iMyanmarHouse.com - Best Property Website for Myanmar
×

ေဖ့စ္ဘြတ္က ဘဝႀကီးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ လူမႈကြန္ရက္ဆုိေတာ့လည္း ကိုယ့္သူငယ္ခ်င္းေတြသိေအာင္ ကိုယ့္အေၾကာင္းေလးေတြ မွ်ေဝၾကရင္း ပိုရင္းႏွီးၾကတာေပါ့။ တခ်ိဳ႕စံုတြဲေတြကိုၾကည့္လိုက္ရင္ သိပ္ၾကည္ႏူးစရာေကာင္းတယ္။ ဒါေပမဲ့ သူတုိ႔အေၾကာင္းေတြကို ေဖ့စ္ဘြတ္ေပၚမွာ သိပ္ၿပီးတင္ေလ့တင္ထမရွိၾကဘူး။ ဘာေၾကာင့္လဲဆုိေတာ့..

၁။ အခ်စ္ကိုယံုေစခ်င္

သူတုိ႔အခ်စ္ေရးက အဆင္ေျပေနတယ္။ ေဖ့စ္ဘြတ္ေပၚ တင္ျခင္း၊ မတင္ျခင္းကလည္း အေရးမႀကီးပါဘူး။ ဒါေပမဲ့ သူတုိ႔သူငယ္ခ်င္းေတြထဲမွာ အခ်စ္ကိုသိပ္မယံုတဲ့ FA ေတြ ရွိေနတဲ့အခါ အဲ့ဒီသူငယ္ခ်င္းေတြကိုလည္း အခ်စ္ကိုရွာေဖြလိုစိတ္ေပၚလာေအာင္ ပံုေတြတင္ျပၾကပါတယ္။

၂။ တကယ္ေပ်ာ္ေနရင္ ေဖ့စ္ဘြတ္ေတာင္လွည့္မၾကည့္ဘူး

ဒါအမွန္ပါပဲ။ ကိုယ့္စိတ္ထဲမွာ အရမ္းကို ေပ်ာ္ရႊင္ေနၿပီဆုိရင္ အင္တာနက္ေပၚမွာ အခ်ိန္ျဖဳန္းေနဖုိ႔ေတာင္ စိတ္မဝင္စားေတာ့ပါဘူး။ ခ်စ္သူကို အခ်ိန္ေပးေနရတာနဲ႔တင္ မအားေတာ့ဘူးေလ။ ႏွစ္ေယာက္တြဲပံုေတြ တင္ရင္လည္း အိမ္ျပန္ေရာက္မွပဲ တင္ျဖစ္တယ္။

၃။ စိတ္မခ်လို႔

တခ်ိဳ႕ေတြက်ေတာ့လည္း ကိုယ့္ခ်စ္သူက တျခားလူေတြနဲ႔က်ဴမွာလည္း စိုးရိမ္ေနမိတယ္။ တိုက္ရိုက္လည္း မေျပာရဲဘူး။ အဲ့ဒီအခါ ရည္းစားရွိမွန္း လူသိေအာင္ တမင္သက္သက္လုပ္ျပေနၾကတာမ်ိဳးလည္း ရွိေသးတယ္။ မ်ားမ်ားတင္ေလေလ စိတ္မခ်ေၾကာင္း ပိုေပၚေလေလပဲ။ အခ်စ္ေရးက သာသာယာယာရွိေနရင္ ဒါေတြတင္ေနစရာ မလိုဘူးေလ။

၄။ ရန္ျဖစ္တဲ့ေနရာမဟုတ္ဘူး

စကားမ်ားရန္ျဖစ္တဲဲ့အခါ အျပင္မွာပဲ ဒဲ့ရွင္းရတယ္။ ေဖ့စ္ဘြတ္ေပၚမွာ တင္လိုက္ၿပီဆုိ ေျပလည္သြားမယ့္အစား ပိုဆုိးသြားေရာ။ ဒါကို ေကာင္းေကာင္းသိတဲ့ စံုတြဲေတြက ကိစၥတိုင္းကို ေဖ့စ္ဘြတ္မွာ မေရးၾက မေျပာၾကတာပါ။ ရွင္းစရာရွိတာ ဒဲ့ရွင္းလိုက္ေတာ့ ျမန္ျမန္ေျပလည္သြားတယ္ေလ။

၅။ တျခားနည္းနဲ႔သက္ေသျပ

တစ္စံုတစ္ေယာက္ကို ကိုယ္က ဘယ္ေလာက္ခ်စ္တယ္ဆုိတာ နည္းလမ္းေပါင္းမ်ားစြာနဲ႔ သက္ေသျပလို႔ရပါတယ္။ ကိုယ့္အခ်စ္ကုိ ေဖာ္ျပႏိုင္တဲဲ့နည္းလမ္းေတြ အမ်ားႀကီးမွ အမ်ားႀကီးပါ။ ဒီနည္းေတြကို မသံုးဘဲ အလကားေန ေဖ့စ္ဘြတ္ေပၚမွာခ်ည္းပဲ ခ်စ္ျပေနတယ္ဆိုကတည္းက တကယ့္လက္ေတြ႕ ခ်စ္ျပ၊ သက္ေသျပႏိုင္တဲ့လူ မဟုတ္လို႔ေပါ့။ ေဖ့စ္ဘြတ္ေပၚမွာ လူသိေအာင္ခ်စ္ျပတာက ယံုၾကည္စိတ္ခ်ရတဲ့အခ်စ္လို႔ ထင္ေနရင္ သိပ္ကိုမွားသြားပါလိမ့္မယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဖေ့စ်ဘွတ်က ဘဝကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူမှုကွန်ရက်ဆိုတော့လည်း ကိုယ့်သူငယ်ချင်းတွေသိအောင် ကိုယ့်အကြောင်းလေးတွေ မျှဝေကြရင်း ပိုရင်းနှီးကြတာပေါ့။ တချို့စုံတွဲတွေကိုကြည့်လိုက်ရင် သိပ်ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ သူတို့အကြောင်းတွေကို ဖေ့စ်ဘွတ်ပေါ်မှာ သိပ်ပြီးတင်လေ့တင်ထမရှိကြဘူး။ ဘာကြောင့်လဲဆိုတော့..

၁။ အချစ်ကိုယုံစေချင်

သူတို့အချစ်ရေးက အဆင်ပြေနေတယ်။ ဖေ့စ်ဘွတ်ပေါ် တင်ခြင်း၊ မတင်ခြင်းကလည်း အရေးမကြီးပါဘူး။ ဒါပေမဲ့ သူတို့သူငယ်ချင်းတွေထဲမှာ အချစ်ကိုသိပ်မယုံတဲ့ FA တွေ ရှိနေတဲ့အခါ အဲ့ဒီသူငယ်ချင်းတွေကိုလည်း အချစ်ကိုရှာဖွေလိုစိတ်ပေါ်လာအောင် ပုံတွေတင်ပြကြပါတယ်။

၂။ တကယ်ပျော်နေရင် ဖေ့စ်ဘွတ်တောင်လှည့်မကြည့်ဘူး

ဒါအမှန်ပါပဲ။ ကိုယ့်စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်နေပြီဆိုရင် အင်တာနက်ပေါ်မှာ အချိန်ဖြုန်းနေဖို့တောင် စိတ်မဝင်စားတော့ပါဘူး။ ချစ်သူကို အချိန်ပေးနေရတာနဲ့တင် မအားတော့ဘူးလေ။ နှစ်ယောက်တွဲပုံတွေ တင်ရင်လည်း အိမ်ပြန်ရောက်မှပဲ တင်ဖြစ်တယ်။

၃။ စိတ်မချလို့

တချို့တွေကျတော့လည်း ကိုယ့်ချစ်သူက တခြားလူတွေနဲ့ကျူမှာလည်း စိုးရိမ်နေမိတယ်။ တိုက်ရိုက်လည်း မပြောရဲဘူး။ အဲ့ဒီအခါ ရည်းစားရှိမှန်း လူသိအောင် တမင်သက်သက်လုပ်ပြနေကြတာမျိုးလည်း ရှိသေးတယ်။ များများတင်လေလေ စိတ်မချကြောင်း ပိုပေါ်လေလေပဲ။ အချစ်ရေးက သာသာယာယာရှိနေရင် ဒါတွေတင်နေစရာ မလိုဘူးလေ။

၄။ ရန်ဖြစ်တဲ့နေရာမဟုတ်ဘူး

စကားများရန်ဖြစ်တဲ့အခါ အပြင်မှာပဲ ဒဲ့ရှင်းရတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်ပြီဆို ပြေလည်သွားမယ့်အစား ပိုဆိုးသွားရော။ ဒါကို ကောင်းကောင်းသိတဲ့ စုံတွဲတွေက ကိစ္စတိုင်းကို ဖေ့စ်ဘွတ်မှာ မရေးကြ မပြောကြတာပါ။ ရှင်းစရာရှိတာ ဒဲ့ရှင်းလိုက်တော့ မြန်မြန်ပြေလည်သွားတယ်လေ။

၅။ တခြားနည်းနဲ့သက်သေပြ

တစ်စုံတစ်ယောက်ကို ကိုယ်က ဘယ်လောက်ချစ်တယ်ဆိုတာ နည်းလမ်းပေါင်းများစွာနဲ့ သက်သေပြလို့ရပါတယ်။ ကိုယ့်အချစ်ကို ဖော်ပြနိုင်တဲ့နည်းလမ်းတွေ အများကြီးမှ အများကြီးပါ။ ဒီနည်းတွေကို မသုံးဘဲ အလကားနေ ဖေ့စ်ဘွတ်ပေါ်မှာချည်းပဲ ချစ်ပြနေတယ်ဆိုကတည်းက တကယ့်လက်တွေ့ ချစ်ပြ၊ သက်သေပြနိုင်တဲ့လူ မဟုတ်လို့ပေါ့။ ဖေ့စ်ဘွတ်ပေါ်မှာ လူသိအောင်ချစ်ပြတာက ယုံကြည်စိတ်ချရတဲ့အချစ်လို့ ထင်နေရင် သိပ်ကိုမှားသွားပါလိမ့်မယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top