iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ၿခံဟာ မ်က္ႏွာနဲ႔ခႏၶာ ကိုယ္ေနရာအႏွံ႔တြင္သာမက ဦး ေရျပားမွာလည္း ေပါက္တတ္ပါ တယ္။ ေဟာ္မုန္းအေျပာင္းအလဲ ေၾကာင့္ေသာ္လည္းေကာင္း၊ စား ေသာက္ပံုမမွန္ျခင္း၊ ဓာတ္မတည့္ ျခင္း၊ တစ္ကိုယ္ေရသန္႔ရွင္းမႈ အားနည္းျခင္း၊ ဓာတုေဆးဝါးပါ တဲ့ဆီ လိမ္းျခင္း ဒါမွမဟုတ္ ဦး ထုပ္က်ပ္က်ပ္ေတြ တစ္ခ်ိန္လံုး ေဆာင္းထားျခင္း စတဲ့အေၾကာင္း ရင္းေတြေၾကာင့္ ျဖစ္တတ္တာမို႔ ဦးေရျပားက ဝက္ၿခံေတြဖယ္ဖုိ႔ အတြက္ . . .

- လက္ဖက္ပင္ဆီနဲ႔အုန္းဆီ၊ သံလြင္ဆီကို အနည္းငယ္ေရာၿပီး ဦးေရျပားအႏွံ႔ လိမ္းကာ ၂နာရီ ေလာက္ထားၿပီး ေခါင္းေလွ်ာ္တာ မ်ဳိး လုပ္ႏိုင္သလို ေခါင္းေလွ်ာ္ ရည္ထဲကို လက္ဖက္ပင္ဆီထည့္ ၿပီးေတာ့ ေလွ်ာ္ေပးႏုိင္ပါတယ္။ လက္ဖက္ပင္ဆီကို ဂြမ္းစေလးနဲ႔ တို႔ၿပီး ဝက္ၿခံရွိတဲ့ေနရာကို အသာအယာပြတ္ေပးကာ တစ္ နာရီေလာက္ေနရင္ ေရေအးေအး ေလးနဲ႔ ေလွ်ာ္ေပးႏိုင္ပါတယ္။

- နႏြင္းမႈႏ္႔သံုးခ်င္တယ္ဆုိရင္ နႏြင္းမႈန္႔နဲ႔အုန္းဆီစစ္စစ္ ေရာ ထားတဲ့အႏွစ္ကို ဝက္ၿခံဖုေပၚ လိမ္းကာ တစ္နာရီေလာက္ထား ၿပီးရင္ ေခါင္းေလွ်ာ္ႏိုင္ပါတယ္။

- ပန္းသီးရွာလကာရည္အနည္း ငယ္ကို ေရခပ္ေႏြးေႏြးေလးနဲ႔ ဆတူေရာၿပီး ဦးေရျပားကိုပြတ္ ေလွ်ာ္ကာ ၇ မိနစ္ေလာက္ေနရင္ ေရေဆးခ်ေပးပါ။ ပန္းသီးရွာ လကာရည္ကို ေရခပ္ေႏြးေႏြး ေလးနဲ႔ တစ္ေန႔ႏွစ္ႀကိမ္ ေသာက္ ေပးတာမ်ဳိး လုပ္ႏုိင္ပါတယ္။

- ရွားေစာင္းလက္ပပ္ဂ်ယ္လ္သံုး မယ္ဆိုရင္ ဝက္ၿခံရွိတဲ့ေနရာကို တစ္ပတ္ႏွစ္ႀကိမ္ေလာက္ လိမ္း ေပးႏုိင္သလို ရွားေစာင္းလက္ပပ္ ဂ်ယ္လ္နဲ႔ သံပရာရည္ အနည္း ငယ္ေရာၿပီး ဝက္ၿခံရွိတဲ့ေနရာ ကိုလိမ္းကာ နာရီဝက္ေလာက္ ထားၿပီး ေခါင္းေလွ်ာ္တာမ်ဳိး လည္း လုပ္ႏိုင္ပါတယ္။

- တမာရြက္သံုးမယ္ဆိုရင္ တမာရြက္ကိုျပဳတ္ၿပီး အႏွစ္ရေအာင္ေထာင္းကာ ဝက္ၿခံရွိတဲ့ေနရာကို သုတ္လိမ္းကာ ေခါင္းေလွ်ာ္ႏုိင္ သလို အိပ္ခါနီးမွာ ဦးေရျပားကို တမာဆီနဲ႔ အုန္းဆီေရာလိမ္းၿပီး ေနာက္ေန႔မနက္မွာ ေခါင္းေလွ်ာ္ ရည္ခပ္ေပ်ာ့ေပ်ာ့နဲ႔ ေလွ်ာ္ေပး တာမ်ဳိး လုပ္ႏုိင္ပါတယ္။

- ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို ဦးေရ ျပားအႏွံ႔သုတ္ၿပီး ေခါင္းေလွ်ာ္ ေပးရင္လည္း ဝက္ၿခံဖုေတြ သက္ သာေစပါတယ္။

- ဝက္ၿခံရွိတဲ့ေနရာကို ပ်ားရည္ သုတ္ၿပီး ၁၀ မိနစ္ေလာက္ေနရင္ ေရေဆးခ်တာမ်ဳိး လုပ္ႏုိင္သလုိ ပ်ားရည္နဲ႔ သစ္ၾကမ္းပိုးမႈန္႔ေရာၿပီး ေတာ့လည္း ဝက္ၿခံဖုကို လိမ္းတာ မ်ဳိး လုပ္ႏုိင္ပါတယ္။

- ၾကက္သြန္ျဖဴ ေျခာက္ႁမႊာ ေလာက္ကို ေရနည္းနည္းနဲ႔ ျပဳတ္ထားတဲ့ေရကို ဦးေရျပား အႏွံ႔သုတ္ၿပီး ၁၀ မိနစ္ေလာက္ ေနရင္ ေခါင္းေလွ်ာ္ႏိုင္သလို ၾကက္သြန္ျဖဴထုေထာင္းၿပီး အ ရည္ညႇစ္ကာ ဝက္ၿခံကိုသုတ္ေပးရင္လည္း ေပ်ာက္ကင္းႏုိင္ပါတယ္။

- လတ္လတ္ဆတ္ဆတ္ ကြမ္း ရြက္အနည္းငယ္ကို အႏွစ္ရ ေအာင္ေထာင္ၿပီး ဝက္ၿခံေပၚမွာ နာရီဝက္ေလာက္ထားၿပီး ေရ ေအးေအးနဲ႔ ေလွ်ာ္ေပးတာမ်ဳိး လုပ္ႏုိင္သလို ကြမ္းရြက္ျပဳတ္ရည္ နဲ႔ ေခါင္းေလွ်ာ္ေပးရင္ ဝက္ၿခံ ေပ်ာက္ေစတယ္လို႔ ဆိုပါတယ္။

Credit:7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဝက်ခြံဟာ မျက်နှာနဲ့ခန္ဓာ ကိုယ်နေရာအနှံ့တွင်သာမက ဦး ရေပြားမှာလည်း ပေါက်တတ်ပါ တယ်။ ဟော်မုန်းအပြောင်းအလဲ ကြောင့်သော်လည်းကောင်း၊ စား သောက်ပုံမမှန်ခြင်း၊ ဓာတ်မတည့် ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း၊ ဓာတုဆေးဝါးပါ တဲ့ဆီ လိမ်းခြင်း ဒါမှမဟုတ် ဦး ထုပ်ကျပ်ကျပ်တွေ တစ်ချိန်လုံး ဆောင်းထားခြင်း စတဲ့အကြောင်း ရင်းတွေကြောင့် ဖြစ်တတ်တာမို့ ဦးရေပြားက ဝက်ခြံတွေဖယ်ဖို့ အတွက် . . .

- လက်ဖက်ပင်ဆီနဲ့အုန်းဆီ၊ သံလွင်ဆီကို အနည်းငယ်ရောပြီး ဦးရေပြားအနှံ့ လိမ်းကာ ၂နာရီ လောက်ထားပြီး ခေါင်းလျှော်တာ မျိုး လုပ်နိုင်သလို ခေါင်းလျှော် ရည်ထဲကို လက်ဖက်ပင်ဆီထည့် ပြီးတော့ လျှော်ပေးနိုင်ပါတယ်။ လက်ဖက်ပင်ဆီကို ဂွမ်းစလေးနဲ့ တို့ပြီး ဝက်ခြံရှိတဲ့နေရာကို အသာအယာပွတ်ပေးကာ တစ် နာရီလောက်နေရင် ရေအေးအေး လေးနဲ့ လျှော်ပေးနိုင်ပါတယ်။

- နနွင်းမှုန့်သုံးချင်တယ်ဆိုရင် နနွင်းမှုန့်နဲ့အုန်းဆီစစ်စစ် ရော ထားတဲ့အနှစ်ကို ဝက်ခြံဖုပေါ် လိမ်းကာ တစ်နာရီလောက်ထား ပြီးရင် ခေါင်းလျှော်နိုင်ပါတယ်။

- ပန်းသီးရှာလကာရည်အနည်း ငယ်ကို ရေခပ်နွေးနွေးလေးနဲ့ ဆတူရောပြီး ဦးရေပြားကိုပွတ် လျှော်ကာ ၇ မိနစ်လောက်နေရင် ရေဆေးချပေးပါ။ ပန်းသီးရှာ လကာရည်ကို ရေခပ်နွေးနွေး လေးနဲ့ တစ်နေ့နှစ်ကြိမ် သောက် ပေးတာမျိုး လုပ်နိုင်ပါတယ်။

- ရှားစောင်းလက်ပပ်ဂျယ်လ်သုံး မယ်ဆိုရင် ဝက်ခြံရှိတဲ့နေရာကို တစ်ပတ်နှစ်ကြိမ်လောက် လိမ်း ပေးနိုင်သလို ရှားစောင်းလက်ပပ် ဂျယ်လ်နဲ့ သံပရာရည် အနည်း ငယ်ရောပြီး ဝက်ခြံရှိတဲ့နေရာ ကိုလိမ်းကာ နာရီဝက်လောက် ထားပြီး ခေါင်းလျှော်တာမျိုး လည်း လုပ်နိုင်ပါတယ်။

- တမာရွက်သုံးမယ်ဆိုရင် တမာရွက်ကိုပြုတ်ပြီး အနှစ်ရအောင်ထောင်းကာ ဝက်ခြံရှိတဲ့နေရာကို သုတ်လိမ်းကာ ခေါင်းလျှော်နိုင် သလို အိပ်ခါနီးမှာ ဦးရေပြားကို တမာဆီနဲ့ အုန်းဆီရောလိမ်းပြီး နောက်နေ့မနက်မှာ ခေါင်းလျှော် ရည်ခပ်ပျော့ပျော့နဲ့ လျှော်ပေး တာမျိုး လုပ်နိုင်ပါတယ်။

- ခရမ်းချဉ်သီးဖျော်ရည်ကို ဦးရေ ပြားအနှံ့သုတ်ပြီး ခေါင်းလျှော် ပေးရင်လည်း ဝက်ခြံဖုတွေ သက် သာစေပါတယ်။

- ဝက်ခြံရှိတဲ့နေရာကို ပျားရည် သုတ်ပြီး ၁၀ မိနစ်လောက်နေရင် ရေဆေးချတာမျိုး လုပ်နိုင်သလို ပျားရည်နဲ့ သစ်ကြမ်းပိုးမှုန့်ရောပြီး တော့လည်း ဝက်ခြံဖုကို လိမ်းတာ မျိုး လုပ်နိုင်ပါတယ်။

- ကြက်သွန်ဖြူ ခြောက်မြွှာ လောက်ကို ရေနည်းနည်းနဲ့ ပြုတ်ထားတဲ့ရေကို ဦးရေပြား အနှံ့သုတ်ပြီး ၁၀ မိနစ်လောက် နေရင် ခေါင်းလျှော်နိုင်သလို ကြက်သွန်ဖြူထုထောင်းပြီး အ ရည်ညှစ်ကာ ဝက်ခြံကိုသုတ်ပေးရင်လည်း ပျောက်ကင်းနိုင်ပါတယ်။

- လတ်လတ်ဆတ်ဆတ် ကွမ်း ရွက်အနည်းငယ်ကို အနှစ်ရ အောင်ထောင်ပြီး ဝက်ခြံပေါ်မှာ နာရီဝက်လောက်ထားပြီး ရေ အေးအေးနဲ့ လျှော်ပေးတာမျိုး လုပ်နိုင်သလို ကွမ်းရွက်ပြုတ်ရည် နဲ့ ခေါင်းလျှော်ပေးရင် ဝက်ခြံ ပျောက်စေတယ်လို့ ဆိုပါတယ်။

Credit:7day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top