iMyanmarHouse.com - Best Property Website for Myanmar
×





(၄) အသင့်စားအသားများ

Credit:Momolay



#Unicode Version
ယနေ့ခေတ်မှာ သွယ်လျတဲ့ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဝိတ်ချခြင်း ဆိုတဲ့ ကိစ္စဟာ လူငယ်တွေကြားမှာ ရေပန်းစားလာပါတယ်။ ဝိတ်ချခြင်းမှာ နည်းလမ်းမျိုးစုံရှိပါတယ်။ Gym ကစားခြင်း၊ အစားအသောက်လျှော့စားခြင်း၊ ပိန်စေတဲ့ ဆေးဝါးနဲ့ အစားအသောက် သုံးစွဲခြင်း စသည်ဖြင့် ဈေးကွက်အတွင်းမှာ ခေတ်စားလို့ နေပါတယ်။ ဒါပေမယ့် အာဟာပညာရှင်တွေက သင့်ကျန်းမာရေးကို မထိခိုက်ပဲ ဝိတ်ချလိုလျှင် အောက်ပါအစားအသောက်တွေမစားဖို့ တားမြစ်လိုက်ပါတယ်။

(၁) Diet Drinks (ဝိတ်လျှော့အချိုရည်များ)
Diet Drinks တွေမှာဆို ဓာတုသကြားနဲ့ အနှံ့အသက်တွေ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့မညီညွှတ်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။

(၂) အဆီနည်းနို့ထွက်ပစ္စည်းများ
အဆီနည်းနို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ နွားနို့၊ ဒိန်ခဲ တို့ဟာ ထင်ရသလောက် ကျန်းမာရေးနဲ့မညီညွှတ်ပါဘူး။ အဲ့ဒီအစားအစာတွေဟာ အဆီဖယ်ရှားခံထားရတဲ့အတွက် အရသာရှိအောင် ဓာတုသကြားတွေ ထပ်ထည့်ပေးရပါတယ်။ ဒါကြောင့် အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းကို စားသုံးတာက အဆီထုတ်ထားတဲ့ နို့ထွက်အစားအစာတွေကို စားသုံးခြင်းထက် ပိုပြီး ကောင်းပါတယ်။

(၃) အားဖြည့်အချိုရည်များ
ယနေ့ခေတ်မှာ ကော်ဖီအစား ကဖင်းဓာတ်ပါဝင်တဲ့ အားဖြည့်အချိုရည်တွေကို သောက်သုံးလာကြပါတယ်။ အားဖြည့်အချိုရည်တွေကို ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ကြော်ငြာထားပေမယ့် အဲ့ဒီအချိုရည်တွေမှာလည်း ဓာတုသကြားနဲ့ တခြားပစ္စည်းတွေ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်အောင် ဝိတ်ချဖို့ဆိုရင် မသောက်သုံးသင့်ပါဘူး။

(၄) အသင့်စားအသားများ
အသင့်စားအသားတွေမှာဆိုရင် ဆားနဲ့ နိုက်တြိတ်တွေ အလွန်အကျွံပါဝင်နေတာကြောင့် ဝိတ်ချနေတဲ့သူတွေ စားသုံးဖို့ရာ မသင့်တော်ပါဘူး။
Credit:Momolay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top