iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္လုိ႔မ်ား  အမ်ိဳးသားပရိသတ္ေတြထဲက တစ္ေယာက္တေလမ်ား အတိတ္မွာ ဒဏ္ရာဒဏ္ခ်က္ေတြ ပရဗြနဲ႕ က်႐ႈံးခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ကုိ ပတ္သက္ခြင့္ ရေနမယ္ဆုိရင္၊ ဒီထက္ပုိၿပီး ေ၀းမသြားေစဖုိ႔၊ ပုိၿပီး နီးစပ္ေအာင္ ႀကိဳစားဖုိ႔ တုိက္တြန္းခ်င္ပါတယ္။ အတိတ္မွာနာက်င္ခဲ့ဖူးတဲ့ မိန္းကေလးဟာ သင့္ရဲ႕ အခ်စ္စစ္အခ်စ္မွန္အတြက္ အထိုက္တန္ဆုံးေသာ ေရြးခ်ယ္မႈဆုိတာကို ေအာက္ပါအခ်က္ေတြက သက္ေသျပပါလိမ့္မယ္။

(၁) ေကာင္းစြာနားလည္သေဘာေပါက္ခဲ့ၿပီးၿပီ

အတိတ္မွာ အခ်စ္ေၾကာင့္ ခါးသီးတဲ့ဘ၀ကို ျဖတ္သန္းခဲ့ရတဲ့ မိန္းမပ်ိဳဟာ ဘယ္လုိခ်စ္ရမလဲဆုိတာကုိ သိသလုိ၊ ဘယ္လုိေၾကာင့္ နာက်င္မႈေတြ ရခဲ့တယ္ဆုိတာကိုလည္း သင့္ကုိ သင္ျပေပးသြားမွာပါ။ သူမဟာ အခ်စ္မွာ အေတြ႕အႀကဳံရွိျခင္း ဆုိတာထက္ နာက်င္မႈမွာ အေတြ႕အႀကဳံရခဲ့ၿပီမုိ႔ သင့္ကို သူလုိ႔ နာက်င္မႈေတြ မခံစားရဖုိ႔ ေဖးမ ကူညီပါလိမ့္မယ္။

(၂) နာက်င္မႈကို သိခဲ့ၿပီ

အတိတ္ခါးခါးထဲမွာ ေပ်ာ္က်ခဲ့ရတဲ့ စိတ္ကူးရင္ အိပ္မက္ေတြ၊ သင္ရဲ႕ အၾကင္နာတရားနဲ႔အတူ ျပန္လည္ဖမ္းဆုတ္ခြင့္ ရတဲ့အခါ သူမ အထူးကို ၀မ္းသာေနပါလိမ့္မယ္။ ဒီနာက်င္မႈေတြေျပေပ်ာက္ျခင္း ရွိမရွိဟာ သင့္အခ်စ္နဲ႔ ဂ႐ုစုိက္မႈေပၚမွာ မူတည္ၿပီး သူမကေတာ့ သင့္ကို ဘယ္ေတာ့မွ နာက်င္ေစလိမ့္မည္မဟုတ္။ လူဆုိတာ ကိုယ္နာဖူးမွ ကုိယ္ခ်င္းစားတတ္တာေလ။
(၃) ထိုက္တန္ေသာေပးဆပ္မႈ

သူမဟာ ၿပီးခဲ့တဲ့အတိတ္က အခ်စ္မွာ အတၱႀကီးသူ ျဖစ္ခ်င္ျဖစ္ခဲ့ပါလိမ့္မယ္၊ ရယူလုိမႈတစ္ခုတည္းအတြက္ ခ်စ္ခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ တကယ့္ လက္ေတြ႕ဘ၀မွာေတာ့ အဲဒီအတၱေတြအတြက္ သူမဟာ ေနာင္တေတြ၊ နာက်င္မႈေတြနဲ႔ ထုိက္တန္ေသာေပးဆပ္မႈေတြ ေပးခဲ့ၿပီးပါၿပီ။ သင့္အေနနဲ႔ ေ၀ဒနာေတြ ေပးမယ္ မထင္ပါနဲ႕။ အၾကင္နာေတြသာ သူမမွာ က်န္ရွိပါေတာ့တယ္။

(၄) ခံႏုိင္ရည္ရွိလာမယ္

သင့္ရဲ႕ လမ္းညႊန္ဦးေဆာင္မႈေအာက္မွာ သူမဟာ ရဲရင့္လာမယ္။ ခံႏုိင္ရည္ရွိလာမယ္၊ သတိၱေတြ ပြားလာမယ္၊ ေနာက္တစ္
ႀကိမ္ မက်႐ႈံးေစရေတာ့ဘူး။ ဘ၀ကုိ ဦးေမာ့ရင္ဆုိင္ရဲလာမယ္။ အတၱကို မွ်ေ၀သုံးစြဲတတ္လာမယ္၊ သင္သာလွ်င္ သူ႕ဘ၀
ရဲ႕ အရွင္သခင္ ျဖစ္ခြင့္ ရွိပါတယ္။
(၅) ပုိၿပီး ခ်စ္တတ္လာလိမ့္မယ္

ပထမအခ်စ္ကို အခ်စ္ဆုံးဆုိတာ အခ်စ္မွာက်႐ႈံးခဲ့တဲ့သူေတြအတြက္ေတာ့ မမွန္ပါဘူး။ ဘာေၾကာင့္ဆုိ ပထမအခ်စ္ကို မခ်စ္လုိက္ရေသးတဲ့ အခ်စ္ေတြ သူ႕မွာ အမ်ားႀကီး က်န္ေနပါေသးတယ္။ အခ်စ္မွာ က်႐ႈံးခဲ့ရသူေတြရဲ႕ အခ်စ္ဆုံးဟာ ဒုတိယအခ်စ္ျဖစ္မယ္ဆုိတာ ခံစားဖူးသူတုိင္းသာ သိႏုိင္တာမ်ိဳးပါ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode version

တကယ်လို့များ  အမျိုးသားပရိသတ်တွေထဲက တစ်ယောက်တလေများ အတိတ်မှာ ဒဏ်ရာဒဏ်ချက်တွေ ပရဗွနဲ့ ကျရှုံးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ပတ်သက်ခွင့် ရနေမယ်ဆိုရင်၊ ဒီထက်ပိုပြီး ဝေးမသွားစေဖို့၊ ပိုပြီး နီးစပ်အောင် ကြိုစားဖို့ တိုက်တွန်းချင်ပါတယ်။ အတိတ်မှာနာကျင်ခဲ့ဖူးတဲ့ မိန်းကလေးဟာ သင့်ရဲ့ အချစ်စစ်အချစ်မှန်အတွက် အထိုက်တန်ဆုံးသော ရွေးချယ်မှုဆိုတာကို အောက်ပါအချက်တွေက သက်သေပြပါလိမ့်မယ်။

(၁) ကောင်းစွာနားလည်သဘောပေါက်ခဲ့ပြီးပြီ

အတိတ်မှာ အချစ်ကြောင့် ခါးသီးတဲ့ဘဝကို ဖြတ်သန်းခဲ့ရတဲ့ မိန်းမပျိုဟာ ဘယ်လိုချစ်ရမလဲဆိုတာကို သိသလို၊ ဘယ်လိုကြောင့် နာကျင်မှုတွေ ရခဲ့တယ်ဆိုတာကိုလည်း သင့်ကို သင်ပြပေးသွားမှာပါ။ သူမဟာ အချစ်မှာ အတွေ့အကြုံရှိခြင်း ဆိုတာထက် နာကျင်မှုမှာ အတွေ့အကြုံရခဲ့ပြီမို့ သင့်ကို သူလို့ နာကျင်မှုတွေ မခံစားရဖို့ ဖေးမ ကူညီပါလိမ့်မယ်။

(၂) နာကျင်မှုကို သိခဲ့ပြီ

အတိတ်ခါးခါးထဲမှာ ပျော်ကျခဲ့ရတဲ့ စိတ်ကူးရင် အိပ်မက်တွေ၊ သင်ရဲ့ အကြင်နာတရားနဲ့အတူ ပြန်လည်ဖမ်းဆုတ်ခွင့် ရတဲ့အခါ သူမ အထူးကို ဝမ်းသာနေပါလိမ့်မယ်။ ဒီနာကျင်မှုတွေပြေပျောက်ခြင်း ရှိမရှိဟာ သင့်အချစ်နဲ့ ဂရုစိုက်မှုပေါ်မှာ မူတည်ပြီး သူမကတော့ သင့်ကို ဘယ်တော့မှ နာကျင်စေလိမ့်မည်မဟုတ်။ လူဆိုတာ ကိုယ်နာဖူးမှ ကိုယ်ချင်းစားတတ်တာလေ။
(၃) ထိုက်တန်သောပေးဆပ်မှု

သူမဟာ ပြီးခဲ့တဲ့အတိတ်က အချစ်မှာ အတ္တကြီးသူ ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်၊ ရယူလိုမှုတစ်ခုတည်းအတွက် ချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ဘဝမှာတော့ အဲဒီအတ္တတွေအတွက် သူမဟာ နောင်တတွေ၊ နာကျင်မှုတွေနဲ့ ထိုက်တန်သောပေးဆပ်မှုတွေ ပေးခဲ့ပြီးပါပြီ။ သင့်အနေနဲ့ ဝေဒနာတွေ ပေးမယ် မထင်ပါနဲ့။ အကြင်နာတွေသာ သူမမှာ ကျန်ရှိပါတော့တယ်။

(၄) ခံနိုင်ရည်ရှိလာမယ်

သင့်ရဲ့ လမ်းညွှန်ဦးဆောင်မှုအောက်မှာ သူမဟာ ရဲရင့်လာမယ်။ ခံနိုင်ရည်ရှိလာမယ်၊ သတ္တိတွေ ပွားလာမယ်၊ နောက်တစ်
ကြိမ် မကျရှုံးစေရတော့ဘူး။ ဘဝကို ဦးမော့ရင်ဆိုင်ရဲလာမယ်။ အတ္တကို မျှဝေသုံးစွဲတတ်လာမယ်၊ သင်သာလျှင် သူ့ဘဝ
ရဲ့ အရှင်သခင် ဖြစ်ခွင့် ရှိပါတယ်။
(၅) ပိုပြီး ချစ်တတ်လာလိမ့်မယ်

ပထမအချစ်ကို အချစ်ဆုံးဆိုတာ အချစ်မှာကျရှုံးခဲ့တဲ့သူတွေအတွက်တော့ မမှန်ပါဘူး။ ဘာကြောင့်ဆို ပထမအချစ်ကို မချစ်လိုက်ရသေးတဲ့ အချစ်တွေ သူ့မှာ အများကြီး ကျန်နေပါသေးတယ်။ အချစ်မှာ ကျရှုံးခဲ့ရသူတွေရဲ့ အချစ်ဆုံးဟာ ဒုတိယအချစ်ဖြစ်မယ်ဆိုတာ ခံစားဖူးသူတိုင်းသာ သိနိုင်တာမျိုးပါ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top