iMyanmarHouse.com - Best Property Website for Myanmar
×

ခြင့္လႊတ္လို႔မရတဲ့ ကိစၥေတြရွိေနရင္ စိတ္ထဲမွာ မေက်မခ်မ္းနဲ႔ပါ။ အစားအေသာက္အပ်က္ျဖစ္ျပီး စိတ္ကိုေတာင္ ထိခိုက္ပါတယ္။ ဒီလို ျဖစ္ေနတယ္ဆိုရင္ အနည္းငယ္သက္သာေစမယ့္ အၾကံညဏ္ေလးေတြ ေပးခ်င္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္ေစတဲ့ စကားမ်ိဳး မေျပာပါနဲ႔။ ဒီလိုေျပာေနရာကေန ျဖစ္ခဲ့တဲ့ ျပသာနာဟာ အမွန္တကယ္လက္ေတြ႕ထက္ ပိုၾကီးလာပါတယ္။ ျပသာနာကို လိုတာထက္ ပုိခံစားလာျပီး ဘယ္လိုမွ ခြင့္မလႊတ္ႏုိင္ေအာင္ ျဖစ္လာပါတယ္။

ဒီေန႔ ဒီခံစားခ်က္ျဖစ္ေနေပမယ့္ ေနာက္တစ္ႏွစ္ေနရင္ ဘယ္လိုျဖစ္မလဲ ေတြးၾကည့္ပါ။ သင့္တံု႔ျပန္မႈဟာ ေျပာင္းလဲသြားမွာ ျဖစ္ပါတယ္။ ဒါကို ျမင္ဖို႔ လိုပါတယ္။

ကိုယ့္ကိုယ္ကိုယ္ အားရေက်နပ္မႈမရွိဘဲ ဆိုးဆုိးဝါးဝါးထင္ျမင္တာေတြ မလုပ္ဖို႔ လိုပါတယ္။ တျခားလူကို ခြင့္လႊတ္ဖို႔ဟာ ခက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္အတြင္းပိုင္းမွာ နာက်င္ရတာေၾကာင့္ပါ။ ဒီလိုနာက်င္မႈကေန သင့္ကိုသင္အားမရတာေတြ ျဖစ္လာပါတယ္။ သင့္ကိုသင္ ျပစ္တင္ရႈံ႕ခ်တာေတြ ျဖစ္လာပါတယ္။ ဒီလိုမ်ိဳး မလုပ္သင့္ပါဘူး။ နာက်င္သေလာက္နာက်င္ျပီးျပီ ျဖစ္တာမို႔ ကိုယ့္ကိုယ္ကိုယ္ ရႈံ႕ခ်ျပစ္တင္ေနစရာမလိုပါဘူး။

ဘယ္သူက သင့္ဘက္မွာ အျမဲရွိတဲ့လူလည္း။ နာက်င္မႈေတြရွိတဲ့အခါ သင္နဲ႔အတူ ရပ္တည္မယ့္လူက ဘယ္သူလဲ။ ျပန္လည္ကုသေနရတဲ့ လမ္းမွာ သင္နဲ႔ အတူေလွ်ာက္မယ့္သူက ဘယ္သူလဲ။ ဒီလူ႔ဆီမွာ သင့္ရဲ႕ နာက်င္မႈေတြကို ဖြင့္ဟပါ။ ဒီလိုေျပာခြင့္ရွိတဲ့လူတစ္ေယာက္ကို ပိုင္ဆုိင္ထားတယ္ဆိုကတည္းက သင့္ဘဝဟာ လူေတာ္ေတာ္မ်ားမ်ားထက္ သာေနပါျပီ။ နာက်င္စရာေတြကို ဒီလိုလူတစ္ေယာက္ရွိထားတယ္ဆိုတဲ့ စိတ္နဲ႔တင္ ေျဖေဖ်ာက္လို႔ရေနပါျပီ။

ခြင့္လြတ္လိုက္တာေၾကာင့္ နိမ့္က်တဲ့လူျဖစ္မသြားပါဘူး။ သင္ခြင့္လႊတ္တာကို ခံရတဲ့လူကလည္း ဒီလိုခြင့္လြတ္လိုက္တာေၾကာင့္ နိမ့္က်တာမ်ိဳး ျဖစ္မသြားပါဘူး။ ႏွစ္ေယာက္စလံုးက လူသားေတြပါပဲ။ အလြန္အကၽြံေျပာဆုိမႈေတြ၊ အလြန္အကၽြံႏွိမ့္ခ်မႈေတြ၊ ေဝဖန္မႈေတြကိုေတာ့ ေရွာင္ရွားရမွာ ျဖစ္ပါတယ္။

တစ္ဖက္လူရဲ႕ အားနည္းခ်က္ေတြ၊ သူ႔ဘက္မွာလည္း ခံစားခ်က္အတက္အက်ရွိမႈေတြကို နားလည္သြားတဲ့အခ်ိန္မွာ သင့္ဘက္က ခံစားေနရတာေတြ ခရီးအဆံုးကို ေရာက္သြားပါတယ္။  ခြင့္လႊတ္မႈ ခရီးဆံုးသြားတဲ့အခါ ယခင္ထက္ ေပါ့ပါးမႈကို ခံစားရမွာပါ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ခွင့်လွှတ်လို့မရတဲ့ ကိစ္စတွေရှိနေရင် စိတ်ထဲမှာ မကျေမချမ်းနဲ့ပါ။ အစားအသောက်အပျက်ဖြစ်ပြီး စိတ်ကိုတောင် ထိခိုက်ပါတယ်။ ဒီလို ဖြစ်နေတယ်ဆိုရင် အနည်းငယ်သက်သာစေမယ့် အကြံညဏ်လေးတွေ ပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စေတဲ့ စကားမျိုး မပြောပါနဲ့။ ဒီလိုပြောနေရာကနေ ဖြစ်ခဲ့တဲ့ ပြသာနာဟာ အမှန်တကယ်လက်တွေ့ထက် ပိုကြီးလာပါတယ်။ ပြသာနာကို လိုတာထက် ပိုခံစားလာပြီး ဘယ်လိုမှ ခွင့်မလွှတ်နိုင်အောင် ဖြစ်လာပါတယ်။

ဒီနေ့ ဒီခံစားချက်ဖြစ်နေပေမယ့် နောက်တစ်နှစ်နေရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပါ။ သင့်တုံ့ပြန်မှုဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါကို မြင်ဖို့ လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုမရှိဘဲ ဆိုးဆိုးဝါးဝါးထင်မြင်တာတွေ မလုပ်ဖို့ လိုပါတယ်။ တခြားလူကို ခွင့်လွှတ်ဖို့ဟာ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်အတွင်းပိုင်းမှာ နာကျင်ရတာကြောင့်ပါ။ ဒီလိုနာကျင်မှုကနေ သင့်ကိုသင်အားမရတာတွေ ဖြစ်လာပါတယ်။ သင့်ကိုသင် ပြစ်တင်ရှုံ့ချတာတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ နာကျင်သလောက်နာကျင်ပြီးပြီ ဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ် ရှုံ့ချပြစ်တင်နေစရာမလိုပါဘူး။

ဘယ်သူက သင့်ဘက်မှာ အမြဲရှိတဲ့လူလည်း။ နာကျင်မှုတွေရှိတဲ့အခါ သင်နဲ့အတူ ရပ်တည်မယ့်လူက ဘယ်သူလဲ။ ပြန်လည်ကုသနေရတဲ့ လမ်းမှာ သင်နဲ့ အတူလျှောက်မယ့်သူက ဘယ်သူလဲ။ ဒီလူ့ဆီမှာ သင့်ရဲ့ နာကျင်မှုတွေကို ဖွင့်ဟပါ။ ဒီလိုပြောခွင့်ရှိတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုကတည်းက သင့်ဘဝဟာ လူတော်တော်များများထက် သာနေပါပြီ။ နာကျင်စရာတွေကို ဒီလိုလူတစ်ယောက်ရှိထားတယ်ဆိုတဲ့ စိတ်နဲ့တင် ဖြေဖျောက်လို့ရနေပါပြီ။

ခွင့်လွတ်လိုက်တာကြောင့် နိမ့်ကျတဲ့လူဖြစ်မသွားပါဘူး။ သင်ခွင့်လွှတ်တာကို ခံရတဲ့လူကလည်း ဒီလိုခွင့်လွတ်လိုက်တာကြောင့် နိမ့်ကျတာမျိုး ဖြစ်မသွားပါဘူး။ နှစ်ယောက်စလုံးက လူသားတွေပါပဲ။ အလွန်အကျွံပြောဆိုမှုတွေ၊ အလွန်အကျွံနှိမ့်ချမှုတွေ၊ ဝေဖန်မှုတွေကိုတော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။

တစ်ဖက်လူရဲ့ အားနည်းချက်တွေ၊ သူ့ဘက်မှာလည်း ခံစားချက်အတက်အကျရှိမှုတွေကို နားလည်သွားတဲ့အချိန်မှာ သင့်ဘက်က ခံစားနေရတာတွေ ခရီးအဆုံးကို ရောက်သွားပါတယ်။  ခွင့်လွှတ်မှု ခရီးဆုံးသွားတဲ့အခါ ယခင်ထက် ပေါ့ပါးမှုကို ခံစားရမှာပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top