iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္သူဟာ တစ္စုံတစ္ခုေသာ အေၾကာင္းေၾကာင့္ စိတ္ဓာတ္က်ေနတယ္ဆုိရင္ သင္ ဘာလုပ္ေပးသင့္သလဲ။
ေအာက္မွာေတာ့  အမ်ိဳးသားပရိသတ္ႀကီးအတြက္ ခ်စ္သူစိတ္ဓာတ္က်ေနတဲ့အခါ လုပ္ေပးဖုိ႔ အေၾကာင္းအရာေလးေတြကုိ ေဖာ္ျပထားပါတယ္။
(၁) ပင္ကုိယ္စိတ္ရင္းနဲ႔ ၿပဳံးပါေစ
ခ်စ္သူမိန္းကေလးစိတ္ဓာတ္က်ေနတဲ့အခါ သူ႕ကုိ ၿပဳံးေအာင္ ရယ္ေအာင္ အတည္ေပါက္နဲ႔ ေျပာတတ္ဖုိ႔ဆုိတာ အမ်ိဳးသားေတြအတြက္ ပညာပါဘဲ။ ဒါကို တတ္ေျမာက္ထားမွသာ ခ်စ္သူရဲ႕ စိတ္ထဲမွာ ငါ၀မ္းနည္းစရာရွိတဲ့အခါတုိင္း သိပ္အားကုိးရ
တဲ့သူႀကီးပါလားလုိ႔ မွတ္ယူၿပီး ပုိလုိ႔ပုိလုိ႔ အခ်စ္ခံရမွာ ျဖစ္ပါတယ္။
(၂) မတူတဲ့အျမင္နဲ႔ဟာသရသ

ေနာက္တစ္ခုက ဟာသေတြကို လူတစ္ေယာက္နဲ႔ တစ္ေယာက္ ခ်ဥ္းကပ္ပုံခ်င္း မတူပါဘူး။ ဒါကုိ ကိုယ္က ေကာင္း
ေကာင္းသိၿပီး မတူညီတဲ့ ဟာသအျမင္ကို ေျပာတတ္ရပါမယ္။ ဥပမာ ေျပာျပမယ္ေနာ။ ခ်စ္သူေကာင္မေလးက ေမးတယ္။ ဗင့္ဆင့္ဗင္ဂုိးဟာ သူခ်စ္ရတဲ့သူက နားရြက္ကေလးက လွလုိက္တာလုိ႔ ေျပာေတာ့ … ဗင္ဂုိးက လွရင္လည္း ယူသြားႏုိင္ပါတယ္ ဆုိၿပီး တစ္ခါတည္း ျဖတ္ေပးလုိ္ကတယ္ဆုိတာ ဟုတ္သလား ကုိ … ဆုိရင္ ဒီေနရာမွာ သင္သာ ဟာသအျမင္မရွိ
ရင္ ရယ္စရာ မဟုတ္ဘူး။ ဟာသအျမင္ရွိတဲ့သူက ဒီလုိေလး စကားေထာက္လိမ့္မယ္။ ဟုတ္တယ္ ခ်စ္ရဲ႕ … ဗင့္ဂုိးဟာ သူ႔
နားရြက္ကုိ ကတ္ေၾကးနဲ႔ တစ္ခါတည္း ျဖတ္ေပးလုိက္တယ္-တဲ့ … ေကာင္မေလးက နားရြက္ကေလးကို တြဲေလာင္းဆြဲၿပီး ထြက္သြားေတာ့ … ဗင့္ဂုိးက တုိးတုိးေလး မွတ္ခ်က္ခ်တယ္ … အင္ ေသနာမေလး … ေတာ္ေသး နားရြက္မုိ႔ေပါ့ … တဲ့။ ဒီလုိေလးေပါ့။ ဟာသမဟုတ္တာကိုေတာင္ ခ်စ္သူေပ်ာ္ေစဖုိ႔ ဟာသ အျမင္ရွိရပါမယ္။

(၃) စားစရာခ်က္ျပဳတ္ျခင္း

ေနာက္ထပ္ အေကာင္းဆုံးနည္းေလးက ကုိယ္တတ္သေလာက္ မွတ္သေလာက္ အစားအစာ ခ်က္ျပဳတ္ေကၽြးေမြးတာပဲဗ်။ အမ်ိဳးသမီးတုိ႔တစ္ေတြဟာ မီးဖုိေခ်ာင္ထဲ ေနရတာမ်ားေပမယ့္ ခ်စ္သူေကာင္ေလးရဲ႕ ဟင္းလက္ရာေလးကိုေတာ့ ေကာင္းေကာင္း မေကာင္းေကာင္း အျခားမိန္းမေတြထက္ ဦးဦးဖ်ားဖ်ား စားလုိၾကပါတယ္။ ဒါကလည္း သူ႕ကုိ ေပ်ာ္ရႊင္ေစမွာပါ။
(၄) ေပ်ာ္ပြဲစား

တစ္ေနရာရာကုိ ေပ်ာ္ပြဲစား ထြက္ေပးပါ။ သူ႕မွာ စိတ္ဒဏ္ရာ ပုိၿပီး ႀကီးက်ယ္တယ္ဆုိရင္ေပါ့။ ဒါကလည္း ပုိက္ဆံကုန္
တယ္ဆုိတာထက္ အဖုိးမျဖတ္ႏုိင္တဲ့ ဘ၀အေတြ႕အႀကဳံေတြ၊ ခံစားမႈအေျပာင္းအလဲေတြကုိ ေပးစြမ္းပါလိ့မ္မယ္။
(၅) ရယ္စရာ႐ုပ္ရွင္

ဒါကလည္း အေကာင္းဆုံး နည္းပါဘဲ။ တကယ္ရယ္ရတယ္ဆုိတဲ့ ဇာတ္ကားမ်ိဳး အတူတူ ၾကည့္ႏုိင္ေအာင္ စီစဥ္ပါ။ သူ
လည္း ပုံမွန္အတုိင္း ျပန္ျဖစ္၊ ကိုယ္လည္း ရယ္ရျဖစ္လုိ႔ အက်ိဳးမယုတ္ပါဘူး။

(၆) ေပြ႔ဖက္ထားပါ

မိန္းကေလးေတြဟာ စိတ္ဓာတ္က်ေနတဲ့ အခ်ိန္မွာ ျဖစ္ႏုိင္ရင္ ရင္ဘတ္အက်ယ္ႀကီးထဲ ၿခဳံးပြဲခ် ငုိခ်င္ၾကပါတယ္။ ဒါကုိ
သင္က ေကာင္းေကာင္းသိတတ္ၿပီး ခ်စ္သူ စိတ္ထဲမွာ ၀မ္းနည္းေနတဲ့အခါ ဖက္ထားလုိက္ပါ။ ငုိပါေစ။ အားရပါးရ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
သင့်ချစ်သူဟာ တစ်စုံတစ်ခုသော အကြောင်းကြောင့် စိတ်ဓာတ်ကျနေတယ်ဆိုရင် သင် ဘာလုပ်ပေးသင့်သလဲ။
အောက်မှာတော့  အမျိုးသားပရိသတ်ကြီးအတွက် ချစ်သူစိတ်ဓာတ်ကျနေတဲ့အခါ လုပ်ပေးဖို့ အကြောင်းအရာလေးတွေကို ဖော်ပြထားပါတယ်။
(၁) ပင်ကိုယ်စိတ်ရင်းနဲ့ ပြုံးပါစေ
ချစ်သူမိန်းကလေးစိတ်ဓာတ်ကျနေတဲ့အခါ သူ့ကို ပြုံးအောင် ရယ်အောင် အတည်ပေါက်နဲ့ ပြောတတ်ဖို့ဆိုတာ အမျိုးသားတွေအတွက် ပညာပါဘဲ။ ဒါကို တတ်မြောက်ထားမှသာ ချစ်သူရဲ့ စိတ်ထဲမှာ ငါဝမ်းနည်းစရာရှိတဲ့အခါတိုင်း သိပ်အားကိုးရ
တဲ့သူကြီးပါလားလို့ မှတ်ယူပြီး ပိုလို့ပိုလို့ အချစ်ခံရမှာ ဖြစ်ပါတယ်။
(၂) မတူတဲ့အမြင်နဲ့ဟာသရသ

နောက်တစ်ခုက ဟာသတွေကို လူတစ်ယောက်နဲ့ တစ်ယောက် ချဉ်းကပ်ပုံချင်း မတူပါဘူး။ ဒါကို ကိုယ်က ကောင်း
ကောင်းသိပြီး မတူညီတဲ့ ဟာသအမြင်ကို ပြောတတ်ရပါမယ်။ ဥပမာ ပြောပြမယ်နော။ ချစ်သူကောင်မလေးက မေးတယ်။ ဗင့်ဆင့်ဗင်ဂိုးဟာ သူချစ်ရတဲ့သူက နားရွက်ကလေးက လှလိုက်တာလို့ ပြောတော့ … ဗင်ဂိုးက လှရင်လည်း ယူသွားနိုင်ပါတယ် ဆိုပြီး တစ်ခါတည်း ဖြတ်ပေးလိုကတယ်ဆိုတာ ဟုတ်သလား ကို … ဆိုရင် ဒီနေရာမှာ သင်သာ ဟာသအမြင်မရှိ
ရင် ရယ်စရာ မဟုတ်ဘူး။ ဟာသအမြင်ရှိတဲ့သူက ဒီလိုလေး စကားထောက်လိမ့်မယ်။ ဟုတ်တယ် ချစ်ရဲ့ … ဗင့်ဂိုးဟာ သူ့
နားရွက်ကို ကတ်ကြေးနဲ့ တစ်ခါတည်း ဖြတ်ပေးလိုက်တယ်-တဲ့ … ကောင်မလေးက နားရွက်ကလေးကို တွဲလောင်းဆွဲပြီး ထွက်သွားတော့ … ဗင့်ဂိုးက တိုးတိုးလေး မှတ်ချက်ချတယ် … အင် သေနာမလေး … တော်သေး နားရွက်မို့ပေါ့ … တဲ့။ ဒီလိုလေးပေါ့။ ဟာသမဟုတ်တာကိုတောင် ချစ်သူပျော်စေဖို့ ဟာသ အမြင်ရှိရပါမယ်။

(၃) စားစရာချက်ပြုတ်ခြင်း

နောက်ထပ် အကောင်းဆုံးနည်းလေးက ကိုယ်တတ်သလောက် မှတ်သလောက် အစားအစာ ချက်ပြုတ်ကျွေးမွေးတာပဲဗျ။ အမျိုးသမီးတို့တစ်တွေဟာ မီးဖိုချောင်ထဲ နေရတာများပေမယ့် ချစ်သူကောင်လေးရဲ့ ဟင်းလက်ရာလေးကိုတော့ ကောင်းကောင်း မကောင်းကောင်း အခြားမိန်းမတွေထက် ဦးဦးဖျားဖျား စားလိုကြပါတယ်။ ဒါကလည်း သူ့ကို ပျော်ရွှင်စေမှာပါ။
(၄) ပျော်ပွဲစား

တစ်နေရာရာကို ပျော်ပွဲစား ထွက်ပေးပါ။ သူ့မှာ စိတ်ဒဏ်ရာ ပိုပြီး ကြီးကျယ်တယ်ဆိုရင်ပေါ့။ ဒါကလည်း ပိုက်ဆံကုန်
တယ်ဆိုတာထက် အဖိုးမဖြတ်နိုင်တဲ့ ဘဝအတွေ့အကြုံတွေ၊ ခံစားမှုအပြောင်းအလဲတွေကို ပေးစွမ်းပါလိ့မ်မယ်။
(၅) ရယ်စရာရုပ်ရှင်

ဒါကလည်း အကောင်းဆုံး နည်းပါဘဲ။ တကယ်ရယ်ရတယ်ဆိုတဲ့ ဇာတ်ကားမျိုး အတူတူ ကြည့်နိုင်အောင် စီစဉ်ပါ။ သူ
လည်း ပုံမှန်အတိုင်း ပြန်ဖြစ်၊ ကိုယ်လည်း ရယ်ရဖြစ်လို့ အကျိုးမယုတ်ပါဘူး။

(၆) ပွေ့ဖက်ထားပါ

မိန်းကလေးတွေဟာ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ဖြစ်နိုင်ရင် ရင်ဘတ်အကျယ်ကြီးထဲ ခြုံးပွဲချ ငိုချင်ကြပါတယ်။ ဒါကို
သင်က ကောင်းကောင်းသိတတ်ပြီး ချစ်သူ စိတ်ထဲမှာ ဝမ်းနည်းနေတဲ့အခါ ဖက်ထားလိုက်ပါ။ ငိုပါစေ။ အားရပါးရ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top