iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Momolay


#Unicode Version
ကော်ဖီသောက်တာက ကျန်းမာရေးအတွက ် ကောင်းကျိုတေါရှိသလို၊ ဆိုးကျိုးတွေလည်း ရှိတယ် ဆိုပေမယ့် အလှအပဆိုင်ရာမှာတော့ ကော်ဖီမှုန့်ဟာ လုံးဝကို ဆိုးကျိုးမရှိတဲ့ အရာပါ။ မျက်နှာအသားအရေမှာ ပြသာနာလေးတွေ ဖြစ်နေပြီဆိုရင်တော့ ကော်ဖီမှုန့်နဲ့ပဲ ဖြေရှင်းလို့ ရပါတယ်။ ကြည်လင် ဝင်းမွှတ်နေစေပြီး မျက်နှာအရေပြားယားယံခြင်းတွေကိုပါ သက်သာစေမှာပါ။

ကော်ဖီဟာ အရေပြားအလွှာတွေမှာ ရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓါတ်ဟာ မျက်ကွင်းညိုခြင်းတွေနဲ့ အသားအရေ မညီမညာ ဖြစ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

ကော်ဖီမှုန့်စစ်စစ် လက်ဖက်စားဇွန်း(၂) ဇွန်း၊ အုန်းဆီ လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ နို့အစိမ်း လက်ဖက်စားဇွန်း(၄) ဇွန်းတို့ကို ရောကာ မွှေလိုက်ပါ။ အရော ရရှိပြီဆိုရင် မျက်နှာမှာ လိမ်းထားပေးပါ။ မိနစ်(၂၀) လောက်ကြာအောင် ထားပြီးရင်တော့ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ ဒါဆိုရင်တော့ ကြည်လင်ဝင်းမွှတ်ပြီး မျက်နှာအရေပြား ပြသာနာတွေ မရှိနိုင်တော့ပါဘူး။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top