iMyanmarHouse.com - Best Property Website for Myanmar
×

လိေမၼာ္ေဖ်ာ္ရည္လို႔ေျပာလိုက္တာနဲ႔ သင့္ရဲ ႔စိတ္ထဲမွာ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာနဲ႔ လိေမၼာ္သီးအဖတ္ကေလးေတြနဲ႔ေအးျမေနတဲ့လိေမၼာ္ေဖ်ာ္ရည္တခြက္ကို ျမင္ေယာင္မိသြားမယ္ထင္ပါတယ္။ ဟုတ္ပါတယ္။ တခ်ိဳ ႔ကေတာ့ အၾကိဳက္မတူလို႔ လိေမၼာ္ေဖ်ာ္ရည္မၾကိဳက္ဘူးဆိုႏိုင္ေပမယ့္ က်န္တဲ့လူေတာ္ေတာ္မ်ားမ်ားကေတာ့ လိေမၼာ္သီးနဲ႔ လိေမၼာ္ေဖ်ာ္ရည္ကို ႏွစ္သက္ၾကမွာပါ။ အခုေခတ္မွာေတာ့ အသင့္ေသာက္သံုးႏိုင္တဲ့ လိေမၼာ္ေဖ်ာ္ရည္ဘူးေတြက ေနရာအႏွံ႔မွာရႏိုင္ပါတယ္။
ဒါေပမဲ့လည္း လတ္လတ္ဆတ္ဆတ္ ေဖ်ာ္ထားတဲ့လိေမၼာ္ေဖ်ာ္ရည္က အေကာင္းဆံုးပါ။
အသင့္ေသာက္သံုးႏိုင္တဲ့ ပံုစံမ်ိဳးစံုနဲ႔လာတဲ့ လိေမၼာ္ရည္ေတြမွာသံုးထားတဲ့လိေမၼာ္သီးေတြက အာနိသင္မရွိသေလာက္ျဖစ္ျပီး တျခားဆိုးက်ိဳးေတြပါျဖစ္ေစႏိုင္ပါတယ္။
တေနရာကေန တေနရာကို သယ္ရတာလြယ္ကူေအာင္၊ ဒါမွမဟုတ္လည္း ပိုးေသေအာင္နဲ႔ တာရွည္အထားခံႏိုင္ေအာင္ အပူခ်ိန္တခုထိေပးျပီး ပိုးသတ္ထားတဲ့ အသီးအႏွံေတြက စားသံုးဖို႔မသင့္ေတာ္ပါဘူး။

လတ္လတ္ဆတ္ဆတ္အရည္ညွစ္ျပီး ေဖ်ာ္ထားတဲ့လိေမၼာ္ရည္ကေတာ့ သင့္ရဲ ႔က်န္းမာေရးနဲ႔ ေသာက္သံုးဖို႔ အသင့္ေတာ္ဆံုးဟုတ္ပါရဲ ႔လား ? အေျဖကေတာ့ ဟုတ္တယ္လုိ႔ ဆိုရပါမယ္။ သို႔ေသာ္ မသင့္ေတာ္ဘူးလို႔ပဲ ယူဆပါတယ္။ အသင့္ေဖ်ာ္ထားတဲ့ လိေမၼာ္ရည္ 250 ml မွာ 124 ml Vitamin C, C Potassium, Thiamin နဲ႔ Folic Acid) ပါဝင္ပါတယ္။ ထို႕အတူပဲ သၾကားဓာတ္ 20.8g နဲ႕ 112 Calories ပါဝင္ပါတယ္။ ဒါဆိုရင္ သင့္အေနနဲ႔ 20.8g ပမာဏ ရွိတဲ့ သၾကားဓာတ္ေတြကို တစ္ငံုေသာက္လုိက္ရံုနဲ႔ ရသြားတာမ်ိဳးကိုျဖစ္ခ်င္မယ္လို႔မထင္ပါဘူး။

ဒါေပမဲ့လည္း အမွ်င္ဓာတ္မ်ားစြာပါဝင္တဲ့ လိေမၼာ္သီးကေတာ့မတူပါဘူး။ လိေမၼာ္သီးရဲ ႔အမွ်င္ေတြကသင့္ရဲ ႔ အစာေခ်စနစ္ကို အမ်ားၾကီးအေထာက္အကူျဖစ္ပါတယ္။ ေျပာခ်င္တာကေတာ့ လိေမၼာ္သီးကို အသီးအတိုင္းစားသံုးတာဟာ သင့္ရဲ ႔အစာေခ်စနစ္ကို အက်ိဳးရွိေစတဲ့အျပင္ သၾကားဓာတ္ေတြကိုေခ်ဖ်က္ဖို႔ သင့္ရဲ ႔အသည္းကိုလည္း အခ်ိန္ေပးျပီးသားျဖစ္လို႔ ေဖ်ာ္ရည္ေသာက္တာထက္ပိုျပီးေကာင္းပါတယ္။

ဒါဆိုရင္ေတာ့ သင့္ရဲ ႔ေန႔စဥ္ဘဝအေၿခခံက်န္းမာေရးအတြက္လိေမၼာ္ေဖ်ာ္ရည္ကို တတ္ႏိုင္သမွ် မေသာက္သံုးေစခ်င္ဘဲ လိေမၼာ္သီးကို အသီးအတုိင္း၊ သဘာဝအတိုင္းသာစားသံုးပါလို႔ အၾကံျပဳခ်င္ပါတယ္။

Credit:Myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လိမ္မော်ဖျော်ရည်လို့ပြောလိုက်တာနဲ့ သင့်ရဲ့စိတ်ထဲမှာ ချိုချိုချဉ်ချဉ်အရသာနဲ့ လိမ္မော်သီးအဖတ်ကလေးတွေနဲ့အေးမြနေတဲ့လိမ္မော်ဖျော်ရည်တခွက်ကို မြင်ယောင်မိသွားမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ တချို့ကတော့ အကြိုက်မတူလို့ လိမ္မော်ဖျော်ရည်မကြိုက်ဘူးဆိုနိုင်ပေမယ့် ကျန်တဲ့လူတော်တော်များများကတော့ လိမ္မော်သီးနဲ့ လိမ္မော်ဖျော်ရည်ကို နှစ်သက်ကြမှာပါ။ အခုခေတ်မှာတော့ အသင့်သောက်သုံးနိုင်တဲ့ လိမ္မော်ဖျော်ရည်ဘူးတွေက နေရာအနှံ့မှာရနိုင်ပါတယ်။
ဒါပေမဲ့လည်း လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့လိမ္မော်ဖျော်ရည်က အကောင်းဆုံးပါ။
အသင့်သောက်သုံးနိုင်တဲ့ ပုံစံမျိုးစုံနဲ့လာတဲ့ လိမ္မော်ရည်တွေမှာသုံးထားတဲ့လိမ္မော်သီးတွေက အာနိသင်မရှိသလောက်ဖြစ်ပြီး တခြားဆိုးကျိုးတွေပါဖြစ်စေနိုင်ပါတယ်။
တနေရာကနေ တနေရာကို သယ်ရတာလွယ်ကူအောင်၊ ဒါမှမဟုတ်လည်း ပိုးသေအောင်နဲ့ တာရှည်အထားခံနိုင်အောင် အပူချိန်တခုထိပေးပြီး ပိုးသတ်ထားတဲ့ အသီးအနှံတွေက စားသုံးဖို့မသင့်တော်ပါဘူး။

လတ်လတ်ဆတ်ဆတ်အရည်ညှစ်ပြီး ဖျော်ထားတဲ့လိမ္မော်ရည်ကတော့ သင့်ရဲ့ကျန်းမာရေးနဲ့ သောက်သုံးဖို့ အသင့်တော်ဆုံးဟုတ်ပါရဲ့လား ? အဖြေကတော့ ဟုတ်တယ်လို့ ဆိုရပါမယ်။ သို့သော် မသင့်တော်ဘူးလို့ပဲ ယူဆပါတယ်။ အသင့်ဖျော်ထားတဲ့ လိမ္မော်ရည် 250 ml မှာ 124 ml Vitamin C, C Potassium, Thiamin နဲ့ Folic Acid) ပါဝင်ပါတယ်။ ထို့အတူပဲ သကြားဓာတ် 20.8g နဲ့ 112 Calories ပါဝင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ 20.8g ပမာဏ ရှိတဲ့ သကြားဓာတ်တွေကို တစ်ငုံသောက်လိုက်ရုံနဲ့ ရသွားတာမျိုးကိုဖြစ်ချင်မယ်လို့မထင်ပါဘူး။

ဒါပေမဲ့လည်း အမျှင်ဓာတ်များစွာပါဝင်တဲ့ လိမ္မော်သီးကတော့မတူပါဘူး။ လိမ္မော်သီးရဲ့အမျှင်တွေကသင့်ရဲ့ အစာချေစနစ်ကို အများကြီးအထောက်အကူဖြစ်ပါတယ်။ ပြောချင်တာကတော့ လိမ္မော်သီးကို အသီးအတိုင်းစားသုံးတာဟာ သင့်ရဲ့အစာချေစနစ်ကို အကျိုးရှိစေတဲ့အပြင် သကြားဓာတ်တွေကိုချေဖျက်ဖို့ သင့်ရဲ့အသည်းကိုလည်း အချိန်ပေးပြီးသားဖြစ်လို့ ဖျော်ရည်သောက်တာထက်ပိုပြီးကောင်းပါတယ်။

ဒါဆိုရင်တော့ သင့်ရဲ့နေ့စဉ်ဘဝအခြေခံကျန်းမာရေးအတွက်လိမ္မော်ဖျော်ရည်ကို တတ်နိုင်သမျှ မသောက်သုံးစေချင်ဘဲ လိမ္မော်သီးကို အသီးအတိုင်း၊ သဘာဝအတိုင်းသာစားသုံးပါလို့ အကြံပြုချင်ပါတယ်။

Credit:Myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top