iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး အခ်ိဳ႕မိန္းကေလးေတြဟာ ဗဟုသုတနည္းပါေသးတယ္။ ဒီေတာ့ ကိုယ္ဝန္နဲ႔ပတ္သက္တဲ့ အခ်က္
ကေလးေတြကို အမ်ိဳးသမီးပရိသတ္အတြက္ စုစည္းတင္ျပေပးလိုက္ပါတယ္။
(၁) ကိုယ္ဝန္စတင္ရႏိုင္တဲ့အ႐ြယ္

ကိုယ္ဝန္စတင္ရႏိုင္တဲ့ အ႐ြယ္ကေတာ့ ရာသီေသြးစၿပီး ဆင္းတဲ့အခ်ိန္ကေန စတင္ပါတယ္။ အခ်ိဳ႕ေဒသေတြမွာ အသက္(၁၂)ေလာက္မွာ စတင္ၿပီး ရာသီေသြးဆင္းတတ္သလို၊ အခ်ိဳ႕ေဒသေတြမွာေတာ့ အသက္(၂၀)ေလာက္အထိ ရာသီေသြး
မဆင္းတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ရာသီေသြးဆင္းၿပီးဆိုရင္ သင့္ခႏၶာကိုယ္ဟာ ကိုယ္ဝန္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေန
ၿပီလို႔ နိမိတ္ျပျခင္းပဲ ျဖစ္ပါတယ္။
(၂) ကိုယ္ဝန္ကို စတင္ျငင္းပယ္တဲ့ အ႐ြယ္

အမ်ိဳးသမီးေတြရဲ႕ ေသြးဆုံးခ်ိန္ဟာ ပ်မ္းမွ်အားျဖင့္ အသက္(၄၈)ႏွစ္အ႐ြယ္ ျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ေဒသေတြမွာ
ေတာ့ ဒီထက္ပိုၿပီးေစာႏိုင္တာ ရွိသလို၊ ဒီထက္လည္း ေနာက္က်ႏိုင္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြရဲ႕ ခႏၶာေဗဒအရ
ကိုယ္ဝန္ကို စတင္ျငင္းပယ္ခ်ိန္ဟာ အသက္(35)ႏွစ္မွာ စတင္တယ္လို႔ သိရပါတယ္။ ခြၽင္းခ်က္ေတြလည္း ရွိႏို္င္ပါတယ္။
ကိုယ္ဝန္ယူဖို႔ အေကာင္းဆုံးအ႐ြယ္ကေတာ့ အသက္ 22-26 ႏွစ္အ႐ြယ္အတြင္းျဖစ္ၿပီး 27 ႏွစ္ေနာက္ပိုင္းကေန စတင္
ကာ အမ်ိဳးသမီးေတြရဲ႕ သားအိမ္ဟာ ကိုယ္ဝန္အတြက္ လိုလားမႈ မျပေတာ့ပါဘူးတဲ့။ ဒါေပမယ့္လည္း ကိုယ္ဝန္ကေတာ့
မ်ိဳးဥဆင္းေနတဲ့အခ်ိန္ထိ ရႏိုင္ေသးတယ္ဆိုတာ သိေစခ်င္ပါတယ္။ အခုေျပာေနတာက ခႏၶာေဗဒအရ ကိုယ္ဝန္ကို စတင္
ျငင္းပယ္တဲ့အ႐ြယ္ကို ဆိုလိုတာ ျဖစ္ပါတယ္။ အသက္(၃၀) အ႐ြယ္အမ်ိဳးသမီးေတြ ကိုယ္ဝန္ရဖို႔ ႀကိဳးစားတဲ့အခါ 70% ဟာ ကိုယ္ဝန္ရႏိုင္ၿပီး အသက္ (၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးေတြကေတာ့ 52% သာ ကိုယ္ဝန္ရႏိုင္ပါေတာ့တယ္။ ဒါဟာ
ကိုယ္ဝန္ကို ျငင္းပယ္ျခင္းရဲ႕ သက္ေသပါ။
READ
၀က္ၿခံကို ထိုးဆြျခင္းမလုပ္သင့္တဲ့ သတိျပဳစရာအႏၲရာယ္မ်ားအေၾကာင္း
(၃) ကေလးရလိုပါက

ကေလးရလိုရင္ ကေလးရေအာင္အားထုတ္တဲ့နည္းကလြဲၿပီး အျခားနည္း မရွိပါဘူး။ အခ်ိဳ႕ မ်ိဳးဗီဇမေအာင္ျမင္တဲ့ စုံတြဲေတြ
ပင္လွ်င္ စိတ္ႏွစ္ၿပီး ကိုယ္ဝန္ရဖို႔ ႀကိဳးစားဖန္မ်ားလာတဲ့အခါ ကိုယ္ဝန္ရတတ္ပါတယ္။ ဒါဟာ ေဆးပညာအရ ရွင္းျပဖို႔ ခက္
ၿပီး ခ်က္ခ်င္း မ်ိဳးမေအာင္တဲ့ သုတ္ေတြဟာ ဘာလို႔ မ်ိဳးေအာင္သြားသလဲဆိုတာရဲ႕ အျဖစ္ႏိုင္ဆုံး အေျဖကေတာ့ ေပ်ာ္႐ႊင္
စြာ ဆက္ဆံတဲ့စိတ္ေၾကာင့္ သုတ္တို႔လည္း ေပ်ာ္ျမဴးၿပီး ကိုယ္ဝန္ရတာျဖစ္ႏိုင္တယ္လို႔ စိတ္ပညာဆရာဝန္ေတြက
ေကာက္ခ်က္ခ်ၾကပါတယ္။
(၄) တင္းၾကပ္ေသာအတြင္းခံေဘာင္းဘီနဲ႔ မ်ိဳးဗီဇအႏၲရာယ္

အမ်ိဳးသားေတြဟာ တင္းက်ဳပ္တဲ့ အတြင္းခံေဘာင္းဘီကို ၀တ္ဖန္မ်ားရင္ မ်ိဳးဗီဇေအာင္ျမင္မႈကို ထိခိုက္ေစႏိုင္ပါတယ္။
အဲဒီအဝတ္ေတြဟာ ေဝွးေစ့ကို အပူခ်ိန္ေတြ စုေစၿပီး သုတ္ပိုးေတြကို ခံႏိုင္ရည္မရွိေစတဲ့ အပူခ်ိန္ကိုထုတ္လႊတ္ေပးပါ
တယ္။ ဒီလို ေရရွည္ျဖစ္လာရင္ မ်ိဳးသုဥ္းမႈနဲ႔၊ မ်ိဳးဗီဇမေအာင္ျမင္မႈကို ျဖစ္ေစႏိုင္ပါတယ္။
(၅) ကိုယ္ဝန္ရႏိုင္မယ့္ေန႔

လစဥ္ ဘယ္လိုအခ်ိန္မ်ိဳးမွာ ကိုယ္ဝန္ရႏိုင္သလဲဆိုရင္ သာမာန္အားျဖင့္ေတာ့ ရာသီေပၚၿပီးေနာက္ 14 ရက္နဲ႔ 15 ရက္ေတြမွာ သားဥေႂကြတတ္ၿပီး ထိုေန႔ေတြမွာ ဆက္ဆံလွ်င္ ကိုယ္ဝန္ရႏိုင္ၿပီး သာမာန္ထက္ ထူးျခားေသာအေျခအေနမွာ ရွိသည့္ အမ်ိဳးသမီးမ်ားအဖို႔ ရာသီေသြး စၿပီးဆင္းခ်ိန္ ေလးရက္မွ ငါးရက္အတြင္းနဲ႔ ရာသီေသြးစင္းၿပီးေနာက္ 3 ရက္မွ 4 ရက္အ
တြင္းအထိ ကိုယ္ဝန္ရႏို္င္တဲ့ ေန႔ေတြျဖစ္ပါတယ္။ အျခားသာမာန္ေန႔ေတြလည္း အမ်ိဳးသားရဲ႕ သုတ္ပိုးနဲ႔ မမ်ိဳးဥ ေပါင္းစပ္မိရင္ ကိုယ္ဝန္ရႏိုင္ပါတယ္။
READ
တိတ္တဆိတ္ စိတ္ဓါတ္က်ေနသူမ်ားတြင္ ေတြ႕ရသည့္ လကၡဏာမ်ား
(၆) ေခ်ာဆီဟာ ကိုယ္ဝန္ရျခင္းကို ထိခိုက္မႈမရွိ

လိင္ဆက္ဆံရမွာ လြယ္ကူဖို႔အတြက္ ေခ်ာဆီသုံးျခင္းဟာ ကိုယ္ဝန္ကို ထိခိုက္မႈ မရွိပါဘူး။ ဒါေပမယ့္ သေႏၶသားကိုေတာ့
ထိခိုက္မႈ ရွိႏို္င္တယ္လို႔ ဆိုပါတယ္။ အေကာင္းဆုံးနည္းကေတာ့ Mineral Oil ကိုသာ သုံးသင့္ၿပီး ဒီထက္ပိုၿပီး အေကာင္း
ဆုံးကေတာ့ သဘာဝအတိုင္းသာ ျဖစ္ပါတယ္။
(၇) တားေဆးေတြက မ်ိဳးဗီဇကို ထိခိုက္ေစႏိုင္

တားေဆး ေရရွည္သုံးစြဲတဲ့ အမ်ိဳးသမီးေတြဟာ တကယ္ကေလးလိုခ်င္တဲ့အခါ အဲဒီကေလးကို တားေဆးအႏၲရာယ္က
သင့္ေရာက္ေစႏိုင္ပါတယ္။ ေမြးလာတဲ့အခါ ေျခလက္အဂၤါမစုံလင္ျခင္း၊ ေမြးရာပါ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း၊ ေမြးရာပိုလီယို
ေရာဂါအျပင္ ကေလးအေသ ေမြးတဲ့အထိ ေဆးေတြက ျပင္းထန္ပါတယ္။
(၈) ကိုယ္ဝန္မရႏိုင္သူမ်ား

ကိုယ္ဝန္မရႏိုင္သူေတြကေတာ့ မ်ိဳးဗီဇမေအာင္ျမင္သူေတြနဲ႔ တစ္စုံတစ္ခုေသာ အေၾကာင္းျပခ်က္ေၾကာင့္ သားအိမ္ထုတ္
ျုခင္း၊ သားေၾကာျဖတ္ထားသူမ်ားနဲ႔ မမ်ိဳးဥမဆင္းေတာ့တဲ့အ႐ြယ္မွာ ကိုယ္ဝန္မရႏို္င္ပါဘူး။
Credit;auntymay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်ဝန်နဲ့ပတ်သက်ပြီး အချို့မိန်းကလေးတွေဟာ ဗဟုသုတနည်းပါသေးတယ်။ ဒီတော့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ အချက်
ကလေးတွေကို အမျိုးသမီးပရိသတ်အတွက် စုစည်းတင်ပြပေးလိုက်ပါတယ်။
(၁) ကိုယ်ဝန်စတင်ရနိုင်တဲ့အရွယ်

ကိုယ်ဝန်စတင်ရနိုင်တဲ့ အရွယ်ကတော့ ရာသီသွေးစပြီး ဆင်းတဲ့အချိန်ကနေ စတင်ပါတယ်။ အချို့ဒေသတွေမှာ အသက်(၁၂)လောက်မှာ စတင်ပြီး ရာသီသွေးဆင်းတတ်သလို၊ အချို့ဒေသတွေမှာတော့ အသက်(၂၀)လောက်အထိ ရာသီသွေး
မဆင်းတာမျိုးလည်း ရှိတတ်ပါတယ်။ ရာသီသွေးဆင်းပြီးဆိုရင် သင့်ခန္ဓာကိုယ်ဟာ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်နေ
ပြီလို့ နိမိတ်ပြခြင်းပဲ ဖြစ်ပါတယ်။
(၂) ကိုယ်ဝန်ကို စတင်ငြင်းပယ်တဲ့ အရွယ်

အမျိုးသမီးတွေရဲ့ သွေးဆုံးချိန်ဟာ ပျမ်းမျှအားဖြင့် အသက်(၄၈)နှစ်အရွယ် ဖြစ်ပါတယ်။ ဒါပေမယ့် အချို့ဒေသတွေမှာ
တော့ ဒီထက်ပိုပြီးစောနိုင်တာ ရှိသလို၊ ဒီထက်လည်း နောက်ကျနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒအရ
ကိုယ်ဝန်ကို စတင်ငြင်းပယ်ချိန်ဟာ အသက်(35)နှစ်မှာ စတင်တယ်လို့ သိရပါတယ်။ ချွင်းချက်တွေလည်း ရှိနိုင်ပါတယ်။
ကိုယ်ဝန်ယူဖို့ အကောင်းဆုံးအရွယ်ကတော့ အသက် 22-26 နှစ်အရွယ်အတွင်းဖြစ်ပြီး 27 နှစ်နောက်ပိုင်းကနေ စတင်
ကာ အမျိုးသမီးတွေရဲ့ သားအိမ်ဟာ ကိုယ်ဝန်အတွက် လိုလားမှု မပြတော့ပါဘူးတဲ့။ ဒါပေမယ့်လည်း ကိုယ်ဝန်ကတော့
မျိုးဥဆင်းနေတဲ့အချိန်ထိ ရနိုင်သေးတယ်ဆိုတာ သိစေချင်ပါတယ်။ အခုပြောနေတာက ခန္ဓာဗေဒအရ ကိုယ်ဝန်ကို စတင်
ငြင်းပယ်တဲ့အရွယ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ အသက်(၃၀) အရွယ်အမျိုးသမီးတွေ ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါ 70% ဟာ ကိုယ်ဝန်ရနိုင်ပြီး အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတွေကတော့ 52% သာ ကိုယ်ဝန်ရနိုင်ပါတော့တယ်။ ဒါဟာ
ကိုယ်ဝန်ကို ငြင်းပယ်ခြင်းရဲ့ သက်သေပါ။
READ
ဝက်ခြံကို ထိုးဆွခြင်းမလုပ်သင့်တဲ့ သတိပြုစရာအန္တရာယ်များအကြောင်း
(၃) ကလေးရလိုပါက

ကလေးရလိုရင် ကလေးရအောင်အားထုတ်တဲ့နည်းကလွဲပြီး အခြားနည်း မရှိပါဘူး။ အချို့ မျိုးဗီဇမအောင်မြင်တဲ့ စုံတွဲတွေ
ပင်လျှင် စိတ်နှစ်ပြီး ကိုယ်ဝန်ရဖို့ ကြိုးစားဖန်များလာတဲ့အခါ ကိုယ်ဝန်ရတတ်ပါတယ်။ ဒါဟာ ဆေးပညာအရ ရှင်းပြဖို့ ခက်
ပြီး ချက်ချင်း မျိုးမအောင်တဲ့ သုတ်တွေဟာ ဘာလို့ မျိုးအောင်သွားသလဲဆိုတာရဲ့ အဖြစ်နိုင်ဆုံး အဖြေကတော့ ပျော်ရွှင်
စွာ ဆက်ဆံတဲ့စိတ်ကြောင့် သုတ်တို့လည်း ပျော်မြူးပြီး ကိုယ်ဝန်ရတာဖြစ်နိုင်တယ်လို့ စိတ်ပညာဆရာဝန်တွေက
ကောက်ချက်ချကြပါတယ်။
(၄) တင်းကြပ်သောအတွင်းခံဘောင်းဘီနဲ့ မျိုးဗီဇအန္တရာယ်

အမျိုးသားတွေဟာ တင်းကျုပ်တဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဖန်များရင် မျိုးဗီဇအောင်မြင်မှုကို ထိခိုက်စေနိုင်ပါတယ်။
အဲဒီအဝတ်တွေဟာ ဝှေးစေ့ကို အပူချိန်တွေ စုစေပြီး သုတ်ပိုးတွေကို ခံနိုင်ရည်မရှိစေတဲ့ အပူချိန်ကိုထုတ်လွှတ်ပေးပါ
တယ်။ ဒီလို ရေရှည်ဖြစ်လာရင် မျိုးသုဉ်းမှုနဲ့၊ မျိုးဗီဇမအောင်မြင်မှုကို ဖြစ်စေနိုင်ပါတယ်။
(၅) ကိုယ်ဝန်ရနိုင်မယ့်နေ့

လစဉ် ဘယ်လိုအချိန်မျိုးမှာ ကိုယ်ဝန်ရနိုင်သလဲဆိုရင် သာမာန်အားဖြင့်တော့ ရာသီပေါ်ပြီးနောက် 14 ရက်နဲ့ 15 ရက်တွေမှာ သားဥကြွေတတ်ပြီး ထိုနေ့တွေမှာ ဆက်ဆံလျှင် ကိုယ်ဝန်ရနိုင်ပြီး သာမာန်ထက် ထူးခြားသောအခြေအနေမှာ ရှိသည့် အမျိုးသမီးများအဖို့ ရာသီသွေး စပြီးဆင်းချိန် လေးရက်မှ ငါးရက်အတွင်းနဲ့ ရာသီသွေးစင်းပြီးနောက် 3 ရက်မှ 4 ရက်အ
တွင်းအထိ ကိုယ်ဝန်ရနိုင်တဲ့ နေ့တွေဖြစ်ပါတယ်။ အခြားသာမာန်နေ့တွေလည်း အမျိုးသားရဲ့ သုတ်ပိုးနဲ့ မမျိုးဥ ပေါင်းစပ်မိရင် ကိုယ်ဝန်ရနိုင်ပါတယ်။
READ
တိတ်တဆိတ် စိတ်ဓါတ်ကျနေသူများတွင် တွေ့ရသည့် လက္ခဏာများ
(၆) ချောဆီဟာ ကိုယ်ဝန်ရခြင်းကို ထိခိုက်မှုမရှိ

လိင်ဆက်ဆံရမှာ လွယ်ကူဖို့အတွက် ချောဆီသုံးခြင်းဟာ ကိုယ်ဝန်ကို ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် သန္ဓေသားကိုတော့
ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးနည်းကတော့ Mineral Oil ကိုသာ သုံးသင့်ပြီး ဒီထက်ပိုပြီး အကောင်း
ဆုံးကတော့ သဘာဝအတိုင်းသာ ဖြစ်ပါတယ်။
(၇) တားဆေးတွေက မျိုးဗီဇကို ထိခိုက်စေနိုင်

တားဆေး ရေရှည်သုံးစွဲတဲ့ အမျိုးသမီးတွေဟာ တကယ်ကလေးလိုချင်တဲ့အခါ အဲဒီကလေးကို တားဆေးအန္တရာယ်က
သင့်ရောက်စေနိုင်ပါတယ်။ မွေးလာတဲ့အခါ ခြေလက်အင်္ဂါမစုံလင်ခြင်း၊ မွေးရာပါ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မွေးရာပိုလီယို
ရောဂါအပြင် ကလေးအသေ မွေးတဲ့အထိ ဆေးတွေက ပြင်းထန်ပါတယ်။
(၈) ကိုယ်ဝန်မရနိုင်သူများ

ကိုယ်ဝန်မရနိုင်သူတွေကတော့ မျိုးဗီဇမအောင်မြင်သူတွေနဲ့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သားအိမ်ထုတ်
ြုခင်း၊ သားကြောဖြတ်ထားသူများနဲ့ မမျိုးဥမဆင်းတော့တဲ့အရွယ်မှာ ကိုယ်ဝန်မရနိုင်ပါဘူး။

Credit;auntymay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top