iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဦးေဆာင္ေနတဲ႔ လုပ္ငန္းခြင္အတြက္ ထူးခြ်န္ေသာ၊ ထက္ျမက္ေသာ ၀န္ထမ္းေကာင္းေတြကို ရရွိဖို႔မလြယ္ကူသလို၊ ရွိၿပီးသား ၀န္ထမ္းေကာင္းေတြ တည္ၿမဲေနရန္ ထိန္းသိမ္းဖို႔ကလည္း အေရးႀကီးလွပါတယ္။ ေအာက္ေဖာ္ျပပါ အခ်က္အလက္ေတြကေတာ႔ သင္႔လုပ္ငန္းခြင္မွ ၀န္ထမ္းေကာင္းေတြကို မဆံုးရံႈးရေစဖို႔ ေရွာင္ရွားသင္႔တဲ႔ အမွားေလးေတြ ျဖစ္ပါတယ္။

၁ - မလိုအပ္တဲ႔ စည္းမ်ဥး္ေတြထုတ္ျခင္း

တစ္ခါတစ္ရံမွာ စနစ္ေတြ စည္းမ်ဥ္းေတြဟာ စည္းကမ္းလိုက္နာဖို႔အတြက္ လုိအပ္တာမွန္ေပမယ္႔ မလိုလားအပ္တဲ႔ ခပ္ေၾကာင္ေၾကာင္ စည္းမ်ဥ္းေတြကေတာ႔ သင္႔၀န္ထမ္းေတြအတြက္ ကသိကေအာက္ ျဖစ္ေစပါတယ္။ ထို႔အတူ အလြန္တရာတင္းက်ပ္တဲ႔ စည္းကမ္းေတြက လုပ္ငန္းခြင္ေပ်ာ္ရႊင္မႈကို အေႏွာက္အယွက္ျဖစ္ေစတာမို႔ မေလ်ာ႔လြန္း၊ မတင္းလြန္းေသာ စည္းကမ္းေတြသာ အေကာင္းဆံုးပါ။

၂ - လုပ္ပိုင္ခြင္႔မရျခင္း၊ အသိအမွတ္ျပဳမခံရျခင္း

အခ်ိဳ႕ေသာ ၀န္ထမ္းေကာင္းမ်ားဟာ လစာေကာငး္ေကာငး္မ်ားထက္ မိမိတုိ႔အရည္အေသြးနဲ႔ ႀကိဳးစားမႈကို ပိုမိုအေလးထားတတ္ၾကပါတယ္။ ထို႔အတူ မိမိတို႔ရဲ႕ လုပ္ငန္းေအာင္ျမင္ေရး ႀကိဳးစားမႈေတြအေပၚ အလုပ္ရွင္မွ အသိအမွတ္ျပဳေပးျခင္းကိုလည္း အထူးလိုလားတတ္ၾကပါတယ္။ ဒါ႔အျပင္ မိမိတို႔အသက္အရြယ္၊ လုပ္ေဆာင္ခ်က္၊ ရာထူးေတြနဲ႔ ထိုက္သင္႔တဲ႔ လုပ္ပိုင္ခြင္႔၊ ဆံုးျဖတ္ခ်က္တို႔ကိုလည္း လိုလားေမွ်ာ္လင္႔တတ္ၾကတာမို႔ လုပ္ပိုင္ခြင္႔ေပးျခင္း၊ အသိအမွတ္ျပဳ ဂုဏ္ျပဳေပးျခင္းတို႔ကလည္း ၀န္ထမ္းေကာင္း တည္ၿမဲဖို႔အေရးပါလွပါတယ္။

၃ - ထိုက္သင္႔ေသာလစာ

စား၀တ္ေနေရးအတြက္ က်င္လည္ရွင္သန္ၾကတဲ႔ လူသားေတြျဖစ္တာမို႔ မိမိရဲ႕ အရည္အခ်င္းနဲ႔ ထိုက္သင္႔ေသာ လစာရရွိႏိုင္ဖို႔ကလည္း အေရးပါလွပါတယ္။ မိမိလုပ္ရတဲ႔အလုပ္ကမ်ားမ်ား၊ ရတဲ႔လစာက နည္းနည္းျဖစ္လာတဲ႔အခါ ၀န္ထမ္းေတြဟာ မိမိတို႔စြမ္းေဆာင္ရည္အေပၚ သံသယျဖစ္လာတတ္ၾကသလို၊ လစာေကာင္းတဲ႔ အလုပ္သစ္ကို ခုန္ကူးဖို႔စဥ္းစားတတ္လာၾကပါတယ္။ ဒါေၾကာင္႔ လုပ္ငန္းအဆင္ေျပရင္ေျပသလို၊ ထူးခြ်န္ရင္ထူးခြ်န္သလို ေဘာနပ္စ္ေပးတာမ်ိဳး၊ ႏွစ္စဥ္လစာတိုးေပးတာမ်ိဳးဟာ ၀န္ထမ္းေကာင္းေတြကို ထိမ္းထားႏိုင္မယ္႔ နည္းလမ္းေတြထဲက တစ္ခုပါ။

၄ - လုပ္ငန္းခြင္ေပ်ာ္ရႊင္မႈ

ေက်ာင္းေနေပ်ာ္၍ စာေတာ္ဆိုတဲ႔ ေဆာင္ပုဒ္ေလးလိုပဲ အလုပ္မွာေနေပ်ာ္သူေတြဟာ အလုပ္ပိုႀကိဳးစားခ်င္စိတ္ရွိၾကမွာ ဓမၼတာပါ။ ဒါေၾကာင္႔ မိမိရဲ႕၀န္ထမ္းေတြအတြက္ မိသားစုဆန္ေသာ အသိုက္အ၀န္းေလးကို အလုပ္မွာဖန္တီးေပးျခင္းကလည္း ေကာင္းမြန္တဲ႔ နည္းလမ္းတစ္ခုပါ။ ၀န္ထမ္းေတြကုိ ခရီးေတြေပးထြက္ေစတာမ်ိဳး၊ ညစာစားပြဲေလးေတြ လုပ္ေပးတာမ်ိဳးကလည္း ၀န္ထမ္းမ်ားအခ်င္းခ်င္း ညီအကို၊ ေမာင္ႏွမစိတ္နဲ႔ ရင္းႏွီးေစမွာ အေသအခ်ာပါ။

၅ - မန္ေနဂ်ာခပ္ဆိုးဆိုး

တစ္ခါတစ္ရံမွာ သူေဌးဟာ ေအာက္ေျခက အေျခအေနမွန္ေတြကို ေသခ်ာမသိရွိတတ္ပဲ မန္ေနဂ်ာလို အဆင္႔မ်ိဳးနဲ႔သာ လႊဲထားတတ္ပါတယ္။ ထိုအခါ အထက္ဖား၊ ေအာက္ဖိမန္ေနဂ်ာ်မ်ိဳးေတြ ျဖစ္တဲ႔အခါ ၀န္ထမ္းေတြကို မလိုအပ္ပဲ ဖိႏွပ္ခ်ဳပ္ခ်ယ္ရင္း သူေဌးကို ဖားတတ္ၾကပါတယ္။ ဒါေၾကာင္႔ မိမိမန္ေနဂ်ာဟာ ၀န္ထမ္းေတြအေပၚ ထိန္းေက်ာင္းေရးမွာ တကယ္ပဲသင္႔ေတာ္ရဲ႕လားဆိုတာ ပံုမွန္သံုးသပ္သင္႔ပါတယ္။
Credit:ေအာင္ခန္႔
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
သင်ဦးဆောင်နေတဲ့ လုပ်ငန်းခွင်အတွက် ထူးချွန်သော၊ ထက်မြက်သော ဝန်ထမ်းကောင်းတွေကို ရရှိဖို့မလွယ်ကူသလို၊ ရှိပြီးသား ဝန်ထမ်းကောင်းတွေ တည်မြဲနေရန် ထိန်းသိမ်းဖို့ကလည်း အရေးကြီးလှပါတယ်။ အောက်ဖော်ပြပါ အချက်အလက်တွေကတော့ သင့်လုပ်ငန်းခွင်မှ ဝန်ထမ်းကောင်းတွေကို မဆုံးရှုံးရစေဖို့ ရှောင်ရှားသင့်တဲ့ အမှားလေးတွေ ဖြစ်ပါတယ်။

၁ - မလိုအပ်တဲ့ စည်းမျဥ်းတွေထုတ်ခြင်း

တစ်ခါတစ်ရံမှာ စနစ်တွေ စည်းမျဉ်းတွေဟာ စည်းကမ်းလိုက်နာဖို့အတွက် လိုအပ်တာမှန်ပေမယ့် မလိုလားအပ်တဲ့ ခပ်ကြောင်ကြောင် စည်းမျဉ်းတွေကတော့ သင့်ဝန်ထမ်းတွေအတွက် ကသိကအောက် ဖြစ်စေပါတယ်။ ထို့အတူ အလွန်တရာတင်းကျပ်တဲ့ စည်းကမ်းတွေက လုပ်ငန်းခွင်ပျော်ရွှင်မှုကို အနှောက်အယှက်ဖြစ်စေတာမို့ မလျော့လွန်း၊ မတင်းလွန်းသော စည်းကမ်းတွေသာ အကောင်းဆုံးပါ။

၂ - လုပ်ပိုင်ခွင့်မရခြင်း၊ အသိအမှတ်ပြုမခံရခြင်း

အချို့သော ဝန်ထမ်းကောင်းများဟာ လစာကောင်းကောင်းများထက် မိမိတို့အရည်အသွေးနဲ့ ကြိုးစားမှုကို ပိုမိုအလေးထားတတ်ကြပါတယ်။ ထို့အတူ မိမိတို့ရဲ့ လုပ်ငန်းအောင်မြင်ရေး ကြိုးစားမှုတွေအပေါ် အလုပ်ရှင်မှ အသိအမှတ်ပြုပေးခြင်းကိုလည်း အထူးလိုလားတတ်ကြပါတယ်။ ဒါ့အပြင် မိမိတို့အသက်အရွယ်၊ လုပ်ဆောင်ချက်၊ ရာထူးတွေနဲ့ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက်တို့ကိုလည်း လိုလားမျှော်လင့်တတ်ကြတာမို့ လုပ်ပိုင်ခွင့်ပေးခြင်း၊ အသိအမှတ်ပြု ဂုဏ်ပြုပေးခြင်းတို့ကလည်း ဝန်ထမ်းကောင်း တည်မြဲဖို့အရေးပါလှပါတယ်။

၃ - ထိုက်သင့်သောလစာ

စားဝတ်နေရေးအတွက် ကျင်လည်ရှင်သန်ကြတဲ့ လူသားတွေဖြစ်တာမို့ မိမိရဲ့ အရည်အချင်းနဲ့ ထိုက်သင့်သော လစာရရှိနိုင်ဖို့ကလည်း အရေးပါလှပါတယ်။ မိမိလုပ်ရတဲ့အလုပ်ကများများ၊ ရတဲ့လစာက နည်းနည်းဖြစ်လာတဲ့အခါ ဝန်ထမ်းတွေဟာ မိမိတို့စွမ်းဆောင်ရည်အပေါ် သံသယဖြစ်လာတတ်ကြသလို၊ လစာကောင်းတဲ့ အလုပ်သစ်ကို ခုန်ကူးဖို့စဉ်းစားတတ်လာကြပါတယ်။ ဒါကြောင့် လုပ်ငန်းအဆင်ပြေရင်ပြေသလို၊ ထူးချွန်ရင်ထူးချွန်သလို ဘောနပ်စ်ပေးတာမျိုး၊ နှစ်စဉ်လစာတိုးပေးတာမျိုးဟာ ဝန်ထမ်းကောင်းတွေကို ထိမ်းထားနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုပါ။

၄ - လုပ်ငန်းခွင်ပျော်ရွှင်မှု

ကျောင်းနေပျော်၍ စာတော်ဆိုတဲ့ ဆောင်ပုဒ်လေးလိုပဲ အလုပ်မှာနေပျော်သူတွေဟာ အလုပ်ပိုကြိုးစားချင်စိတ်ရှိကြမှာ ဓမ္မတာပါ။ ဒါကြောင့် မိမိရဲ့ဝန်ထမ်းတွေအတွက် မိသားစုဆန်သော အသိုက်အဝန်းလေးကို အလုပ်မှာဖန်တီးပေးခြင်းကလည်း ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါ။ ဝန်ထမ်းတွေကို ခရီးတွေပေးထွက်စေတာမျိုး၊ ညစာစားပွဲလေးတွေ လုပ်ပေးတာမျိုးကလည်း ဝန်ထမ်းများအချင်းချင်း ညီအကို၊ မောင်နှမစိတ်နဲ့ ရင်းနှီးစေမှာ အသေအချာပါ။

၅ - မန်နေဂျာခပ်ဆိုးဆိုး

တစ်ခါတစ်ရံမှာ သူဌေးဟာ အောက်ခြေက အခြေအနေမှန်တွေကို သေချာမသိရှိတတ်ပဲ မန်နေဂျာလို အဆင့်မျိုးနဲ့သာ လွှဲထားတတ်ပါတယ်။ ထိုအခါ အထက်ဖား၊ အောက်ဖိမန်နေဂျာျမျိုးတွေ ဖြစ်တဲ့အခါ ဝန်ထမ်းတွေကို မလိုအပ်ပဲ ဖိနှပ်ချုပ်ချယ်ရင်း သူဌေးကို ဖားတတ်ကြပါတယ်။ ဒါကြောင့် မိမိမန်နေဂျာဟာ ဝန်ထမ်းတွေအပေါ် ထိန်းကျောင်းရေးမှာ တကယ်ပဲသင့်တော်ရဲ့လားဆိုတာ ပုံမှန်သုံးသပ်သင့်ပါတယ်။
Credit:အောင်ခန့်
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top