iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ေတာ္မွန္ကန္တဲ့ ပစၥည္းေတြနဲ႔ မ်က္ႏွာမသစ္ျခင္း သုိ႔မဟုတ္ ႏုိ႔ထြက္ပစၥည္းေတြ အလြန္အကြ်ံစားသုံးျခင္း ဒီအျပဳအမူေတြ ရပ္တန္႔ပါလုိ႔ ကြ်မ္းက်င္သူတစ္ဦးက ဆုိပါတယ္။ မ်က္ႏွာမွာ ဝက္ျခံေတြ ထြက္လာတာ  စားေသာက္မႈပုံစံနည္းလမ္းမမွန္ျခင္း၊ အလွအပထိန္းသိမ္းပစၥည္းသုံးစြဲမႈ နည္းလမ္းလြဲေခ်ာ္ျခင္းတို႔ေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

မ်က္ႏွာပံုမွန္ မသစ္တာ

ေဆးစြက္ထားတဲ့ မ်က္ႏွာသစ္ေဆး တစ္ေန႔ ၂ ၾကိမ္အသုံးျပဳေပးဖုိ႔ အေရးၾကီးပါတယ္။ ဒါေပမယ့္ အရမ္းျပင္းတဲ့ မ်က္ႏွာသစ္ေဆးနဲ႔ မၾကာခဏသစ္ျခင္းက ဝက္ျခံေတြကို ပိုဆိုးေစျပီး မ်က္ႏွာ ပိုမိုေျခာက္ေသြ႔ေစတတ္ပါတယ္။

ႏုိ႔ထြက္ပစၥည္း ေန႔စဥ္အသုံးျပဳျခင္း

ႏုိ႔ထြက္ပစၥည္းေတြမွာ အထူးသျဖင့္ ႏုိ႔မွာေတြ႔ရတဲ့ ေဟာ္မုန္း IGF 1 ေျမာက္မ်ားစြာ ပါဝင္ျပီး ေရာင္ရမ္းမႈျဖစ္ေစႏုိင္ပါတယ္။ ႏုိ႔က အသည္းကို IGF 1 ထုတ္လုပ္ေစတဲ့ ေသြးတြင္းသၾကားသၾကားဓာတ္ပမာဏ ရုတ္တရက္ျမင့္တက္မႈ ျဖစ္ေစပါတယ္။ မ်က္ႏွာအဆီ အလြန္အကြ်ံထုတ္လုပ္တာက ေခြ်းေပါက္ပိတ္ျခင္းနဲ႔ ဝက္ျခံေတြ ပိုမိုျဖစ္ပြားေစပါတယ္။

စမတ္ဖုန္းသုံးစြဲမႈမ်ားလြန္းျခင္း

စမတ္ဖုန္းေတြက ဝက္ျခံေတြျဖစ္ပြားရျခင္းအေၾကာင္းအရင္းေတြထဲက တစ္ခုျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္နဲ႔စကားေျပာေနစဥ္ ဖုန္းကို မ်က္ႏွာေပၚအပ္ထားတဲ့အခါမွာ ဘက္တီးရီးယားပိုးေတြ ေခြ်းေပါက္ထဲ ေရာက္သြားျပီး ေနာက္ဆုံး ဝက္ျခံေတြ ျဖစ္ပြားေစပါတယ္။

မ်က္ႏွာမွာ body cream အသုံးျပဳျခင္း

ခႏၶာကုိယ္အသားေရထိန္းသိမ္းပစၥည္းအမ်ားစုက မ်က္ႏွာေပၚ ဝက္ျခံေတြ ျဖစ္ေစႏုိင္ပါတယ္။ တခ်ဳိ႕ေတြ အလွပုိတုိးေစဖုိ႔ မ်က္ႏွာေပၚ ခႏၶာကိုယ္အသားေရထိန္းသိမ္းပစၥည္းေတြ မ်က္ႏွာမွာ အသုံးျပဳၾကပါတယ္။ Body lotion ကို မ်က္ႏွာမွာ သုံးတာက ဝက္ျခံေတြ ျဖစ္ပြားေစႏုိင္ျပီး အထူးသျဖင့္ အသားအေရ sensitive ျဖစ္ရင္ ျပသနာ ရိွႏုိင္ပါတယ္။

ေန႔စဥ္စားသုံးတဲ့ အစားအေသာက္ျပသနာ

ခ်ဳိတဲ့အစားအေသာက္ေတြက အသားအေရအတြက္ အျမဲတမ္း မေကာင္းႏုိင္ပါဘူး။ သၾကားဓာတ္ ေပါၾကြယ္ဝတဲ့ အစားအေသာက္ေတြက ဝက္ျခံျဖစ္ပြားတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ႏုိင္ပါတယ္။ သၾကား၊ ကစီဓာတ္ၾကြယ္ဝတဲ့ စားေသာက္ဖြယ္ကို ေရွာင္ပါ။ သစ္သီးဝလံ၊ ဟင္းသီးဟင္းရြက္ေတြနဲ႕ ဗီတာမင္ၾကြယ္၀တဲ့ အစားအေသာက္ေတြကို သုံးေဆာင္ပါ။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင့်တော်မှန်ကန်တဲ့ ပစ္စည်းတွေနဲ့ မျက်နှာမသစ်ခြင်း သို့မဟုတ် နို့ထွက်ပစ္စည်းတွေ အလွန်အကျွံစားသုံးခြင်း ဒီအပြုအမူတွေ ရပ်တန့်ပါလို့ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ မျက်နှာမှာ ဝက်ခြံတွေ ထွက်လာတာ  စားသောက်မှုပုံစံနည်းလမ်းမမှန်ခြင်း၊ အလှအပထိန်းသိမ်းပစ္စည်းသုံးစွဲမှု နည်းလမ်းလွဲချော်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

မျက်နှာပုံမှန် မသစ်တာ

ဆေးစွက်ထားတဲ့ မျက်နှာသစ်ဆေး တစ်နေ့ ၂ ကြိမ်အသုံးပြုပေးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးနဲ့ မကြာခဏသစ်ခြင်းက ဝက်ခြံတွေကို ပိုဆိုးစေပြီး မျက်နှာ ပိုမိုခြောက်သွေ့စေတတ်ပါတယ်။

နို့ထွက်ပစ္စည်း နေ့စဉ်အသုံးပြုခြင်း

နို့ထွက်ပစ္စည်းတွေမှာ အထူးသဖြင့် နို့မှာတွေ့ရတဲ့ ဟော်မုန်း IGF 1 မြောက်များစွာ ပါဝင်ပြီး ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ နို့က အသည်းကို IGF 1 ထုတ်လုပ်စေတဲ့ သွေးတွင်းသကြားသကြားဓာတ်ပမာဏ ရုတ်တရက်မြင့်တက်မှု ဖြစ်စေပါတယ်။ မျက်နှာအဆီ အလွန်အကျွံထုတ်လုပ်တာက ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံတွေ ပိုမိုဖြစ်ပွားစေပါတယ်။

စမတ်ဖုန်းသုံးစွဲမှုများလွန်းခြင်း

စမတ်ဖုန်းတွေက ဝက်ခြံတွေဖြစ်ပွားရခြင်းအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့စကားပြောနေစဉ် ဖုန်းကို မျက်နှာပေါ်အပ်ထားတဲ့အခါမှာ ဘက်တီးရီးယားပိုးတွေ ချွေးပေါက်ထဲ ရောက်သွားပြီး နောက်ဆုံး ဝက်ခြံတွေ ဖြစ်ပွားစေပါတယ်။

မျက်နှာမှာ body cream အသုံးပြုခြင်း

ခန္ဓာကိုယ်အသားရေထိန်းသိမ်းပစ္စည်းအများစုက မျက်နှာပေါ် ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ တချို့တွေ အလှပိုတိုးစေဖို့ မျက်နှာပေါ် ခန္ဓာကိုယ်အသားရေထိန်းသိမ်းပစ္စည်းတွေ မျက်နှာမှာ အသုံးပြုကြပါတယ်။ Body lotion ကို မျက်နှာမှာ သုံးတာက ဝက်ခြံတွေ ဖြစ်ပွားစေနိုင်ပြီး အထူးသဖြင့် အသားအရေ sensitive ဖြစ်ရင် ပြသနာ ရှိနိုင်ပါတယ်။

နေ့စဉ်စားသုံးတဲ့ အစားအသောက်ပြသနာ

ချိုတဲ့အစားအသောက်တွေက အသားအရေအတွက် အမြဲတမ်း မကောင်းနိုင်ပါဘူး။ သကြားဓာတ် ပေါကြွယ်ဝတဲ့ အစားအသောက်တွေက ဝက်ခြံဖြစ်ပွားတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သကြား၊ ကစီဓာတ်ကြွယ်ဝတဲ့ စားသောက်ဖွယ်ကို ရှောင်ပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်တွေကို သုံးဆောင်ပါ။


Credit:trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top