iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာင္းမွာ ကာယေလ့က်င့္ခန္းလုပ္ရတုိင္း အေၾကာဆန္႔ ေလ့က်င့္ခန္းက မပါမျဖစ္ ပါဝင္ပါတယ္။ နည္းျပဆရာက အေၾကာဆန္႔ျခင္းေၾကာင့္ ရလာႏိုင္မယ့္ ေကာင္းက်ိဳးေတြကိုလည္း ေျပာျပတယ္မဟုတ္လား။ အရြယ္ေရာက္လုိ႔ လုပ္ငန္းခြင္ဝင္ခ်ိန္မွာလည္း အေၾကာဆန္႔ေပးတဲ့အက်င့္ေလးကို ေမြးျမဴထားဖုိ႔ လိုပါတယ္။ ဘာေၾကာင့္လဲဲဆုိေတာ့ အေၾကာဆန္႕ျခင္းက ခႏၶာကိုယ္အတြက္ အရမ္းကိုေကာင္းက်ိဳးေပးလို႔ပါပဲ။

၁။ လန္းဆန္းေစ

ပင္္ပန္းႏြမ္းနယ္ေနခ်ိန္မွာ အေၾကာအျခင္ေတြ ေျပေလ်ာ့သြားေအာင္ ဆန္႔ထုတ္လိုက္ပါ။ မိနစ္အနည္းငယ္ ျပဳလုပ္ရင္ကိုပဲ ခႏၶာကိုယ္တြင္းက ေသြးလည္ပတ္စီးဆင္းမႈ ပိုေကာင္းလာၿပီး လူလည္း လန္းဆန္းလာပါတယ္။

၂။ ေျခခိုင္တယ္

အေၾကာဆန္႔ျခင္းဟာ ခႏၶာကိုယ္ကို ဟန္ခ်က္ထိန္းေပးရာလည္း ေရာက္ပါတယ္။ ဒါေၾကာင့္ ဟန္ခ်က္ပ်က္ၿပီး ေခ်ာ္လဲတာမ်ိဳး ျဖစ္ေလ့ျဖစ္ထမရွိပါဘူး။

၃။ သြက္သြက္လက္လက္လႈပ္ရွားႏိုင္

အေၾကာဆန္႔ျခင္း/အေၾကာေလွ်ာ့ျခင္းကို ေန႔စဥ္ပံုမွန္ ျပဳလုပ္ေနသူေတြဟာ ၾကြက္သားေတြေတာင့္တင္းတာ၊ အဆစ္အျမစ္ကိုက္ခဲတာေတြကို သက္သာေစပါတယ္။ ခႏၶာကိုယ္က လႈပ္ရွားတဲဲ့အခါ ၾကြက္သားေတြက ေပါ့ပါးေနလို႔ ပိုၿပီးသြက္သြက္လက္လက္ လႈပ္ရွားႏုိင္တာေပါ့။

၄။ ေသြးတြင္းသၾကားဓာတ္ေလ်ာ့နည္း

ေသြးထဲမွာ သၾကားဓာတ္မ်ားေနရင္ ဆီးခ်ိဳ၊ေသြးခ်ိဳ ျဖစ္ႏိုင္ပါတယ္။ အခ်ိဳမ်ားတဲ့အရည္တစ္ခုခု ေသာက္ၿပီးတုိင္းမွာ မိနစ္ ၄၀ ၾကာ အေၾကာဆန္႔ေလ့က်င့္ခန္းလုပ္ေပးမယ္ဆုိ ဆီးခ်ိဳေရာဂါ အမ်ိဳးအစား ၂ မျဖစ္ေအာင္ ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ၂၀၁၁ ခုႏွစ္အတြင္း ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုက ဆုိပါတယ္။

၅။ စိတ္ဖိစီးမႈေလ်ာ့နည္း

အေၾကာဆန္႔လိုက္ရင္ တစ္ကိုယ္လံုးေညာင္းညာ ကိုက္ခဲတာေတြလည္း သက္သာသြားတယ္၊ စိတ္လည္း လန္းသြားတယ္။ ဒါေၾကာင့္မုိ႔လို႔ ေတာ္ရံုစိတ္ညစ္စရာေတြဟာ အေၾကာေလးဆန္႔လိုက္ရံုနဲ႔တင္ ေပ်ာက္သြားႏိုင္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျောင်းမှာ ကာယလေ့ကျင့်ခန်းလုပ်ရတိုင်း အကြောဆန့် လေ့ကျင့်ခန်းက မပါမဖြစ် ပါဝင်ပါတယ်။ နည်းပြဆရာက အကြောဆန့်ခြင်းကြောင့် ရလာနိုင်မယ့် ကောင်းကျိုးတွေကိုလည်း ပြောပြတယ်မဟုတ်လား။ အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ချိန်မှာလည်း အကြောဆန့်ပေးတဲ့အကျင့်လေးကို မွေးမြူထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြောဆန့်ခြင်းက ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းကျိုးပေးလို့ပါပဲ။

၁။ လန်းဆန်းစေ

ပင်ပန်းနွမ်းနယ်နေချိန်မှာ အကြောအခြင်တွေ ပြေလျော့သွားအောင် ဆန့်ထုတ်လိုက်ပါ။ မိနစ်အနည်းငယ် ပြုလုပ်ရင်ကိုပဲ ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်စီးဆင်းမှု ပိုကောင်းလာပြီး လူလည်း လန်းဆန်းလာပါတယ်။

၂။ ခြေခိုင်တယ်

အကြောဆန့်ခြင်းဟာ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းပေးရာလည်း ရောက်ပါတယ်။ ဒါကြောင့် ဟန်ချက်ပျက်ပြီး ချော်လဲတာမျိုး ဖြစ်လေ့ဖြစ်ထမရှိပါဘူး။

၃။ သွက်သွက်လက်လက်လှုပ်ရှားနိုင်

အကြောဆန့်ခြင်း/အကြောလျှော့ခြင်းကို နေ့စဉ်ပုံမှန် ပြုလုပ်နေသူတွေဟာ ကြွက်သားတွေတောင့်တင်းတာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားတဲ့အခါ ကြွက်သားတွေက ပေါ့ပါးနေလို့ ပိုပြီးသွက်သွက်လက်လက် လှုပ်ရှားနိုင်တာပေါ့။

၄။ သွေးတွင်းသကြားဓာတ်လျော့နည်း

သွေးထဲမှာ သကြားဓာတ်များနေရင် ဆီးချို၊သွေးချို ဖြစ်နိုင်ပါတယ်။ အချိုများတဲ့အရည်တစ်ခုခု သောက်ပြီးတိုင်းမှာ မိနစ် ၄၀ ကြာ အကြောဆန့်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆို ဆီးချိုရောဂါ အမျိုးအစား ၂ မဖြစ်အောင် ထိန်းချုပ်နိုင်တယ်လို့ ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုက ဆိုပါတယ်။

၅။ စိတ်ဖိစီးမှုလျော့နည်း

အကြောဆန့်လိုက်ရင် တစ်ကိုယ်လုံးညောင်းညာ ကိုက်ခဲတာတွေလည်း သက်သာသွားတယ်၊ စိတ်လည်း လန်းသွားတယ်။ ဒါကြောင့်မို့လို့ တော်ရုံစိတ်ညစ်စရာတွေဟာ အကြောလေးဆန့်လိုက်ရုံနဲ့တင် ပျောက်သွားနိုင်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top