iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းေလွ်ာ္တာ ပုံမွန္လုပ္ရုိး လုပ္စဥ္တစ္ခု ျဖစ္ေပမယ့္ လူေတြ အလြဲလြဲအမွားမွား လုပ္ေနၾကတယ္လို႕ ေျပာရင္ သင္ အံ့အားသင့္ပါလိမ့္မယ္။ ေခါင္းေလွ်ာ္ရာမွာ ေရွာင္ရွားရန္ လုိအပ္တဲ့ အမွားအယြင္းေတြ ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့. . .

ကုိယ္ဆံပင္အမ်ိဳးအစားနဲ႕ မသင့္ေတာ္တဲ့ ေခါင္းေလွ်ာ္ရည္ ေရြးခ်ယ္ျခင္း

မိမိဆံပင္နဲ႔ သင့္ေတာ္တဲ့ ေခါင္းေလွ်ာ္ရည္ အသုံးျပဳဖုိ႔ လုိပါတယ္။ မိမိဆံေကသာဟာ ဘယ္လုိအမ်ဳိးအစားလဲ -အေျခာက္၊ အဆီျပန္၊ က်ိဳးလြယ္ျပတ္လြယ္လားဆိုတာ သိေအာင္လုပ္ျပီး လုိအပ္ပါက ကုိယ္နဲ႔အလုိုက္ဖက္ဆုံးကို သိရိွဖုိ႔ ဆံပင္အလွျပင္ဆရာ (သုိ႔) အေရျပားေရာဂါ အထူးကုဆရာဝန္နဲ႔ တုိင္ပင္ပါ။ ေနာက္ ဆံပင္ေပ်ာ့ေဆးအျဖစ္ပါ သုံးႏိုင္တဲ့ ေခါင္းေလွ်ာက္ရည္ေတြ ေရွာင္ပါ။ ဘာေၾကာင့္လဲဆုိေတာ့ ကုန္က်စရိတ္သက္သာေစဟန္ရိွေပမယ့္ တစ္ခ်ိန္တည္းမွာ ေခါင္းေလွ်ာ္၊ ဆံပင္ေပ်ာ့ေပ်ာင္းေစဖုိ႔ မျဖစ္ႏုိင္လို႕ပါ။

ဆံပင္ေရသိပ္မစိုျခင္း

ေခါင္းမေလွ်ာ္ခင္ ဆံပင္စိုရႊဲေနဖုိ႔ လုုိပါတယ္။ သုိ႔မဟုတ္ပါက ေခါင္းေလွ်ာ္ရည္ ေကာင္းစြာ အက်ဳိးမသက္ေရာက္ပါ။ ေခါင္းမေလွ်ာ္ခင္ ေရပန္းေအာက္မွာ ၂-၃ မိနစ္အရင္ ေနပါ။

အဓိကေနရာ မေလွ်ာ္မိျခင္း

ေခါင္းေလွ်ာ္ရည္က ဆံပင္အဖ်ားထက္ အရင္းအတြက္ ပိုအဓိကက်ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါ ဆံပင္အရင္းကို ဦးစားေပးျပီး အဖ်ားကိုေတာ့ ေပ်ာ့ေဆးေလး သုံးေပးပါ။ ျပီးေတာ့ ဆံပင္ကို တစ္ေနရာတည္းမွာ စမေလွ်ာ္ပါနဲ႔ အဲဒီဦးေရျပားေနရာ ကြက္ျပီး ေျခာက္ေသြ႔ေစတတ္ပါတယ္။

မၾကာခဏ ေခါင္းေလွ်ာ္ျခင္း

မၾကာခဏေခါင္းေလွ်ာ္ျခင္းက ဆံပင္ေျခာက္ေသြ႔ေစတတ္လုိ႔ သိပ္မေကာင္းပါဘူး။ ျဖစ္ႏိုင္ရင္ အမ်ားဆုံး ႏွစ္ရက္တစ္ခါပဲ ေလွ်ာ္ပါ။ ဆံပင္ကပ္ေစး ကပ္ေစးျဖစ္ေနပါက အညစ္အေၾကးေတြ ရွင္းထုတ္ဖုိ႔ dry shampoo အနည္းငယ္သုံးေပးပါ။

မွားယြင္းစြာ ေရေဆးေၾကာျခင္း

ေခါင္းေလွ်ာ္ရည္ကို ခ်က္ခ်င္းေရေဆးမခ်လုိက္ပါနဲ႔။ ေဆးခ်ပါက ေခါင္းေလွ်ာ္ရည္ရဲ႕ အာနိသင္ေပ်ာက္ဆံုးျပီး ျဖစ္သင့္သေလာက္အက်ဳိးေရာက္မႈ ရိွမွာ မဟုတ္လို႕ပါ။ အျမဳပ္ထေအာင္လုပ္ျပီး ၂ မိနစ္ထားျပီးမွသာ ေဆးခ်ပါ။ ေရေႏြးဘယ္ေလာက္ၾကိဳက္ၾကိဳက္ ေရေအးနဲ႔ပဲ ေဆးခ်ပါ။ ဆံပင္ရင္း ဦးေရျပား ေကာင္းမြန္ေစပါလိမ့္မယ္။ ဒီေတာ့မွသာ ဆံေကသာ ႏူးညံ့ေတာက္ပျပီး ဆံပင္ကြ်တ္ျခင္း ကင္းေဝးေစပါလိမ့္မယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခေါင်းလျှော်တာ ပုံမှန်လုပ်ရိုး လုပ်စဉ်တစ်ခု ဖြစ်ပေမယ့် လူတွေ အလွဲလွဲအမှားမှား လုပ်နေကြတယ်လို့ ပြောရင် သင် အံ့အားသင့်ပါလိမ့်မယ်။ ခေါင်းလျှော်ရာမှာ ရှောင်ရှားရန် လိုအပ်တဲ့ အမှားအယွင်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့. . .

ကိုယ်ဆံပင်အမျိုးအစားနဲ့ မသင့်တော်တဲ့ ခေါင်းလျှော်ရည် ရွေးချယ်ခြင်း

မိမိဆံပင်နဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည် အသုံးပြုဖို့ လိုပါတယ်။ မိမိဆံကေသာဟာ ဘယ်လိုအမျိုးအစားလဲ -အခြောက်၊ အဆီပြန်၊ ကျိုးလွယ်ပြတ်လွယ်လားဆိုတာ သိအောင်လုပ်ပြီး လိုအပ်ပါက ကိုယ်နဲ့အလိုက်ဖက်ဆုံးကို သိရှိဖို့ ဆံပင်အလှပြင်ဆရာ (သို့) အရေပြားရောဂါ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက် ဆံပင်ပျော့ဆေးအဖြစ်ပါ သုံးနိုင်တဲ့ ခေါင်းလျှောက်ရည်တွေ ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်သက်သာစေဟန်ရှိပေမယ့် တစ်ချိန်တည်းမှာ ခေါင်းလျှော်၊ ဆံပင်ပျော့ပျောင်းစေဖို့ မဖြစ်နိုင်လို့ပါ။

ဆံပင်ရေသိပ်မစိုခြင်း

ခေါင်းမလျှော်ခင် ဆံပင်စိုရွှဲနေဖို့ လိုုပါတယ်။ သို့မဟုတ်ပါက ခေါင်းလျှော်ရည် ကောင်းစွာ အကျိုးမသက်ရောက်ပါ။ ခေါင်းမလျှော်ခင် ရေပန်းအောက်မှာ ၂-၃ မိနစ်အရင် နေပါ။

အဓိကနေရာ မလျှော်မိခြင်း

ခေါင်းလျှော်ရည်က ဆံပင်အဖျားထက် အရင်းအတွက် ပိုအဓိကကျပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ဦးစားပေးပြီး အဖျားကိုတော့ ပျော့ဆေးလေး သုံးပေးပါ။ ပြီးတော့ ဆံပင်ကို တစ်နေရာတည်းမှာ စမလျှော်ပါနဲ့ အဲဒီဦးရေပြားနေရာ ကွက်ပြီး ခြောက်သွေ့စေတတ်ပါတယ်။

မကြာခဏ ခေါင်းလျှော်ခြင်း

မကြာခဏခေါင်းလျှော်ခြင်းက ဆံပင်ခြောက်သွေ့စေတတ်လို့ သိပ်မကောင်းပါဘူး။ ဖြစ်နိုင်ရင် အများဆုံး နှစ်ရက်တစ်ခါပဲ လျှော်ပါ။ ဆံပင်ကပ်စေး ကပ်စေးဖြစ်နေပါက အညစ်အကြေးတွေ ရှင်းထုတ်ဖို့ dry shampoo အနည်းငယ်သုံးပေးပါ။

မှားယွင်းစွာ ရေဆေးကြောခြင်း

ခေါင်းလျှော်ရည်ကို ချက်ချင်းရေဆေးမချလိုက်ပါနဲ့။ ဆေးချပါက ခေါင်းလျှော်ရည်ရဲ့ အာနိသင်ပျောက်ဆုံးပြီး ဖြစ်သင့်သလောက်အကျိုးရောက်မှု ရှိမှာ မဟုတ်လို့ပါ။ အမြုပ်ထအောင်လုပ်ပြီး ၂ မိနစ်ထားပြီးမှသာ ဆေးချပါ။ ရေနွေးဘယ်လောက်ကြိုက်ကြိုက် ရေအေးနဲ့ပဲ ဆေးချပါ။ ဆံပင်ရင်း ဦးရေပြား ကောင်းမွန်စေပါလိမ့်မယ်။ ဒီတော့မှသာ ဆံကေသာ နူးညံ့တောက်ပပြီး ဆံပင်ကျွတ်ခြင်း ကင်းဝေးစေပါလိမ့်မယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top