ရွားပါတယ္။

(၄) ဘယ္သူနဲ႔မွ လက္တြဲျခင္းမရွိေသးဘူး

သူဟာ သင့္ကို လမ္းခြဲၿပီးေနာက္ပိုင္း ဘယ္သူနဲ႔မွ လက္မတြဲေသးဘူးဆိုရင္လည္း သူ႔ရင္ထဲမွာ သင့္အတြက္ေနရာတစ္ခု ရွိေနေသးတယ္ဆိုတာ ေသခ်ာပါတယ္။

(၅) သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ အဆက္အသြယ္အခင္အမင္မပ်က္
သင္နဲ႔ဆိုရင္ေတာ့ ေရွာင္ဖယ္ေရွာင္ဖယ္ ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ့္ သင့္ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြ၊ သင့္မိဘေဆြမ်ိဳးေတြနဲ႔ အခင္အမင္မပ်က္၊ ဆက္ၿပီးဆက္သြယ္ေနေသးတယ္ဆိုရင္လည္း သူ သင့္ကို စိတ္မျပတ္ေသးဘူးဆိုတဲ့ သေဘာေပါ့။

(၆) ဓာတ္ပုံေလးေတြ/လက္ေဆာင္ေလးေတြ သိမ္းထားတုန္းဆိုရင္
သင္နဲ႔ပတ္သက္သမွ် ဓာတ္ပုံေတြ၊ လက္ေဆာင္ေတြကို သိမ္ထားေသးတယ္။ အဲဒီလို သိမ္းထားေၾကာင္းကိုလည္း သင့္ကို တစ္နည္းနည္းအရ သိေစလိုတယ္ဆိုရင္ သူ သင့္ကို လမ္းခြဲခဲ့မိျခင္းအတြက္ ေနာင္တရေနတယ္ဆိုတဲ့ သက္ေသပါ။ သင့္အေနနဲ႔ ျပင္ဆင္ထားဖို႔က ဒုတိယအႀကိမ္ ျပန္လည္ခိုလုံခြင့္ေတာင္းလာမယ့္ ခ်စ္သူကို ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ လက္ခံမလဲဆိုတာကိုေပါ့။
Credit:auntymay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသမီးပရိသတ်ကြီးကို မေးချင်ပါတယ် … သင့်ကို သင့်ချစ်သူက လမ်းခွဲသွားသတဲ့လား … ? … အသည်းကွဲမှာပေါ့။ အသည်းကွဲတာထက် သင့်မှာ စမ်းသာစရာ အချက်ကလေးတွေကို သင် တွေးကြည့်လိုက်ပါ။ ချန်သွားသူနဲ့ ကျန်ရစ်သူကြားမှာ ဘယ်သူပိုခံစားရလဲ ကွဲကွဲပြားပြား သိတဲ့အခါ အရှုံးကနေ အနိုင်ဖြစ်သွားတတ်ပါတယ်။ အငိုကနေ အပြုံးဖြစ်သွားတတ်ပါတယ်။ အခုလည်း သင့်ကို လမ်းခွဲသွားတဲ့ ရည်စားဟောင်းဟာ အောက်ပါစရိုက်လက္ခဏာလေးတွေက မြင်သာစေတယ်ဆိုရင် သင်ဟာ အရှုံးတွေကြားထဲကနေ ပြုံးနေရပြီဆိုတာ သေချာပါတယ်။

(၁) သင့်အကြောင်းကို သူငယ်ချင်းတွေဆီမှာစုံစမ်းတယ်
ဘယ်လောက်ပဲ လူချင်းပြတ်ပြတ် စိတ်မပြတ်သေးရင် သင့်အကြောင်းကို သူ သတင်းမေးပါလိမ့်မယ်။ သင့်သူငယ်ချင်းတွေကိုပေါ့။ ဒါပေမယ့် ခပ်တည်တည် စိတ်ဝင်စားဟန်တော့ ပြမှာ မဟုတ်ပါဘူး။ စကားလမ်းကြောင်းသင့်တာလိုလို ဘာလိုလိုနဲ့ မေးတတ်ပါတယ်။ တစ်ခါတလေ ဘယ်လိုမှ စကားလမ်းကြောင်းမသင့်ရင် ဗြောင်ဖွင့်မေးပါလိ့မ်မယ်။ ဟိုတစ်ယောက်ကော အဆင်ပြေတယ်မဟုတ်လား … လို့။

(၂) အွန်လိုင်းပေါ်မှာဝေဖန်တိုက်ခိုက်မယ်
သူဟာ သင့်အပေါ်မှာ စိတ်မပျက်သေးဘူးဆိုရင် သင့်ကို ရည်ညွှန်းတဲ့စာတွေ အွန်လိုင်းပေါ်မှာ တင်ပါလိမ့်မယ်။ ဝေဖန်တာ ပါချင်ပါမယ်၊ တိုက်ခိုက်တာ ဖြစ်ချင်ဖြစ်မယ်၊ တစ်ခါတလေ အခုထက်ထိ မေ့လို့မရ ချစ်နေသေးကြောင်း အယူခံဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

(၃) အရက်မူးရင် ဖုန်းခေါ်တယ်

အမျိုးသားတွေ တော်တော်များများကို ဘယ်ဥပဒေက သတ်မှတ်ပေးထားတယ်မသိ။ အရက်မူးရင် ချစ်သူကို သတိရတာပဲ။ ချစ်သူတွေ အများကြီးရှိရင်တောင်မှ သူ့စိတ်ထဲက သိပ်ချစ်ရတဲ့ ချစ်သူအမည်ကိုမှ တမ်းတလွမ်းဆွတ်တာမျိုးပါ။ သူဟာ အရက်မူးတဲ့အချိန် သတိအရဆုံးက သင်ဖြစ်နေမယ်ဆိုရင် သူ သင့်ကို လမ်းခွဲခဲ့မိလို့ သိပ်ကို နောင်တရနေမိတယ်-ဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။

(၄) ဘယ်သူနဲ့မှ လက်တွဲခြင်းမရှိသေးဘူး

သူဟာ သင့်ကို လမ်းခွဲပြီးနောက်ပိုင်း ဘယ်သူနဲ့မှ လက်မတွဲသေးဘူးဆိုရင်လည်း သူ့ရင်ထဲမှာ သင့်အတွက်နေရာတစ်ခု ရှိနေသေးတယ်ဆိုတာ သေချာပါတယ်။

(၅) သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်အသွယ်အခင်အမင်မပျက်
သင်နဲ့ဆိုရင်တော့ ရှောင်ဖယ်ရှောင်ဖယ် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ သင့်မိဘဆွေမျိုးတွေနဲ့ အခင်အမင်မပျက်၊ ဆက်ပြီးဆက်သွယ်နေသေးတယ်ဆိုရင်လည်း သူ သင့်ကို စိတ်မပြတ်သေးဘူးဆိုတဲ့ သဘောပေါ့။

(၆) ဓာတ်ပုံလေးတွေ/လက်ဆောင်လေးတွေ သိမ်းထားတုန်းဆိုရင်
သင်နဲ့ပတ်သက်သမျှ ဓာတ်ပုံတွေ၊ လက်ဆောင်တွေကို သိမ်ထားသေးတယ်။ အဲဒီလို သိမ်းထားကြောင်းကိုလည်း သင့်ကို တစ်နည်းနည်းအရ သိစေလိုတယ်ဆိုရင် သူ သင့်ကို လမ်းခွဲခဲ့မိခြင်းအတွက် နောင်တရနေတယ်ဆိုတဲ့ သက်သေပါ။ သင့်အနေနဲ့ ပြင်ဆင်ထားဖို့က ဒုတိယအကြိမ် ပြန်လည်ခိုလုံခွင့်တောင်းလာမယ့် ချစ်သူကို ဘယ်လိုအကြောင်းပြချက်နဲ့ လက်ခံမလဲဆိုတာကိုပေါ့။
Credit:auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top