iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္ျဖတ္သန္းရွင္သန္ေနရတဲ့ အလုပ္ပတ္ဝန္းက်င္မွာ တစ္ေန႔မဟုတ္ တစ္ေန႔ေတာ့ ကိုယ့္ရဲ႕လက္ရွိလုပ္ငန္းခြင္ကို ၿငီးေငြ႕လာတတ္ပါတယ္။ ဝါသနာပါတဲ့ အလုပ္ ကိုလုပ္ေနရတဲ့တိုင္ေအာင္ ပံုမွန္ လည္ပတ္ေနတဲ့ သမား႐ိုးက်ေန႔ရက္ေတြ ကိုတစ္ခါတစ္ရံမွာၿငီးေငြ႕လာတတ္ပါတယ္။ လက္ရွိအေနအထားကို စိတ္ပ်က္လာ တတ္ပါတယ္။ ဒီလိုအေျခအေနတစ္ခုကို လုပ္ငန္းခြင္မွာေရာက္ေနတဲ့သူတိုင္း တစ္ ခ်ိန္မဟုတ္တစ္ခ်ိန္ေတာ့ႀကံဳရမွာမလြဲပါပဲ။ ဒီအေျခအေနကို ဘယ္လိုေက်ာ္လႊားမလဲ။ ကိုယ့္ရဲ႕ ၿငီးေငြ႕မႈ ကို ကုသဖို႔အတြက္ဘယ္လို ကုထံုး ကို အသံုးျပဳသင့္သလဲ။ ဆက္ဖတ္ ၾကည့္ၾကရေအာင္ပါ။

မည္မည္ရရေဆြးေႏြးစရာရွိမွသာ အစည္းအေဝး လုပ္ပါ

လုပ္ငန္းခြင္ မွာပ်င္းစရာအေကာင္း ဆံုးတစ္ခုကိုေျပာပါဆိုရင္ အစည္းအေဝး လုပ္တာပါပဲ။ လိုအပ္လို႔လုပ္သင့္တာထက္ မလိုအပ္ဘဲ လစဥ္၊ အပတ္စဥ္ပံုမွန္အစည္း အေဝးရွိေနတာမ်ိဳးဆိုရင္ ၾကာလာေတာ့ ၿငီးေငြ႕လာႏိုင္ပါတယ္။ ဒါေၾကာင့္အေရး ႀကီးမွသာ အစည္းအေဝး လုပ္ေစခ်င္ပါတယ္။ ကိုယ္ကအစည္းအေဝးလုပ္ခြင့္၊ မလုပ္ခြင့္ ဆံုးျဖတ္ႏိုင္တဲ့လုပ္ပိုင္ခြင့္မရွိတဲ့သူဆိုရင္ လည္း အစည္းအေဝး မွာကိုယ့္ရဲ႕ထင္ျမင္ ယူဆခ်က္ကို အထက္လူႀကီးသိေအာင္ ေျပာျပႏိုင္ပါတယ္။ အေရးမႀကီးတဲ့အစည္း အေဝးေၾကာင့္ ဝန္ထမ္းေတြရဲ႕စြမ္းေဆာင္ ရည္ေတြက်ဆင္းႏိုင္တယ္ဆိုတဲ့အေၾကာင္း၊ အလုပ္ခြင္ ကိုၿငီးေငြ႕လာႏိုင္တယ္ဆိုတဲ့ အေၾကာင္းကိုတင္ျပပါ။

အလုပ္ တာဝန္အသစ္တခ်ိဳ႕ကိုထပ္ယူပါ

ေန႔စဥ္လုပ္ကိုင္ေနရတဲ့အလုပ္ေတြ ကိုၿငီးေငြ႕လာတဲ့အခါမွာ ကိုယ့္ရဲ႕အလုပ္ တာဝန္ ီဲ နဲ႔ပတ္သက္ၿပီးေတာ့ အထက္ လူႀကီးနဲ႔တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ မလို အပ္တာေတြနဲ႔ထပ္ျဖည့္သင့္တာေတြျပင္ဆင္ သင့္ပါတယ္။ ဒီနည္းလမ္းကအလုပ္မွာ ပိုမိုစိတ္ဝင္စားလာႏိုင္ၿပီး ၿငီးေငြ႕မႈ ကင္းမဲ့ စြာနဲ႔အလုပ္လုပ္ကိုင္ႏိုင္မွာျဖစ္ပါတယ္။ ပံု မွန္ထဲကေဖာက္ထြက္ၿပီးလုပ္ကိုင္လာရတဲ့ အခါ လုပ္ငန္းခြင္ ျငီးေငြ႕မႈ ေတြကိုကုသရာ လည္းေရာက္ပါတယ္။ တစ္ခါတစ္ရံမွာ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္နဲ႔လည္းညႇိႏိႈင္း လုပ္ေဆာင္လို႔ရပါတယ္။ ကိုယ္ရဲ႕ အလုပ္ တာဝန္ေတြထဲမွာ ကိုယ့္အတြက္ပ်င္းရိၿငီး ေငြ႕ဖြယ္ေကာင္းတယ္ဆိုတဲ့ အလုပ္တာဝန္ တခ်ိဳ႕ကို ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ရဲ႕အ လုပ္တာဝန္တခ်ိဳ႕နဲ႔လဲလွယ္ၿပီးလုပ္ကိုင္ႏိုင္ ပါတယ္။ ဒါကအခ်င္းခ်င္းနားလည္မႈနဲ႔ လုပ္ကိုင္ရတာျဖစ္လို႔ ႏွစ္ဦးႏွစ္ဖက္ေက် ေက်နပ္နပ္နဲ႔လက္ခံမွလုပ္ေဆာင္လို႔ရမွာ ျဖစ္ပါတယ္။

အလုပ္ လုပ္ေနရင္းနဲ႔ ပညာရပ္တစ္ခုခုကိုသင္ၾကားပါ

လက္ရွိအလုပ္မွာၿငီးေငြ႕လာတဲ့အခါ အလုပ္လုပ္ေနရင္းနဲ႔ ဘာသာစကားတစ္ ခုခုသင္ၾကားတာမ်ိဳး၊ အြန္လိုင္းကေနသင္ တန္းတစ္ခုခုတက္တာမ်ိဳးစတဲ့ ကိုယ္စိတ္ ပါဝင္စားတဲ့ပညာရပ္တစ္ခုခုကိုေလ့လာ ေနလိုက္ပါ။ အားလပ္ခ်ိန္မွာကိုယ္ႀကိဳက္ ႏွစ္သက္တဲ့ ဝက္ဆိုက္တစ္ခုခုမွာစာသြား ဖတ္တာမ်ိဳး၊ ပညာရပ္နဲ႔သက္ဆိုင္တဲ့စာေပ ေတြဖတ္႐ႈေလ့လာတာမ်ိဳးေတြလုပ္သင့္ပါ တယ္။ ၿငီးေငြ႕ေနတဲ့ကိုယ့္ရဲ႕အခ်ိန္ေတြကို အက်ိဳးရွိရွိအသံုးခ်လိုက္ပါ။ အလုပ္ခ်ိန္ ၈နာရီအတြင္းမွာ ပ်င္းရိၿငီးေငြ႕စြာျဖတ္ သန္းဖို႔ဆိုတာ တကယ္ေတာ့ေတြးၾကည့္လို႔ ေတာင္မရတဲ့ ေၾကာက္မက္ဖြယ္ရာတစ္ခုပဲ ျဖစ္ပါတယ္။ တစ္ပတ္မွာနာရီေပါင္းမ်ားစြာ ၿငီးေငြ႕စြာျဖတ္သန္းဖို႔ အခ်ိန္ေတြကိုႏွေျမာ စရာေကာင္းလြန္းလွပါတယ္။ ကိုယ့္ကို စိတ္ဓာတ္တက္ျြကမႈေပးႏိုင္မယ့္အရာေတြ နဲ႔ၿငီးေငြ႕ဖြယ္အခ်ိန္ေတြကိုကုစားလိုက္ပါ။

ဖန္တီးႏိုင္စြမ္းေတြကိုေမြးျမဴပါ

႐ိုးရွင္းတဲ့ အလုပ္ မွာလုပ္ေနရလို႔ ၿငီး ေငြ႕ေနရတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ဖန္တီးႏိုင္စြမ္း ေတြ၊ စဥ္းစားဆင္ျခင္ႏိုင္စြမ္းေတြ၊ ေဝဖန္ သံုးသပ္ႏိုင္စြမ္းေတြကို ျပင္းျပင္းထန္ထန္ အလုပ္ေပးလိုက္ပါ။ တစ္နည္းအားျဖင့္ ေတာ့ဦးေႏွာက္မုန္တိုင္းဆင္တာပါပဲ။ ဒီလို နည္းနဲ႔ကိုယ့္ရဲ႕ပ်င္းရိၿငီးေငြ႕မႈေတြကိုကုသ ပါ။

ပိုေကာင္းတဲ့လမ္းပန္းဆက္သြယ္ေရးကို ေရြးခ်ယ္ပါ

အလုပ္ ကိုၿငီးေငြ႕လာၾကတဲ့အထဲမွာ ကားပိတ္တာေတြ၊ သြားရလာရခက္ခဲတာ ေတြနဲ႔ ကားေပၚမွာအခ်ိန္ေတာ္ေတာ္မ်ား မ်ားကုန္ဆံုးေနရတဲ့အခ်က္လည္းပါဝင္ ပါတယ္။ အလုပ္ မလုပ္ခင္မွာ စြမ္းအင္ေတြ ကုန္ဆံုးေနၾကပါတယ္။ တစ္ေန႔တာတက္ ျြကမႈေတြက ကားေပၚမွာပဲကုန္ဆံုးသြား ၾကပါတယ္။ ဒီလိုအေျခအေနမ်ိဳးကိုေန႔စဥ္ ႀကံဳလာရတဲ့အခါ အလုပ္လုပ္ခ်င္စိတ္ေတြ ၿငီးေငြ႕လာၾကပါတယ္။ လုပ္ငန္းခြင္ထဲမွာ အလုပ္ ကိုၿငီးေငြ႕တာမဟုတ္ဘဲ လုပ္ငန္းခြင္ ျပင္ပအေျခအေနေတြေၾကာင့္ အလုပ္ကို ၿငီးေငြ႕လာတာပဲျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ အလုပ္အတြက္ အီးေမးလ္ဖတ္စရာေတြဖတ္မယ္၊ မိုဘိုင္း ဖုန္းနဲ႔လုပ္လို႔ရတဲ့အလုပ္မွန္သမွ်ကိုလုပ္ေန လို႔ရပါတယ္။ အဲဒီလိုလုပ္ဖို႔အတြက္ ပိုေကာင္းတဲ့ Transprotationကိုေရြးခ်ယ္ရပါမယ္။ အလုပ္နဲ႔အိမ္နဲ႔က ကားနဲ႔ သြားရင္သင့္ေတာ္သလား၊ ရထားနဲ႔သြား ရင္ပိုသင့္ေတာ္သလားဆိုတာကို ကိုယ္တိုင္ ေရြးခ်ယ္ရပါမယ္။

ေျခကုန္လက္ပမ္းက်တာကိုတိုက္ခိုက္ၿပီး အလုပ္ ကိုလာပါ

ကိုယ့္ရဲ႕အဓိကျပႆနာက အလုပ္ ေၾကာင့္ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ ခုနေျပာ သလိုကားလမ္းေတြပိတ္လို႔ ကားေပၚမွာ အခ်ိန္ကုန္တာေၾကာင့္အလုပ္လာရဖို႔ကို ေတာင္ၿငီးေငြ႕စိတ္ပ်က္သြားတဲ့အခ်က္ေတြ ေၾကာင့္လည္းျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အဲဒီလိုလက္ပမ္းက်တဲ့အေျခအေနကို ရင္ဆိုင္တိုက္ခိုက္ၿပီး အလုပ္ကိုလာသင့္ပါ တယ္။ ကုန္ခမ္းသြားတဲ့စြမ္းအင္ေတြ ျပန္ျဖည့္ဖို႔က အစားအေသာက္နဲ႔အိပ္စက္ ျခင္းပါ။ အလုပ္ခြင္မွာအိပ္စက္ဖို႔ေတာ့မျဖစ္ ႏိုင္ပါဘူး။ ဒါေၾကာင့္ အၿမဲတမ္းထိုင္ေနရ တဲ့အလုပ္မွာ မတ္တပ္ရပ္ၿပီး ေလ့က်င့္ခန္း လုပ္တာရယ္သင့္တင့္တဲ့အစားအေသာက္ ကိုေရြးခ်ယ္စားေသာက္တာက ကုန္ခမ္း သြားတဲ့စြမ္းအင္ေတြကို ျပန္လည္ျဖည့္တင္း ႏိုင္ပါတယ္။ ေလ့က်င့္ခန္း လုပ္တာက ေသြးလည္ပတ္မႈ ကိုအားေကာင္းေစတာ ေၾကာင့္ လန္းဆန္းတက္ျြကစြာနဲ႔အလုပ္ကို လုပ္ကိုင္ႏိုင္မွာျဖစ္ပါတယ္။

ကုသလို႔မရေတာ့တဲ့အေျခအေနတစ္ခုဆိုရင္ေတာ့ အလုပ္ထြက္လိုက္ပါ

အထက္ေဖာ္ျပပါအခ်က္ေတြနဲ႔ ကိုယ့္ ရဲ႕ လုပ္ငန္းခြင္ ၿငီးေငြ႕မႈကိုကုသလို႔မေပ်ာက္ကင္းႏိုင္ဘူးဆိုရင္ေတာ့ ေနာက္ဆံုးလုပ္ စရာတစ္ခုပဲရွိပါေတာ့တယ္။ အဲဒါကေတာ့ အလုပ္ထြက္လိုက္တာပါပဲ။ ကိုယ့္အတြက္ စိတ္ဝင္စားစရာေကာင္းမယ့္အလုပ္ပတ္ဝန္း က်င္တစ္ခု၊ စိန္ေခၚမႈေတြ၊ အခြင့္အလမ္း ေတြရွိႏိုင္မယ့္ အလုပ္ ပတ္ဝန္းက်င္တစ္ခုကို ေျပာင္းဖို႔အသင့္ျဖစ္ေနၿပီဆိုရင္ေတာ့ အလုပ္ထြက္လိုက္တာက သင့္ေတာ္တဲ့ အေျဖတစ္ခုပါပဲ။

အခ်ဳပ္ဆိုရရင္ လုပ္ငန္းခြင္ ၿငီးေငြ႕မႈ ဆိုတာအလုပ္ပတ္ဝန္းက်င္ေၾကာင့္၊ အလုပ္သေဘာသဘာဝေၾကာင့္ျဖစ္ႏိုင္သလို၊ ျပင္ပအေၾကာင္းအရာတခ်ိဳ႕ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အလုပ္အေပၚမွာၿငီးေငြ႕လာတာက ကိုယ့္အတြက္လည္းမေကာင္းသလို၊ လုပ္ငန္းခြင္အတြက္လည္းမေကာင္းပါဘူး။ အဲဒီလိုျဖစ္လာၿပီဆိုရင္ ဒီအေျခအေနကိုအျမန္ဆံုးေက်ာ္လႊားဖို႔လိုပါတယ္။ ဒါမွသာ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့လုပ္ငန္းခြင္ တစ္ခုျဖစ္လာေစႏိုင္မွာပါ။

Credit : The Oppotunity Journal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

နေ့စဉ်ဖြတ်သန်းရှင်သန်နေရတဲ့ အလုပ်ပတ်ဝန်းကျင်မှာ တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့လက်ရှိလုပ်ငန်းခွင်ကို ငြီးငွေ့လာတတ်ပါတယ်။ ဝါသနာပါတဲ့ အလုပ် ကိုလုပ်နေရတဲ့တိုင်အောင် ပုံမှန် လည်ပတ်နေတဲ့ သမားရိုးကျနေ့ရက်တွေ ကိုတစ်ခါတစ်ရံမှာငြီးငွေ့လာတတ်ပါတယ်။ လက်ရှိအနေအထားကို စိတ်ပျက်လာ တတ်ပါတယ်။ ဒီလိုအခြေအနေတစ်ခုကို လုပ်ငန်းခွင်မှာရောက်နေတဲ့သူတိုင်း တစ် ချိန်မဟုတ်တစ်ချိန်တော့ကြုံရမှာမလွဲပါပဲ။ ဒီအခြေအနေကို ဘယ်လိုကျော်လွှားမလဲ။ ကိုယ့်ရဲ့ ငြီးငွေ့မှု ကို ကုသဖို့အတွက်ဘယ်လို ကုထုံး ကို အသုံးပြုသင့်သလဲ။ ဆက်ဖတ် ကြည့်ကြရအောင်ပါ။

မည်မည်ရရဆွေးနွေးစရာရှိမှသာ အစည်းအဝေး လုပ်ပါ

လုပ်ငန်းခွင် မှာပျင်းစရာအကောင်း ဆုံးတစ်ခုကိုပြောပါဆိုရင် အစည်းအဝေး လုပ်တာပါပဲ။ လိုအပ်လို့လုပ်သင့်တာထက် မလိုအပ်ဘဲ လစဉ်၊ အပတ်စဉ်ပုံမှန်အစည်း အဝေးရှိနေတာမျိုးဆိုရင် ကြာလာတော့ ငြီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့်အရေး ကြီးမှသာ အစည်းအဝေး လုပ်စေချင်ပါတယ်။ ကိုယ်ကအစည်းအဝေးလုပ်ခွင့်၊ မလုပ်ခွင့် ဆုံးဖြတ်နိုင်တဲ့လုပ်ပိုင်ခွင့်မရှိတဲ့သူဆိုရင် လည်း အစည်းအဝေး မှာကိုယ့်ရဲ့ထင်မြင် ယူဆချက်ကို အထက်လူကြီးသိအောင် ပြောပြနိုင်ပါတယ်။ အရေးမကြီးတဲ့အစည်း အဝေးကြောင့် ဝန်ထမ်းတွေရဲ့စွမ်းဆောင် ရည်တွေကျဆင်းနိုင်တယ်ဆိုတဲ့အကြောင်း၊ အလုပ်ခွင် ကိုငြီးငွေ့လာနိုင်တယ်ဆိုတဲ့ အကြောင်းကိုတင်ပြပါ။

အလုပ် တာဝန်အသစ်တချို့ကိုထပ်ယူပါ

နေ့စဉ်လုပ်ကိုင်နေရတဲ့အလုပ်တွေ ကိုငြီးငွေ့လာတဲ့အခါမှာ ကိုယ့်ရဲ့အလုပ် တာဝန် ီဲ နဲ့ပတ်သက်ပြီးတော့ အထက် လူကြီးနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မလို အပ်တာတွေနဲ့ထပ်ဖြည့်သင့်တာတွေပြင်ဆင် သင့်ပါတယ်။ ဒီနည်းလမ်းကအလုပ်မှာ ပိုမိုစိတ်ဝင်စားလာနိုင်ပြီး ငြီးငွေ့မှု ကင်းမဲ့ စွာနဲ့အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ပုံ မှန်ထဲကဖောက်ထွက်ပြီးလုပ်ကိုင်လာရတဲ့ အခါ လုပ်ငန်းခွင် ငြီးငွေ့မှု တွေကိုကုသရာ လည်းရောက်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့လည်းညှိနှိုင်း လုပ်ဆောင်လို့ရပါတယ်။ ကိုယ်ရဲ့ အလုပ် တာဝန်တွေထဲမှာ ကိုယ့်အတွက်ပျင်းရိငြီး ငွေ့ဖွယ်ကောင်းတယ်ဆိုတဲ့ အလုပ်တာဝန် တချို့ကို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲ့အ လုပ်တာဝန်တချို့နဲ့လဲလှယ်ပြီးလုပ်ကိုင်နိုင် ပါတယ်။ ဒါကအချင်းချင်းနားလည်မှုနဲ့ လုပ်ကိုင်ရတာဖြစ်လို့ နှစ်ဦးနှစ်ဖက်ကျေ ကျေနပ်နပ်နဲ့လက်ခံမှလုပ်ဆောင်လို့ရမှာ ဖြစ်ပါတယ်။

အလုပ် လုပ်နေရင်းနဲ့ ပညာရပ်တစ်ခုခုကိုသင်ကြားပါ

လက်ရှိအလုပ်မှာငြီးငွေ့လာတဲ့အခါ အလုပ်လုပ်နေရင်းနဲ့ ဘာသာစကားတစ် ခုခုသင်ကြားတာမျိုး၊ အွန်လိုင်းကနေသင် တန်းတစ်ခုခုတက်တာမျိုးစတဲ့ ကိုယ်စိတ် ပါဝင်စားတဲ့ပညာရပ်တစ်ခုခုကိုလေ့လာ နေလိုက်ပါ။ အားလပ်ချိန်မှာကိုယ်ကြိုက် နှစ်သက်တဲ့ ဝက်ဆိုက်တစ်ခုခုမှာစာသွား ဖတ်တာမျိုး၊ ပညာရပ်နဲ့သက်ဆိုင်တဲ့စာပေ တွေဖတ်ရှုလေ့လာတာမျိုးတွေလုပ်သင့်ပါ တယ်။ ငြီးငွေ့နေတဲ့ကိုယ့်ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက်ပါ။ အလုပ်ချိန် ၈နာရီအတွင်းမှာ ပျင်းရိငြီးငွေ့စွာဖြတ် သန်းဖို့ဆိုတာ တကယ်တော့တွေးကြည့်လို့ တောင်မရတဲ့ ကြောက်မက်ဖွယ်ရာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ပတ်မှာနာရီပေါင်းများစွာ ငြီးငွေ့စွာဖြတ်သန်းဖို့ အချိန်တွေကိုနှမြော စရာကောင်းလွန်းလှပါတယ်။ ကိုယ့်ကို စိတ်ဓာတ်တက်ြွကမှုပေးနိုင်မယ့်အရာတွေ နဲ့ငြီးငွေ့ဖွယ်အချိန်တွေကိုကုစားလိုက်ပါ။

ဖန်တီးနိုင်စွမ်းတွေကိုမွေးမြူပါ

ရိုးရှင်းတဲ့ အလုပ် မှာလုပ်နေရလို့ ငြီး ငွေ့နေရတဲ့အချိန်မှာ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်း တွေ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ၊ ဝေဖန် သုံးသပ်နိုင်စွမ်းတွေကို ပြင်းပြင်းထန်ထန် အလုပ်ပေးလိုက်ပါ။ တစ်နည်းအားဖြင့် တော့ဦးနှောက်မုန်တိုင်းဆင်တာပါပဲ။ ဒီလို နည်းနဲ့ကိုယ့်ရဲ့ပျင်းရိငြီးငွေ့မှုတွေကိုကုသ ပါ။

ပိုကောင်းတဲ့လမ်းပန်းဆက်သွယ်ရေးကို ရွေးချယ်ပါ

အလုပ် ကိုငြီးငွေ့လာကြတဲ့အထဲမှာ ကားပိတ်တာတွေ၊ သွားရလာရခက်ခဲတာ တွေနဲ့ ကားပေါ်မှာအချိန်တော်တော်များ များကုန်ဆုံးနေရတဲ့အချက်လည်းပါဝင် ပါတယ်။ အလုပ် မလုပ်ခင်မှာ စွမ်းအင်တွေ ကုန်ဆုံးနေကြပါတယ်။ တစ်နေ့တာတက် ြွကမှုတွေက ကားပေါ်မှာပဲကုန်ဆုံးသွား ကြပါတယ်။ ဒီလိုအခြေအနေမျိုးကိုနေ့စဉ် ကြုံလာရတဲ့အခါ အလုပ်လုပ်ချင်စိတ်တွေ ငြီးငွေ့လာကြပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ် ကိုငြီးငွေ့တာမဟုတ်ဘဲ လုပ်ငန်းခွင် ပြင်ပအခြေအနေတွေကြောင့် အလုပ်ကို ငြီးငွေ့လာတာပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အလုပ်အတွက် အီးမေးလ်ဖတ်စရာတွေဖတ်မယ်၊ မိုဘိုင်း ဖုန်းနဲ့လုပ်လို့ရတဲ့အလုပ်မှန်သမျှကိုလုပ်နေ လို့ရပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ပိုကောင်းတဲ့ Transprotationကိုရွေးချယ်ရပါမယ်။ အလုပ်နဲ့အိမ်နဲ့က ကားနဲ့ သွားရင်သင့်တော်သလား၊ ရထားနဲ့သွား ရင်ပိုသင့်တော်သလားဆိုတာကို ကိုယ်တိုင် ရွေးချယ်ရပါမယ်။

ခြေကုန်လက်ပမ်းကျတာကိုတိုက်ခိုက်ပြီး အလုပ် ကိုလာပါ

ကိုယ့်ရဲ့အဓိကပြဿနာက အလုပ် ကြောင့်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ခုနပြော သလိုကားလမ်းတွေပိတ်လို့ ကားပေါ်မှာ အချိန်ကုန်တာကြောင့်အလုပ်လာရဖို့ကို တောင်ငြီးငွေ့စိတ်ပျက်သွားတဲ့အချက်တွေ ကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုလက်ပမ်းကျတဲ့အခြေအနေကို ရင်ဆိုင်တိုက်ခိုက်ပြီး အလုပ်ကိုလာသင့်ပါ တယ်။ ကုန်ခမ်းသွားတဲ့စွမ်းအင်တွေ ပြန်ဖြည့်ဖို့က အစားအသောက်နဲ့အိပ်စက် ခြင်းပါ။ အလုပ်ခွင်မှာအိပ်စက်ဖို့တော့မဖြစ် နိုင်ပါဘူး။ ဒါကြောင့် အမြဲတမ်းထိုင်နေရ တဲ့အလုပ်မှာ မတ်တပ်ရပ်ပြီး လေ့ကျင့်ခန်း လုပ်တာရယ်သင့်တင့်တဲ့အစားအသောက် ကိုရွေးချယ်စားသောက်တာက ကုန်ခမ်း သွားတဲ့စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်း နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှု ကိုအားကောင်းစေတာ ကြောင့် လန်းဆန်းတက်ြွကစွာနဲ့အလုပ်ကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

ကုသလို့မရတော့တဲ့အခြေအနေတစ်ခုဆိုရင်တော့ အလုပ်ထွက်လိုက်ပါ

အထက်ဖော်ပြပါအချက်တွေနဲ့ ကိုယ့် ရဲ့ လုပ်ငန်းခွင် ငြီးငွေ့မှုကိုကုသလို့မပျောက်ကင်းနိုင်ဘူးဆိုရင်တော့ နောက်ဆုံးလုပ် စရာတစ်ခုပဲရှိပါတော့တယ်။ အဲဒါကတော့ အလုပ်ထွက်လိုက်တာပါပဲ။ ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းမယ့်အလုပ်ပတ်ဝန်း ကျင်တစ်ခု၊ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်း တွေရှိနိုင်မယ့် အလုပ် ပတ်ဝန်းကျင်တစ်ခုကို ပြောင်းဖို့အသင့်ဖြစ်နေပြီဆိုရင်တော့ အလုပ်ထွက်လိုက်တာက သင့်တော်တဲ့ အဖြေတစ်ခုပါပဲ။

အချုပ်ဆိုရရင် လုပ်ငန်းခွင် ငြီးငွေ့မှု ဆိုတာအလုပ်ပတ်ဝန်းကျင်ကြောင့်၊ အလုပ်သဘောသဘာဝကြောင့်ဖြစ်နိုင်သလို၊ ပြင်ပအကြောင်းအရာတချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်အပေါ်မှာငြီးငွေ့လာတာက ကိုယ့်အတွက်လည်းမကောင်းသလို၊ လုပ်ငန်းခွင်အတွက်လည်းမကောင်းပါဘူး။ အဲဒီလိုဖြစ်လာပြီဆိုရင် ဒီအခြေအနေကိုအမြန်ဆုံးကျော်လွှားဖို့လိုပါတယ်။ ဒါမှသာ အောင်မြင်ပျော်ရွှင်တဲ့လုပ်ငန်းခွင် တစ်ခုဖြစ်လာစေနိုင်မှာပါ။

Credit : The Oppotunity Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top