iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ တခ်ိဳ႕အသားအေရကို တစ္ေနရာမွာ ျဖဴလိုက္ မည္းလိုက္ျဖစ္ၿပီး မ်က္ႏွာေပၚမွာေတာင္ အသားအေရမညီတာမ်ိဳးျဖစ္တတ္ပါတယ္။

ညိဳရင္လည္း အားလံုးညိဳတာညီေနမွ ၾကည့္လို႔လွတယ္၊ျဖဴရင္လည္း အားလံုးျဖဴေနမွ လွတယ္ဆိုတာ ပ်ိဳေမတို႔လည္း လက္ခံမယ္ထင္ပါတယ္။ အသားအေရမညီမညာျဖစ္ေနတာကို ေျဖရွင္းေပးဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခုကို မွ်ေေပးမယ္ေနာ္။

ခရမ္းခ်ဥ္သီးနဲ႔ သံပုရာသီး (သို႔) သံပုယုိသီး

ခရမ္းခ်ဥ္သီးမွာပါ၀င္တဲ့ Antioxidant ေၾကာင့္ ေခၽြးေပါက္က်ဥ္းေစၿပီး အသားအေရကို ျဖဴ၀င္းေစဖို႔အကူအညီေပးပါတယ္။

ခရမ္းခ်ဥ္သီးအမွည့္ကို ဇြန္း ဒါမွမဟုတ္ လက္ကိုသံုးၿပီး အရည္ထြက္ေအာင္ညွစ္လိုက္ပါ။ ႀကိတ္လိုက္လည္းရပါတယ္။

ၿပီးရင္ သံပုရာသီးကိုအရည္ညွစ္ၿပီးထည့္ပါ။

အဲဒီေနာက္ မ်က္ႏွာေပၚမွာလိမ္းေပးၿပီး ေျခာက္ေအာင္ထားပါ။ (မိနစ္ ၂၀ ေလာက္ေတာ့ၾကာပါလိမ့္မယ္။)

ၿပီးရင္ ေရေအးေအးနဲ႔ မ်က္ႏွာသစ္ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ေပးပါ။ ၁ လေလာက္ဆိုရင္ သိသာလာမွာျဖစ္ပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးအစိမ္းကိုပဲျဖစ္ျဖစ္ အမွည့္ကိုပဲျဖစ္ျဖစ္ ပါးပါးလွီးၿပီး မ်က္ႏွာေပၚမွာကပ္ေပးႏိုင္ပါတယ္။

ဒါမွမဟုတ္လည္း ႀကိတ္ၿပီး မ်က္ႏွာေပၚမွာလိမ္းေပးပါ။ ေျခာက္ေအာင္ထားၿပီးမ်က္ႏွာ သစ္ပါ။အသားအေရစိုေျပၿပီး ျဖဴ၀င္းေစမွာျဖစ္ပါတယ္။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ႏိုင္ပါတယ္။

သံပုရာသီး (သို႔) သံပုယုိသီး

သံပုရာသီး (သို႔) သံပုယုိသီးကို အရည္ညွစ္ၿပီး မ်က္ႏွာေပၚမွာဒီအတိုင္းလိမ္းေပးလို႔ရပါတယ္။ တစ္ပတ္ ၁ ခါ ၂ ခါေလာက္ပဲလုပ္ပါ။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မင်္ဂလာပါနော်။ တချို့အသားအရေကို တစ်နေရာမှာ ဖြူလိုက် မည်းလိုက်ဖြစ်ပြီး မျက်နှာပေါ်မှာတောင် အသားအရေမညီတာမျိုးဖြစ်တတ်ပါတယ်။

ညိုရင်လည်း အားလုံးညိုတာညီနေမှ ကြည့်လို့လှတယ်၊ဖြူရင်လည်း အားလုံးဖြူနေမှ လှတယ်ဆိုတာ ပျိုမေတို့လည်း လက်ခံမယ်ထင်ပါတယ်။ အသားအရေမညီမညာဖြစ်နေတာကို ဖြေရှင်းပေးဖို့အတွက် နည်းလမ်းကောင်းတစ်ခုကို မျှေပေးမယ်နော်။

ခရမ်းချဉ်သီးနဲ့ သံပုရာသီး (သို့) သံပုယိုသီး

ခရမ်းချဉ်သီးမှာပါဝင်တဲ့ Antioxidant ကြောင့် ချွေးပေါက်ကျဉ်းစေပြီး အသားအရေကို ဖြူဝင်းစေဖို့အကူအညီပေးပါတယ်။

ခရမ်းချဉ်သီးအမှည့်ကို ဇွန်း ဒါမှမဟုတ် လက်ကိုသုံးပြီး အရည်ထွက်အောင်ညှစ်လိုက်ပါ။ ကြိတ်လိုက်လည်းရပါတယ်။

ပြီးရင် သံပုရာသီးကိုအရည်ညှစ်ပြီးထည့်ပါ။

အဲဒီနောက် မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ (မိနစ် ၂၀ လောက်တော့ကြာပါလိမ့်မယ်။)

ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးအစိမ်းကိုပဲဖြစ်ဖြစ် အမှည့်ကိုပဲဖြစ်ဖြစ် ပါးပါးလှီးပြီး မျက်နှာပေါ်မှာကပ်ပေးနိုင်ပါတယ်။

ဒါမှမဟုတ်လည်း ကြိတ်ပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ခြောက်အောင်ထားပြီးမျက်နှာ သစ်ပါ။အသားအရေစိုပြေပြီး ဖြူဝင်းစေမှာဖြစ်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လုပ်နိုင်ပါတယ်။

သံပုရာသီး (သို့) သံပုယိုသီး

သံပုရာသီး (သို့) သံပုယိုသီးကို အရည်ညှစ်ပြီး မျက်နှာပေါ်မှာဒီအတိုင်းလိမ်းပေးလို့ရပါတယ်။ တစ်ပတ် ၁ ခါ ၂ ခါလောက်ပဲလုပ်ပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top