iMyanmarHouse.com - Best Property Website for Myanmar
×



Credit;Momolay

#Unicode Version

ဆံပင်ပါးတာဟာ အသက်အရွယ်နဲ့ဆိုင်သလို ဆံပင်ရဲ့ သိပ်သည်းဆတွေ ပြောင်းလဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာ၊ သိုင်းရွိုက်ပြသာနာ၊ အစားအသောက်နည်းခြင်း၊ ဆံပင်ကို အပူချောင်းနဲ့ ပြင်ဆင်ခြင်းအပြင် ဓာတုပစ္စည်း များများပါဝင်တဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ပေါင်းဆေးတွေ အသုံးများရင်လည်း ဖြစ်တတ်ပါတယ်။ ဆံပင်အုံထူပြီး ဆံကေသာတွေ နက်မှောင်ခြင်း မရှိလို့ အခက်တွေ့နေတယ်ဆိုရင် အလွယ်ကူဆုံးနည်းလမ်းနဲ့ ဖြေရှင်းလို့ ရပါပြီ။

သန့်ရှင်းတဲ့ ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံး ဖောက်ထည့်လိုက်ပါ။ ကြက်ဥကို ကျေအောင် ခလောက်လိုက်ပြီး သံလွင်ဆီ လက်ဖက်စားဇွန်း(၁) ဇွန်းထည့်ပေးပါ။ သံလွင်ဆီ ကြက်ဥထဲမှာ နေရာနှံ့သွားအောင် မွှေလိုက်ပါ။ ပြီးရင်တော့ ဆံပင်မှာ သုတ်လိမ်းထားလိုက်ပါ။ မိနစ်(၂၀) လောက် စောင့်ဖို့ လိုအပ်ပါတယ်။ မိနစ်(၂၀) ပြည့်ပြီးပြီ ဆိုရင်တော့ ခေါင်းလျှော်လို့ ရပါပြီး။ ခေါင်းလျှော်တဲ့အခါမှာ အရမ်းအပြင်းတဲ့ ခေါင်းလျှော်ရည်ကိုသာ အသုံးပြုပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ ရေအေးကိုပဲ အသုံးပြုပေးပါ။ တပတ်ကို (၁) ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်သားထူလာပြီး နက်မှောင်သန်စွမ်းလာစေမှာ အသေအချာပါပဲ။

Credit;Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top