iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးေရရွည္တည္ျမဲဖုိ႕ဆုိရင္ ႏွစ္ဦးႏွစ္ဖက္ ထိန္းသိမ္းရမယ့္အပိုင္းေလးေတြ ရွိပါတယ္။ သင္က အမ်ိဳးသားတစ္ေယာက္ျဖစ္ျပီး ဒီအခ်စ္ေရးကို အဆံုးထိခိုင္ျမဲခ်င္တဲ့သူဆုိရင္ သင့္ခ်စ္သူေကာင္မေလးအတြက္ သင့္ဘက္က လုပ္ေဆာင္ေပးရမယ့္အရာေလးေတြ ရွိပါတယ္။ လူတုိင္းဟာ ခ်ီးမြမ္းေျပာဆုိတာ ခံခ်င္တတ္ၾကတာခ်ည္းပါပဲ။ ျပီးေတာ့ သူဟာ သင့္ဘ၀မွာ မရွိမျဖစ္အေရးပါတဲ့သူတစ္ေယာက္ဆုိတာကိုလည္း သင္ေျပာတာမ်ိဳး ခံခ်င္မွာပါ။ အဲ့ဒီအခ်က္ကေလးေတြေပၚမူတည္ျပီး သင့္ခ်စ္သူေကာင္မေလးကို ေန႕တုိင္းေျပာဆုိေပးရမယ့္ အရာေလးေတြ ေျပာျပေပးခ်င္ပါတယ္။

၁။ ကိုယ္မင္းကိုခ်စ္တယ္။

ဒီစကားကရိုးလြန္းတယ္လုိ႕ ထင္ရေပမယ့္ သင္တုိ႕ႏွစ္ဦးအတြက္ တကယ္ကို လိုအပ္ပါတယ္။ သင္အလုပ္မသြားခင္၊ ဒါမွမဟုတ္ မနက္ပုိင္း ခ်စ္သူဆီဖုန္းဆက္တဲ့အခါ ၊ ညဘက္အိပ္ခါနီးဖုန္းဆက္တဲ့အခါေတြမွာ ဖုန္းခ်ခါနီးတုိင္း သင့္ေကာင္မေလးကို ခ်စ္တယ္ဆုိတဲ့ စကားေလး မပ်က္မကြက္ေျပာပါ။

၂။ မင္းက အရမ္းကို လွပတဲ့ မိန္းကေလးပါ။

တစ္ခါတစ္ေလမွာ အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြပါ တစ္ေယာက္ကိုတစ္ေယာက္ ယံုၾကည္မႈျမွင့္တင္ေပးႏိုင္တဲ့အရာေတြ ရွိေနပါတယ္။ ဒီေတာ့ ကိုယ္ခ်စ္ရတဲ့အမ်ိဳးသမီးကို ဘယ္ေလာက္လွေၾကာင္း၊ ဘယ္လိုၾကည့္ေကာင္းေၾကာင္းေျပာေပးတာကလည္း သူ႕စိတ္ခံစားမႈေကာင္းမြန္ေစဖုိ႕၊ ကိုယ့္ကိုကုိယ္ ယံုၾကည္မႈတိုးေစဖုိ႕အတြက္ မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။ သူမ ဘယ္ေလာက္လွေၾကာင္းမၾကာခဏေျပာေပးပါ။

၃။ မင္းေၾကာင့္ ငါဟာ ပိုေတာ္၊ ပိုထက္ျမက္တဲ့သူ ျဖစ္လာျပီ။

သင့္ခ်စ္သူေကာင္မေလးက သင့္အိပ္မက္ေတြ အေကာင္အထည္ေဖာ္ရာမွာ အျမဲအားေပးတတ္တဲ့သူတစ္ဦးဆုိရင္ သူ႕ေၾကာင့္ သင္ခုလို ျဖစ္လာတာဆုိတဲ့ စကားမ်ိဳးေလး ေျပာေပးပါ။ သူ႕ေၾကာင့္  သင္ဒီလိုေျပာင္းလဲသြားခ့ဲျပီဆုိတာေလးလည္း ေျပာေပးပါ။

၄။ မင္းက ကိုယ့္သူငယ္ခ်င္းေကာင္းလည္း ျဖစ္တယ္။

သူဟာ သင့္ဘ၀လက္တြဲေဖာ္ဆုိလည္း ဟုတ္တယ္။ သူငယ္ခ်င္းေကာင္းဆုိလည္း ဟုတ္တယ္ဆုိတဲ့အေၾကာင္း သူသိေအာင္ ေျပာပါ။ ဒီအခ်က္ကလည္း သူမနဲ႕အတူရွိတာဟာ အျခားသူေတြနဲ႕အတူရွိျခင္းထက္ ပိုအဓိပၸါယ္ရွိတယ္ဆုိတာ သိေစျခင္းပါပဲ။

၅။ သူမ လုပ္ေဆာင္တာ ေတာ္ေၾကာင္းေျပာပါ။

သူမ အလုပ္တစ္ခုခု လုပ္တဲ့အခါ ျပီးေျမာက္သြားတုိင္း သူမလုပ္ေဆာင္တာ ဘယ္ေလာက္ေတာ္ေၾကာင္း ခ်ီးမြမ္းေပးျခင္းကလည္း သူမကို စိတ္အားတက္သြားေစဖုိ႕ကူညီေပးျခင္းပါပဲ။

၆။ မင္းေျပာတာ ကိုယ္နားေထာင္ေနပါတယ္။

ခုေခတ္မွာ လူတိုင္းဟာ ကိုယ္ပိုင္အားလပ္ခ်ိန္ဆိုတာကို မနည္းကို ရွာေဖြေနရတဲ့အထိ အလုပ္ေတြရႈပ္ေနၾကပါျပီ။ ဖုန္းေတြတကုိင္ကိုင္နဲ႕ ကိုယ့္ခ်စ္သူနဲ႕ရွိေနခ်ိန္ေတြေတာင္ ကိုယ့္ခ်စ္သူထက္ ဖုန္း screen ကိုသာ ပိုၾကည့္ေနတတ္ၾကတဲ့ဒီေခတ္မွာ သင္ဟာ သူေျပာတဲ့စကားကို သူမ်က္ႏွာေလးၾကည့္ ေသခ်ာနားေထာင္ေပးႏိုင္ရံုနဲ႕တင္ သူသင့္ကို ေက်းဇူးတင္ေနပါလိမ့္မယ္။

၇။ ကိုယ္မင္းကို ေလးစားမိတယ္။

သင္ဟာ သူမေျပာတဲ့အရာရာတုိင္းကို သေဘာတူခ်င္မွ တူပါလိမ့္မယ္။ သူမလုုပ္ေဆာင္တဲ့အရာရာတုိင္းကိုလည္း သေဘာက်ခ်င္မွက်ပါလိမ့္မယ္။ ဒါေပမယ့္ သူမရဲ႕ အေတြးအေခၚနဲ႕ အျမင္ေတြဟာသူမ်ားေတြနဲ႕ေတာ့ တူခ်င္မွ တူမွာေပါ့။ ဒါကိုလက္ခံျပီး သူမကုိ လုပ္ေဆာင္တဲ့အရာေတြ၊ ေရြးခ်ယ္မႈေတြကို ေလးစားေၾကာင္း ေျပာပါ။

၈။ကိုယ္ မင္းကို ေက်းဇူးတင္ပါတယ္။

ဒီအခ်က္ကလည္း အေရးၾကီးတဲ့ အခ်က္ပါပဲ။ သူမဟာ သင္ေနမေကာင္းတဲ့အခ်ိန္ သင့္ကို စိတ္ပူေပးတယ္။ သင့္ေဘးမွာရွိေနေပးတယ္။ သင္ေပ်ာ္တဲ့အခါ အတူလိုက္ေပ်ာ္ေပးတယ္။ သင္၀မ္းနည္းတဲ့အခါ သင့္ကိုႏွစ္သိမ့္ေပးတယ္။ သင္ဘာေတြ ျဖစ္ေနျဖစ္ေန သင့္ေဘးက ထြက္မသြားပဲ အခက္အခဲတုိင္းကို သင္နဲ႕အတူရင္ဆုိင္ေပးတယ္ဆုိရင္ သင္ဟာ သူမကို ေက်းဇူးတင္တဲ့စကား ေျပာသင့္ပါတယ္။ ဒါေပမယ့္ ကိုယ့္ကိုတစ္ခုခု လုပ္ေပးမွ ေျပာရမွာမ်ိဳး မဟုတ္ပဲ ေန႕စဥ္ေန႕တုိင္း သူသင့္ေဘးနားရွိေပးတဲ့အတြက္ ေက်းဇူးတင္စကားေျပာရမွာပါ။

Credit:Love Shop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


အချစ်ရေးရေရှည်တည်မြဲဖို့ဆိုရင် နှစ်ဦးနှစ်ဖက် ထိန်းသိမ်းရမယ့်အပိုင်းလေးတွေ ရှိပါတယ်။ သင်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ဒီအချစ်ရေးကို အဆုံးထိခိုင်မြဲချင်တဲ့သူဆိုရင် သင့်ချစ်သူကောင်မလေးအတွက် သင့်ဘက်က လုပ်ဆောင်ပေးရမယ့်အရာလေးတွေ ရှိပါတယ်။ လူတိုင်းဟာ ချီးမွမ်းပြောဆိုတာ ခံချင်တတ်ကြတာချည်းပါပဲ။ ပြီးတော့ သူဟာ သင့်ဘဝမှာ မရှိမဖြစ်အရေးပါတဲ့သူတစ်ယောက်ဆိုတာကိုလည်း သင်ပြောတာမျိုး ခံချင်မှာပါ။ အဲ့ဒီအချက်ကလေးတွေပေါ်မူတည်ပြီး သင့်ချစ်သူကောင်မလေးကို နေ့တိုင်းပြောဆိုပေးရမယ့် အရာလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ ကိုယ်မင်းကိုချစ်တယ်။

ဒီစကားကရိုးလွန်းတယ်လို့ ထင်ရပေမယ့် သင်တို့နှစ်ဦးအတွက် တကယ်ကို လိုအပ်ပါတယ်။ သင်အလုပ်မသွားခင်၊ ဒါမှမဟုတ် မနက်ပိုင်း ချစ်သူဆီဖုန်းဆက်တဲ့အခါ ၊ ညဘက်အိပ်ခါနီးဖုန်းဆက်တဲ့အခါတွေမှာ ဖုန်းချခါနီးတိုင်း သင့်ကောင်မလေးကို ချစ်တယ်ဆိုတဲ့ စကားလေး မပျက်မကွက်ပြောပါ။

၂။ မင်းက အရမ်းကို လှပတဲ့ မိန်းကလေးပါ။

တစ်ခါတစ်လေမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုမြှင့်တင်ပေးနိုင်တဲ့အရာတွေ ရှိနေပါတယ်။ ဒီတော့ ကိုယ်ချစ်ရတဲ့အမျိုးသမီးကို ဘယ်လောက်လှကြောင်း၊ ဘယ်လိုကြည့်ကောင်းကြောင်းပြောပေးတာကလည်း သူ့စိတ်ခံစားမှုကောင်းမွန်စေဖို့၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေဖို့အတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ သူမ ဘယ်လောက်လှကြောင်းမကြာခဏပြောပေးပါ။

၃။ မင်းကြောင့် ငါဟာ ပိုတော်၊ ပိုထက်မြက်တဲ့သူ ဖြစ်လာပြီ။

သင့်ချစ်သူကောင်မလေးက သင့်အိပ်မက်တွေ အကောင်အထည်ဖော်ရာမှာ အမြဲအားပေးတတ်တဲ့သူတစ်ဦးဆိုရင် သူ့ကြောင့် သင်ခုလို ဖြစ်လာတာဆိုတဲ့ စကားမျိုးလေး ပြောပေးပါ။ သူ့ကြောင့်  သင်ဒီလိုပြောင်းလဲသွားခဲ့ပြီဆိုတာလေးလည်း ပြောပေးပါ။

၄။ မင်းက ကိုယ့်သူငယ်ချင်းကောင်းလည်း ဖြစ်တယ်။

သူဟာ သင့်ဘဝလက်တွဲဖော်ဆိုလည်း ဟုတ်တယ်။ သူငယ်ချင်းကောင်းဆိုလည်း ဟုတ်တယ်ဆိုတဲ့အကြောင်း သူသိအောင် ပြောပါ။ ဒီအချက်ကလည်း သူမနဲ့အတူရှိတာဟာ အခြားသူတွေနဲ့အတူရှိခြင်းထက် ပိုအဓိပ္ပါယ်ရှိတယ်ဆိုတာ သိစေခြင်းပါပဲ။

၅။ သူမ လုပ်ဆောင်တာ တော်ကြောင်းပြောပါ။

သူမ အလုပ်တစ်ခုခု လုပ်တဲ့အခါ ပြီးမြောက်သွားတိုင်း သူမလုပ်ဆောင်တာ ဘယ်လောက်တော်ကြောင်း ချီးမွမ်းပေးခြင်းကလည်း သူမကို စိတ်အားတက်သွားစေဖို့ကူညီပေးခြင်းပါပဲ။

၆။ မင်းပြောတာ ကိုယ်နားထောင်နေပါတယ်။

ခုခေတ်မှာ လူတိုင်းဟာ ကိုယ်ပိုင်အားလပ်ချိန်ဆိုတာကို မနည်းကို ရှာဖွေနေရတဲ့အထိ အလုပ်တွေရှုပ်နေကြပါပြီ။ ဖုန်းတွေတကိုင်ကိုင်နဲ့ ကိုယ့်ချစ်သူနဲ့ရှိနေချိန်တွေတောင် ကိုယ့်ချစ်သူထက် ဖုန်း screen ကိုသာ ပိုကြည့်နေတတ်ကြတဲ့ဒီခေတ်မှာ သင်ဟာ သူပြောတဲ့စကားကို သူမျက်နှာလေးကြည့် သေချာနားထောင်ပေးနိုင်ရုံနဲ့တင် သူသင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။

၇။ ကိုယ်မင်းကို လေးစားမိတယ်။

သင်ဟာ သူမပြောတဲ့အရာရာတိုင်းကို သဘောတူချင်မှ တူပါလိမ့်မယ်။ သူမလုုပ်ဆောင်တဲ့အရာရာတိုင်းကိုလည်း သဘောကျချင်မှကျပါလိမ့်မယ်။ ဒါပေမယ့် သူမရဲ့ အတွေးအခေါ်နဲ့ အမြင်တွေဟာသူများတွေနဲ့တော့ တူချင်မှ တူမှာပေါ့။ ဒါကိုလက်ခံပြီး သူမကို လုပ်ဆောင်တဲ့အရာတွေ၊ ရွေးချယ်မှုတွေကို လေးစားကြောင်း ပြောပါ။

၈။ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်။

ဒီအချက်ကလည်း အရေးကြီးတဲ့ အချက်ပါပဲ။ သူမဟာ သင်နေမကောင်းတဲ့အချိန် သင့်ကို စိတ်ပူပေးတယ်။ သင့်ဘေးမှာရှိနေပေးတယ်။ သင်ပျော်တဲ့အခါ အတူလိုက်ပျော်ပေးတယ်။ သင်ဝမ်းနည်းတဲ့အခါ သင့်ကိုနှစ်သိမ့်ပေးတယ်။ သင်ဘာတွေ ဖြစ်နေဖြစ်နေ သင့်ဘေးက ထွက်မသွားပဲ အခက်အခဲတိုင်းကို သင်နဲ့အတူရင်ဆိုင်ပေးတယ်ဆိုရင် သင်ဟာ သူမကို ကျေးဇူးတင်တဲ့စကား ပြောသင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုတစ်ခုခု လုပ်ပေးမှ ပြောရမှာမျိုး မဟုတ်ပဲ နေ့စဉ်နေ့တိုင်း သူသင့်ဘေးနားရှိပေးတဲ့အတွက် ကျေးဇူးတင်စကားပြောရမှာပါ။

Credit:Love Shop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top