iMyanmarHouse.com - Best Property Website for Myanmar
×


Credit:မိုမိုလေး

#Unicode version

မျက်နှာမှာ ဝက်ခြံတွေ၊ အမာရွတ်တွေ မရှိဘူးဆိုပေမယ့် ချွေးပေါက်ကျယ်တာတွေကြောင့် စိတ်ညစ်နေရတဲ့သူတွေ အများအပြားရှိပါတယ်။ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပြီးတဲ့အခါမှာလည်း ချွေးပေါက်တွေ ကျယ်သွားတတ်ပါတယ်။ ဒါကို အမြန်ဆုံး ပျောက်ကင်းစေနိုင်မယ့် တခုတည်းသော နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

သံပရာသီး၊ ဒိန်ခဲနဲ့ နှင်းဆီရည်ပဲ လိုအပ်တာမို့ အရမ်းကြီး မခက်ဘူးနော်… ပထမဦးဆုံး သံပရာသီးကို အခွံနွှာလိုက်ပါ။ အခွံတွေ ပါးပြီး ပျော့လေ ပိုကောင်းလေပါပဲ။ ကြိတ်စက်နဲ့ ကြိတ်ပေးရင် အကောင်းဆုံးပါပဲ။ ခွက်လွတ်တစ်လုံးထဲကို ဒိန်ချဉ်ခဲ လက်ဖက်စားဇွန်း (၁) ဇွန်း ထည့်လိုက်ပါ။ အခွံနွှာထား(သို့မဟုတ်) ကြိတ်ထားတဲ့ သံပရာသီးအခွံလေးတွေကို ဒိန်ခဲနဲ့အတူ ရောထည့်လိုက်ပါ။ နှင်းဆီရည် (ROSE WATER) နှစ်စက်လောက် ထည့်ပေးကာ မွှေလိုက်ပါ။
ခုဆိုရင်တော့ မျက်နှာမှာ စိတ်ညစ်အောင် နှောင့်ယှက်နေတဲ့ ချွေးပေါက်ရှိတဲ့ နေရာတွေအပေါ်မှာ သုတ်လိမ်းပေးပါ။ ခြောက်သွေ့သွားပြီဆိုရင်တော့ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။ ရေများများနဲ့ပဲသစ်နော်.. မျက်နှာသစ်ဆပ်ပြာ မသုံးဘဲ သစ်နော်… ဒါဆိုရင်တော့ ချွေးပေါက်တွေ ကျဉ်းသွားပါပြီ.
Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top