iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးအိတ္ကင္ဆာဟာ အျဖစ္မ်ားဆံုး ကင္ဆာစာရင္းမွာ ပါဝင္ေလ့ရွိၿပီး ဆီးအိတ္ကင္ဆာခံစားရသူ အေရအတြက္ဟာ ယူေကမွာ တစ္ႏွစ္ကို လူေပါင္း ၁၀၃၀၀ ရွိတယ္လုိ႔ သိရပါတယ္။ အျခားႏုိင္ငံေတြမွာလည္း ဆီးအိတ္ကင္ဆာျဖစ္ပြားသူဦးေရဟာ ႏွစ္စဥ္ ျမင့္တက္လာေနပါတယ္။ ဆီးအိတ္ဟာ တင္ပဆံု႐ိုးနားမွာ တည္႐ွိေနၿပီး ဆီးေတြကို သိုေလွာင္ထားတဲ့ အေခါင္းပြေလအိတ္ျဖစ္ကာ ပူေဖာင္းတစ္လံုးနဲ႔ ပံုစံတူပါတယ္။

ဆီးအိတ္ကင္ဆာဟာ ဆီးအိတ္အတြင္းမွာ ျဖစ္ပြားေနတဲ့ ကင္ဆာဆဲလ္ေတြက ၾကြက္သားေတြကိုထိုးေဖာက္ျပန္႔ပြားႏိုင္ၿပီး ခႏၶာကိုယ္ရဲ႕ အျခားေနရာေတြကိုပါ ထိခိုက္ေစပါတယ္။ ဆီးအိတ္ကင္ဆာျဖစ္ပြားရျခင္း အေၾကာင္းရင္းေတြထဲမွာ အသက္အရြယ္ကလည္း ဆက္ႏႊယ္ေနပါတယ္။ အသက္ ၆၀ ေက်ာ္သူေတြမွာ ဆီးအိတ္ကင္ဆာ ျဖစ္ႏိုင္ၿပီး ေဆးလိပ္ေသာက္တတ္သူေတြဆုိရင္ ျဖစ္ႏိုင္ေျခ ပိုမ်ားတယ္လို႔ သိရပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အမ်ိဳးသားေတြမွာ အျဖစ္မ်ားပါတယ္။

ဆီးအိတ္ကင္ဆာရဲ႕ လကၡဏာရပ္ေတြကိုလည္း သိထားသင့္ပါတယ္။

၁။ အသိသာဆံုးကေတာ့ ဆီးထဲမွာ ေသြးပါတာပါပဲ။ နာက်င္မႈကို မခံစားရဘဲ ဆီးက ပန္းေရာင္၊ အနီေရာင္ ျဖစ္ေနျခင္းဟာ ဆီးထဲမွာေသြးပါဝင္ေနလို႔ပါ။

၂။ ေနာက္တစ္ခ်က္ေတာ့ ဆီးသြားတုိင္း အရမ္းကိုနာက်င္ေနတာျဖစ္ပါတယ္။

၃။ ဆီးမၾကာခဏ သြားပါတယ္။ သြားခ်င္လာရင္လည္း ထိန္းထားလို႔မရပါဘူး။

၄။ အရိုး၊ တင္ပဆံု႐ိုးေတြ နာက်င္မႈကို ခံစားေနရပါတယ္။

၅။ ကိုယ္အေလးခ်ိန္ သိသိသာသာ က်ဆင္းသြားပါတယ္။

၆။ ေျခေထာက္ေတြက ေရာင္ရမ္းေနပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

 ဆီးအိတ်ကင်ဆာဟာ အဖြစ်များဆုံး ကင်ဆာစာရင်းမှာ ပါဝင်လေ့ရှိပြီး ဆီးအိတ်ကင်ဆာခံစားရသူ အရေအတွက်ဟာ ယူကေမှာ တစ်နှစ်ကို လူပေါင်း ၁၀၃၀၀ ရှိတယ်လို့ သိရပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီးအိတ်ကင်ဆာဖြစ်ပွားသူဦးရေဟာ နှစ်စဉ် မြင့်တက်လာနေပါတယ်။ ဆီးအိတ်ဟာ တင်ပဆုံရိုးနားမှာ တည်ရှိနေပြီး ဆီးတွေကို သိုလှောင်ထားတဲ့ အခေါင်းပွလေအိတ်ဖြစ်ကာ ပူဖောင်းတစ်လုံးနဲ့ ပုံစံတူပါတယ်။

ဆီးအိတ်ကင်ဆာဟာ ဆီးအိတ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ကင်ဆာဆဲလ်တွေက ကြွက်သားတွေကိုထိုးဖောက်ပြန့်ပွားနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကိုပါ ထိခိုက်စေပါတယ်။ ဆီးအိတ်ကင်ဆာဖြစ်ပွားရခြင်း အကြောင်းရင်းတွေထဲမှာ အသက်အရွယ်ကလည်း ဆက်နွှယ်နေပါတယ်။ အသက် ၆၀ ကျော်သူတွေမှာ ဆီးအိတ်ကင်ဆာ ဖြစ်နိုင်ပြီး ဆေးလိပ်သောက်တတ်သူတွေဆိုရင် ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ များသောအားဖြင့်တော့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။

ဆီးအိတ်ကင်ဆာရဲ့ လက္ခဏာရပ်တွေကိုလည်း သိထားသင့်ပါတယ်။

၁။ အသိသာဆုံးကတော့ ဆီးထဲမှာ သွေးပါတာပါပဲ။ နာကျင်မှုကို မခံစားရဘဲ ဆီးက ပန်းရောင်၊ အနီရောင် ဖြစ်နေခြင်းဟာ ဆီးထဲမှာသွေးပါဝင်နေလို့ပါ။

၂။ နောက်တစ်ချက်တော့ ဆီးသွားတိုင်း အရမ်းကိုနာကျင်နေတာဖြစ်ပါတယ်။

၃။ ဆီးမကြာခဏ သွားပါတယ်။ သွားချင်လာရင်လည်း ထိန်းထားလို့မရပါဘူး။

၄။ အရိုး၊ တင်ပဆုံရိုးတွေ နာကျင်မှုကို ခံစားနေရပါတယ်။

၅။ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားပါတယ်။

၆။ ခြေထောက်တွေက ရောင်ရမ်းနေပါတယ်။

 Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top