iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္အနားမွာ မရွိေတာ့တဲ့အခ်စ္ကို ျပန္လာႏုိးႏိုး ေမွ်ာ္လင့္ေစာင့္စားရတာ သိပ္ကိုနာက်င္စရာေကာင္းပါတယ္။ ဒါေပမဲ့ မလြမ္းဘဲလည္း မေနႏိုင္ျပန္ဘူး။ လြမ္းမိတုိင္းလည္း ေၾကကြဲဲဝမ္းနည္းေနရတဲ့အျဖစ္ကေန ရုန္းထြက္လိုက္ပါေတာ့။

ျပန္မလာခ်င္ေတာ့တဲ့လူကို လက္လႊတ္လိုက္ပါ။ သူမရွိဘဲနဲ႔ မေနႏိုင္ဘူးဆုိတာ ကိုယ့္စိတ္ကို ညာေနမိလို႔ပါ။ သူရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ရွင္သန္ရမယ့္ဘဝမွာ မရႏိုင္ေတာ့တဲ့အရာကို လက္လႊတ္လိုက္တာ အေကာင္းဆံုးလို႔ ေျပာခ်င္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ပိုခ်စ္ပါ၊ ဆံုးရႈံးသြားတာေတြကို လက္လႊတ္ၿပီး ေရွ႕ဆက္ၾကရမွာပဲမဟုတ္လား။ ဘယ္လိုစိတ္မ်ိဳးနဲ႔ သူ႔ကိုလက္လႊတ္ၾကမလဲ ?

၁။ ျငင္းဆန္

သူမရွိရင္ မျဖစ္ဘူးဆုိတဲ့အေတြးကို ျငင္းဆန္လိုက္ပါ။ သူတကယ္ျပန္မလာေတာ့ဘူးဆုိတာကို ကိုယ့္စိတ္က လက္မခံခ်င္ေနေသးတာ ျဖစ္ပါလိမ့္မယ္။ ဖုန္းထဲက သူ႔ပံုေလးေတြကို မၾကာခဏထုတ္ၾကည့္တာမ်ိဳး လုပ္ေနမိတယ္မဟုတ္လား။ ျပန္မလာေတာ့တဲ့လူတစ္ေယာက္ကို ေမွ်ာ္မေနပါနဲ႔ေတာ့။ သူမရွိလည္း ကိုယ္ကရပ္တည္ႏိုင္ပါတယ္။

၂။ ေဒါသ

ပူေဆြးၿပီးရင္ ေနာက္တစ္ဆင့္ကေတာ့ ေဒါသျဖစ္လာတာပဲ။ တကယ္ကို ၿပီးျပတ္သြားၿပီဆုိတာ ကိုယ့္စိတ္က လက္ခံလိုက္ခ်ိန္မွာေတာ့ ကိုယ္ခ်စ္ခဲ့ ေကာင္းခဲ့တာေတြကို ျပန္ေနာင္တရမိလာတယ္။ အဲ့ဒီမွာတင္ သူ႔ကိုစိတ္ဆိုး ေဒါသျဖစ္မိေတာ့တာပါပဲ။

၃။ ညႇိႏႈိင္း

ဒီအဆင့္ကိုလည္း ျဖတ္ေက်ာ္ရပါဦးမယ္။ သူနဲ႔ျပန္ဆက္ႏိုးႏိုးဆုိၿပီး ကိုယ့္ဘက္ကညႇိႏႈိင္းတာေတြ လုပ္ၾကည့္မိေသးတယ္။ စိတ္က လံုးဝမျပတ္ေသးဘူး။ ကိုယ္လည္း ေျပာင္းလဲပါ့မယ္လို႔ ကတိေတြသြားေပးေနမိတယ္။ ဒီအခ်ိန္မွာ ျပန္အဆင္ေျပသြားတာလည္း ရွိႏိုင္တယ္။ ဒါေပမဲ့ မထုိက္တန္တဲ့လူဆုိရင္ေတာ့ ကိုယ့္ရဲ႕အဖိုးတန္ေန႔ရက္ေတြကို သူ႔အတြက္ မစေတးလိုက္ပါနဲ႔။ ကိုယ့္ကိုယ္ကိုယ္ ပိုခ်စ္ပါ။

၄။ စိတ္ဓာတ္က်

ဝမ္းနည္းတယ္၊ ေဒါသထြက္တယ္၊ ျပန္အေလွ်ာ့ေပးၿပီး ညႇိႏႈိင္းတယ္။ သူ႔ဘက္က ဘာမွထူးမလာေတာ့ဘူး။ ဒါမွမဟုတ္ တျခားလူတစ္ေယာက္နဲ႔ ေတြ႕ေနၿပီဆုိရင္ေတာ့ ကိုယ္က စိတ္ဓာတ္က်သြားပါၿပီ။ အစားအစားခ်င္ေတာ့ဘူး၊ အိပ္မေပ်ာ္ေတာ့ဘူး။ ဒါမွမဟုတ္ ဆန္႔က်င္ဘက္ျဖစ္တဲ့ အစားေတြမတရားစားေနမိတာ၊ အိပ္ရာထဲကမထဘဲ ေခြေခါက္ေနလိုက္ အိပ္ေပ်ာ္လုိက္ ျဖစ္ေနတာမ်ိဳးေတြ ၾကံဳလာရပါတယ္။ ဒီအခ်ိန္္မွာ စိတ္ေပ်ာ္ေအာင္ထားႏုိင္ဖုိ႔ လိုပါတယ္။ ေရခဲမုန္႔ေလးစားၿပီး အႀကိဳက္ဆံုးသီခ်င္းေလးေတြ နားေထာင္ေနပါ။ ေရခ်ိဳးဇလံုထဲမွာ ဆပ္ျပာျမႇဳပ္ေတြအမ်ားႀကီးနဲ႔ စိမ္ေနၿပီး စိတ္ကိုေျပေလ်ာ့ေအာင္လုပ္ပါ။

၅။ လက္ခံလိုက္ၿပီ

ကဲ......... ေနာက္ဆံုးအဆင့္ကို ေရာက္သြားပါၿပီ။ အေပၚမွာ ေရးထားတာေတြ တစ္ခုၿပီးတစ္ခု ေက်ာ္ျဖတ္လာႏိုင္ခဲ့ၿပီမဟုတ္လား။ အဲ့တာေတြအားလံုး ျဖစ္ၿပီးခ်ိန္မွာေတာ့ အခ်ိန္ကာလတစ္ခုလည္း ၾကာသြားပါၿပီ။ နာက်င္ေၾကကြဲခဲ့ရတယ္၊ အမွားေတြလည္း လုပ္ခဲ့မိတယ္။ ကိစၥမရွိဘူး ခုခ်ိန္ထိေတာ့ အသက္ရွင္ေနေသးတာပဲေလ။ ကိုယ့္ေျခလွမ္းတုိင္းမွာ ကိုယ့္စိတ္တုိင္းက်ျဖစ္ေအာင္ ဖန္တီးရေတာ့မယ့္အခ်ိန္ကို ေရာက္လာပါေတာ့တယ္။ ကိုယ့္ဘဝအတြက္ ဘယ္သူကမွ ျဖည့္ဆည္းေပးစရာမလိုဘူး ကိုယ္တုိင္ပဲအေရးႀကီးတယ္လို႔လည္း နားလည္လက္ခံလိုက္ခ်ိန္မွာ ပူေဆြးစရာေတြလည္း မက်န္ေတာ့ပါဘူး။ ေနာက္ဆံုးမွာေတာ့ ကိုယ့္ကိုယ္ကိုယ္သာ ခ်စ္ရမယ္လို႔ လက္ခံလိုက္ပါေတာ့တယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ့်အနားမှာ မရှိတော့တဲ့အချစ်ကို ပြန်လာနိုးနိုး မျှော်လင့်စောင့်စားရတာ သိပ်ကိုနာကျင်စရာကောင်းပါတယ်။ ဒါပေမဲ့ မလွမ်းဘဲလည်း မနေနိုင်ပြန်ဘူး။ လွမ်းမိတိုင်းလည်း ကြေကွဲဝမ်းနည်းနေရတဲ့အဖြစ်ကနေ ရုန်းထွက်လိုက်ပါတော့။

ပြန်မလာချင်တော့တဲ့လူကို လက်လွှတ်လိုက်ပါ။ သူမရှိဘဲနဲ့ မနေနိုင်ဘူးဆိုတာ ကိုယ့်စိတ်ကို ညာနေမိလို့ပါ။ သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရှင်သန်ရမယ့်ဘဝမှာ မရနိုင်တော့တဲ့အရာကို လက်လွှတ်လိုက်တာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ၊ ဆုံးရှုံးသွားတာတွေကို လက်လွှတ်ပြီး ရှေ့ဆက်ကြရမှာပဲမဟုတ်လား။ ဘယ်လိုစိတ်မျိုးနဲ့ သူ့ကိုလက်လွှတ်ကြမလဲ ?

၁။ ငြင်းဆန်

သူမရှိရင် မဖြစ်ဘူးဆိုတဲ့အတွေးကို ငြင်းဆန်လိုက်ပါ။ သူတကယ်ပြန်မလာတော့ဘူးဆိုတာကို ကိုယ့်စိတ်က လက်မခံချင်နေသေးတာ ဖြစ်ပါလိမ့်မယ်။ ဖုန်းထဲက သူ့ပုံလေးတွေကို မကြာခဏထုတ်ကြည့်တာမျိုး လုပ်နေမိတယ်မဟုတ်လား။ ပြန်မလာတော့တဲ့လူတစ်ယောက်ကို မျှော်မနေပါနဲ့တော့။ သူမရှိလည်း ကိုယ်ကရပ်တည်နိုင်ပါတယ်။

၂။ ဒေါသ

ပူဆွေးပြီးရင် နောက်တစ်ဆင့်ကတော့ ဒေါသဖြစ်လာတာပဲ။ တကယ်ကို ပြီးပြတ်သွားပြီဆိုတာ ကိုယ့်စိတ်က လက်ခံလိုက်ချိန်မှာတော့ ကိုယ်ချစ်ခဲ့ ကောင်းခဲ့တာတွေကို ပြန်နောင်တရမိလာတယ်။ အဲ့ဒီမှာတင် သူ့ကိုစိတ်ဆိုး ဒေါသဖြစ်မိတော့တာပါပဲ။

၃။ ညှိနှိုင်း

ဒီအဆင့်ကိုလည်း ဖြတ်ကျော်ရပါဦးမယ်။ သူနဲ့ပြန်ဆက်နိုးနိုးဆိုပြီး ကိုယ့်ဘက်ကညှိနှိုင်းတာတွေ လုပ်ကြည့်မိသေးတယ်။ စိတ်က လုံးဝမပြတ်သေးဘူး။ ကိုယ်လည်း ပြောင်းလဲပါ့မယ်လို့ ကတိတွေသွားပေးနေမိတယ်။ ဒီအချိန်မှာ ပြန်အဆင်ပြေသွားတာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ မထိုက်တန်တဲ့လူဆိုရင်တော့ ကိုယ့်ရဲ့အဖိုးတန်နေ့ရက်တွေကို သူ့အတွက် မစတေးလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။

၄။ စိတ်ဓာတ်ကျ

ဝမ်းနည်းတယ်၊ ဒေါသထွက်တယ်၊ ပြန်အလျှော့ပေးပြီး ညှိနှိုင်းတယ်။ သူ့ဘက်က ဘာမှထူးမလာတော့ဘူး။ ဒါမှမဟုတ် တခြားလူတစ်ယောက်နဲ့ တွေ့နေပြီဆိုရင်တော့ ကိုယ်က စိတ်ဓာတ်ကျသွားပါပြီ။ အစားအစားချင်တော့ဘူး၊ အိပ်မပျော်တော့ဘူး။ ဒါမှမဟုတ် ဆန့်ကျင်ဘက်ဖြစ်တဲ့ အစားတွေမတရားစားနေမိတာ၊ အိပ်ရာထဲကမထဘဲ ခွေခေါက်နေလိုက် အိပ်ပျော်လိုက် ဖြစ်နေတာမျိုးတွေ ကြုံလာရပါတယ်။ ဒီအချိန်မှာ စိတ်ပျော်အောင်ထားနိုင်ဖို့ လိုပါတယ်။ ရေခဲမုန့်လေးစားပြီး အကြိုက်ဆုံးသီချင်းလေးတွေ နားထောင်နေပါ။ ရေချိုးဇလုံထဲမှာ ဆပ်ပြာမြှုပ်တွေအများကြီးနဲ့ စိမ်နေပြီး စိတ်ကိုပြေလျော့အောင်လုပ်ပါ။

၅။ လက်ခံလိုက်ပြီ

ကဲ......... နောက်ဆုံးအဆင့်ကို ရောက်သွားပါပြီ။ အပေါ်မှာ ရေးထားတာတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာနိုင်ခဲ့ပြီမဟုတ်လား။ အဲ့တာတွေအားလုံး ဖြစ်ပြီးချိန်မှာတော့ အချိန်ကာလတစ်ခုလည်း ကြာသွားပါပြီ။ နာကျင်ကြေကွဲခဲ့ရတယ်၊ အမှားတွေလည်း လုပ်ခဲ့မိတယ်။ ကိစ္စမရှိဘူး ခုချိန်ထိတော့ အသက်ရှင်နေသေးတာပဲလေ။ ကိုယ့်ခြေလှမ်းတိုင်းမှာ ကိုယ့်စိတ်တိုင်းကျဖြစ်အောင် ဖန်တီးရတော့မယ့်အချိန်ကို ရောက်လာပါတော့တယ်။ ကိုယ့်ဘဝအတွက် ဘယ်သူကမှ ဖြည့်ဆည်းပေးစရာမလိုဘူး ကိုယ်တိုင်ပဲအရေးကြီးတယ်လို့လည်း နားလည်လက်ခံလိုက်ချိန်မှာ ပူဆွေးစရာတွေလည်း မကျန်တော့ပါဘူး။ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ ချစ်ရမယ်လို့ လက်ခံလိုက်ပါတော့တယ်။


Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top