iMyanmarHouse.com - Best Property Website for Myanmar
×
၁. မုန်လာဥနီ
၎. ဂရိဒိန်ချဉ်
၅. ဖရုံစေ့
၆. မှို
၇. ခရမ်းချဉ်သီး
၉. အုန်းဆီစစ်စစ်
၁၀. ကိုက်လန်ရွက်
Credit:trend myanmar
#Unicode Version
နှစ်နှစ် ခြိုက်ခြိုက်နှင့်ကောင်းကောင်းမွန်မွန်အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် အစားအစာကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ဒီပြသနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ဘယ်လိုအစားအသောက်တွေလဲဆိုတော့
၁. မုန်လာဥနီ
Pennsylvania တက္ကသိုလ်လေ့လာချက် မှတ်တမ်းတစ်ခုအရ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေတဲ့ Alpha-carotene အဟာရဓါတ် စားသုံးခြင်းဟာ နှိုက်နှိုက်ခြိုက်ခြိုက်အိပ်ပျော်စေပြီး အဲဒီ အဟာရဓါတ်နည်းတဲ့ အစားအစာကို စားသောက်လျှင် အိပ်မရတဲ့ဝေဒနာနဲ့ ရင်ဆိုင်ကြုံတွေ့ရပါမယ်။ မုန်လာဥနီ( Carrot)တွင် Alpha-carotene အဟာရဓါတ် အံ့မခန်းအောင် ပါဝင်တာကြောင့် တစ်ဥစားလျှင် တစ်ဥအကျိုးခံးစားရပါမယ်။ မုန်လာဥနီမှာ သံဓါတ်၊ဗီတာမင် B6၊ ဗီတာမင် A နဲ့ ဗီတာမင်အရောအနှော(B Complex) တို့လည်းပါဝင်ပါတယ်။
၂. ချယ်ရီသီးယိုဖျော်ရည်
သဘာဝဆေးဝါးဂျာနယ်( Natural Medicine Journal) လေ့လာစမ်းသပ်ချက် တစ်ခုအရ ချယ်ရီသီယိုဖျော်ရည် ၃၀ မီလီလီတာ(၁ အောင်စ သို့မဟုတ် ၁/၈ ခွက် ခန့်) တစ်နေ့ နှစ်ကြိမ်သောက်ရုံဖြင့် မိနစ် ၃၀ အိပ်ရာထဲစောစောဝင်ရပြီး မိနစ် ၃၀ အိပ်ယာထ နောက်ကျစေပါတယ်။
၃. သစ်ကြားသီးစေ့အစိမ်း
သစ်ကြားသီးအစေ့မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စေရန်လှုံ့ဆော်ပေးတဲ့ အသားအရောင်ပြောင်းလဲပေးတဲ့ ဟော်မုန်းဓါတ်ပါဝင်သောကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်လို့ Texas တက္က သိုလ်လေ့လာချက်အရ သိရပါတယ်။ တနေ့ ဂရမ် ၃၀ သို့မဟုတ် ၁၄ ခြမ်းခန့် စားသုံးနိုင်ပါတယ်။ သစ်ကြားစေ့မှာ နှလုံးအားကောင်းစေတဲ့ Omega 3's အက်ဆစ်၊ ဗီတာမင် E၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင်အရောအနှော(B Complex) တို့လည်း ပါဝင်ပါတယ်။
၄. ဂရိဒိန်ချဉ်
အခုလောလောဆယ်မှာ ဂရိဒိန်ချဉ် ရေပန်းစားနေပါတယ်။ ဂရိဒိန်ချဉ်တွင် နှစ်နျစ်ခြိုက်ခြိုက်အိပ်စေတဲ့ အသားဓါတ်၊ ကယ်လ်စီယမ်ဓါတ်နှင့် ဗီတာမင် B12 တို့ပါဝင်တဲ့အပြင် ဗီတာမင် D၊ ပိုတက်ဆီယမ်နဲ့ အခြားအဟာရဓါတ်တို့ ပါဝင်ပါတယ်။ ဒိန်ချဉ်ဟာ နေ့လည် သို့မဟုတ် အိပ်ချိန်အတွက် အကောင်းဆုံး သရေစာ တစ်ခုဖြစ်ပြီး အစေ့၊သစ်သီးနှင့် ကိုကိုးတို့ထည့်ပြီး စားသုံးနိုင်ပါတယ်။
၅. ဖရုံစေ့
ဖရုံစေ့ဟာ အိပ်ချင်မှုကိုနှစ်ဆဖြစ်စေပါတယ်။ ဖရုံစေ့ ၁၀၀ ဂရမ်မှာ အသားဓါတ်အများအပြား ပါဝင်တဲ့ amino အက်ဆစ် ၆၀၀ မီလီဂရမ်အပြင် ဇင့်ပါဝင်သောကြောင့် အိပ်ချင်မှုကို နှစ်ဆ ဖြစ်စေပါတယ်။ ဖရုံစေမှာ ဗီတာမင် E၊ မဂ္ဂနီဆီယမ်၊ အသားဓါတ်နဲ့ သံဓါတ်တို့ ပါဝင်ပါတယ်။ ဇင့်ဓါတ်အများအပြား ရရှိစေဖို့အတွက် ဖရုံစေ့လှော် ၁/၄ ခွက် စားသုံးပါ။
၆. မှို
မှိုတွင် ဗီတာမင် D၊ ဆဲလ်လီနီယမ်(selenium)၊ ပိုတက်ဆီယမ်တို့ ပါဝင်တာကြောင့် သင့်ရဲ့အိပ်စက်မှုကို မြှင့်တင်ပေးပါတယ်။ တစ်နေ့မှိုဟင်းခွက် တစ်ဝက်စားသုံးရုံဖြင့် တစ်နေ့မှာ ဆဲလ်လီနီ ယမ်(selenium) ၁/၃ ကိုရရှိမယ်ဖြစ်ပြီး ဗီတာမင် B2 နှင့် B3 ကိုလည်းရရှိစေပါတယ်။
၇. ခရမ်းချဉ်သီး
လိမ္မော်သီးနှင့် ခရမ်းချဉ်သီး အမှည့်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေတဲ့ Lycopene ဓါတ် ပါဝင်ပါတယ်။ ခရမ်းချဉ်သီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင်အရောအနှော(B Complex)၊ ဗီတာမင် K နဲ့ မဂ္ဂနီဆီယမ်တို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးအနှစ်နဲ့ ဖျော်ရည်ကိုသောက်ပါ။
၈. ဆော်လမွန်ငါးနှင့် ပင်လယ်ငါးကြီး
ငါးဟင်းကို အိပ်ဆေးလို့ပြောရပါလိမ့်မယ်။ အထူးသဖြင့် ဆော်လမွန်ငါးနှင့် ပင်လယ်ငါးကြီးဟာ အရမ်းကို အာဟာရဖြစ်စေပါတယ်။ ဒီငါးဟင်းနှစ်မျိုးလုံးမှ အသည်း၊ မျက်စိ၊ အဆစ်နှင့် မှတ်ဉာဏ်ကောင်းစေပါတယ်။ တစ်နေ့မှာ ဆော်လမွန်ငါး ၄ အောင်စ စားသုံးခြင်းဖြင့် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် B12 ၂၃၆% ကျော်၊ ဗီတာမင် D ၁၂၇% ကျော်၊ ဆလီနီယန်ဓါတ် ၇၈% နှင့် ဗီတာမင် B3၊ Omega 3s အဆီဓါတ် ရရှိစေပြီး တစ်နေ့မှာ ပင်လယ်ငါးကြီးသား ၄ အောင်စ စားသုံးရုံမျှဖြင့် ဗီတာမင် B12 ရဲ့ RDI ၁၀၀%၊ ဆလီနီယန်ဓါတ် ၅၇%၊ ဗီတာမင် B3 နှင့် B6၊ ပိုတက်ဆိယမ် နှင့် Omega 3s အဆီဓါတ်ကို ရရှိစေပါတယ်။
၉. အုန်းဆီစစ်စစ်
အုန်းဆီရဲ့ နှလုံးကျန်းမာရေး အားကောင်းစေတဲ့ ဂုဏ်သတ္တိတွေအတွက် အခြေတင်ပြောဆိုနေပါတယ်။ ဒီအစားအသောက်မှာ ကောင်းကောင်း မအိပ်စေနိုင်တဲ့ ထောပတ်ကဲ့သို့ အဆီအနှစ်တွေကို ဆန့်ကျင်တဲ့ပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်စေတဲ့ ဒိုဒီကန်နွိုက် အက်ဆစ် ပါဝင်ပါတယ်။ အုန်းဆီရဲ့ ၅၀ ရာနှုန်းခန့်မှာ လောရစ် အက်ဆစ်နှင့် အန်တီအောစီဒန့်ဓါတ် သတ္တုတွေ ပါဝင်ပါတယ်။
၁၀. ကိုက်လန်ရွက်
ကိုက်လန်ရွက်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းနဲ့ ကိုယ်ခန္ဓာကျန်းမားရေးအတွက် အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။ ကိုက်လန်ရွက်မှာ ဗီတာမင် K၊ ဗီတာမင် A နှင့် ဗီတာမင် C အပြင် သံဓါတ်၊ Omega 3s အဆီဓါတ် နဲ့ အာဟာရပေါင်းများစွာ ပါဝင်ပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top