iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္မလွလို႔ စြဲေဆာင္မႈမရွိတာမဟုတ္ပါဘူး။ တကယ္ေတာ့ စြဲေဆာင္မႈဆိုတာ လူတစ္ေယာက္ရဲ့ အျပဳအမူနဲ႕ဆိုင္ပါတယ္။ လွတိုင္းလည္း စြဲေဆာင္မႈရွိတာမဟုတ္ပါဘူး။ သင့္ရဲ့ အျပဳအမူဟာ တပါးသူအေပၚ စြဲေဆာင္မႈရွိသြားေစဖို႔အတြက္ အခုေဖာ္ျပမယ့္နည္းလမ္းေလးကို အခုပဲ က်င့္သံုးလိုက္ပါ။

နားေထာင္တတ္သူျဖစ္ပါေစ။

စြဲေဆာင္မႈရွိတဲ့ အျပဳအမူထဲမွာ သူတပါး ေျပာစကားကို ေသေသခ်ာခ်ာ နားေထာင္တတ္ျခင္းလည္းပါ၀င္ပါတယ္။တပါးသူက ကိုယ့္ကိုေျပာျပတဲ့စကားကို ေသေသခ်ာခ်ာ သူ႔မ်က္လံုးကို ေသေသခ်ာခ်ာၾကည့္ၿပီး နားေထာင္ေပးပါ။ သင္ဟာ စြဲေဆာင္မႈရွိရံုသာမက သင့္ကို လူေတြ ခ်စ္ခင္လာမွာျဖစ္ပါတယ္။

စကားန႔ဲ ေကာ အမူအရာနဲ႔ေကာ ေသေသခ်ာခ်ာ အာရံုစိုက္တံု႔ျပန္ေပးပါ။

ေနာက္ထပ္ အေရးႀကီးတဲ့အရာကေတာ့ သူေျပာသမွ်ကို နားပဲေထာင္ရံုတင္မက သင္စိတ္၀င္စားေၾကာင္းျပတဲ့အေနနဲ႔ စကားေျပာၿပီး သူ႔ရဲ့ စကားကို လိုက္ေထာက္ေပးပါ။ ေခါင္းညိတ္ျပတာပဲျဖစ္ျဖစ္ စကားနဲ႔ လိုက္ၿပီး အင္း ၿပီးေတာ့ေကာ ဆိုၿပီး ေထာက္ေပးတာပဲျဖစ္ျဖစ္ လုပ္ေပးပါ။ သူက ေပ်ာ္စရာ ရယ္စရာေျပာရင္ လိုက္ရယ္ေပးၿပီး သူက ၀မ္းနည္းစရာေျပာရင္လည္း ထပ္တူ ခံစားေပးပါ။ သူ႔ကို ႏွစ္သိမ့္ပါ။

ၾကင္နာတတ္ေသာသူျဖစ္ပါေစ။

စြဲေဆာင္မႈရွိသူတို႔ရဲ့ ေနာက္ထပ္ အမူအက်င့္တစ္ခုကေတာ့ ၾကင္နာတတ္တာပါပဲ။ တစ္ပါးသူကို ကူညီေဖးမပါ။

ၿပံဳးပါ။

ၿပံဳးရတာ ဘာမွမခက္ပါဘူးေနာ္။ ရိုးရွင္းၿပီး လြယ္ကူတဲ့အ၇ာတစ္ခုပါပဲ။ လူတစ္ေယာက္ရဲ့ခ်စ္ခင္မႈကို ပိုၿပီး ရခ်င္ရင္ ၿပံဳးပါ။

ရယ္ပါ။

ရယ္တာက အေကာင္းဆံုးေဆးတစ္ခုပါပဲ။ တပါးသူကို စြဲေဆာင္ႏို္င္ဖို႔ေကာ တျခားသူရဲ့ အားရံုကို သင့္အေပၚ ပံုက်လာဖို႔အတြက္ေရာ ရယ္တာက ေကာင္းပါတယ္။ က်န္းမာေရးအတြက္ေရာ စိတ္ပိုင္းဆိုင္ရာအတြက္ေရာ ေကာင္းမြန္ပါတယ္။

ယံုၾကည္စိတ္ခ်ရတဲ့သူျဖစ္ပါေစ။

ဒါကေတာ့ စစ္မွန္တဲ့ စြဲေဆာင္မႈတရားတစ္ခုပါပဲ။ တပါးသူအတြက္ သင္ဟာ ယံုၾကည္စိတ္ခ်ရေသာသူျဖစ္ပါေစ။

သင္းပ်ံ႕ေသာ ကိုယ္သင္းနံ႔ေလး။

သင္းပ်ံ႕တဲ့ ကိုယ္သင္းနံ႔ေလးကလည္း စြဲေဆာင္မႈတစ္ခုပါပဲေနာ္။

ယံုၾကည္မႈရွိပါ။

ယံုၾကည္မႈရွိဖို႔က သင့္ရဲ့ ကိုယ္ေရးကိုယ္တာအတြက္ေရာ တကယ့္လုပ္ငန္းခြင္အတြက္ေရာ လိုအပ္တဲ့ အရာပါပဲ။ သင့္ကိုယ္သင္ ယံုၾကည္မႈအျပည့္ရွိပါ။

အခ်ိန္တိက်ပါေစ။

တျခားသူက သင့္ကို ခ်ိန္းလိုက္တဲ့အခါမွာ သင္အခ်ိန္တိတိက်က်သြားပါ။ တစ္ခုခုတာ၀န္ၿပီးရင္လည္း တိတိက်က်လုပ္ပါ။ သတ္မွတ္ထားတဲ့အခ်ိန္အတြင္း သင့္ရဲ့ လုပ္ငန္းတာ၀န္ေတြ ၿပီးစီးပါေစ။

Credit;Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရုပ်မလှလို့ စွဲဆောင်မှုမရှိတာမဟုတ်ပါဘူး။ တကယ်တော့ စွဲဆောင်မှုဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ဆိုင်ပါတယ်။ လှတိုင်းလည်း စွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ အပြုအမူဟာ တပါးသူအပေါ် စွဲဆောင်မှုရှိသွားစေဖို့အတွက် အခုဖော်ပြမယ့်နည်းလမ်းလေးကို အခုပဲ ကျင့်သုံးလိုက်ပါ။

နားထောင်တတ်သူဖြစ်ပါစေ။

စွဲဆောင်မှုရှိတဲ့ အပြုအမူထဲမှာ သူတပါး ပြောစကားကို သေသေချာချာ နားထောင်တတ်ခြင်းလည်းပါဝင်ပါတယ်။တပါးသူက ကိုယ့်ကိုပြောပြတဲ့စကားကို သေသေချာချာ သူ့မျက်လုံးကို သေသေချာချာကြည့်ပြီး နားထောင်ပေးပါ။ သင်ဟာ စွဲဆောင်မှုရှိရုံသာမက သင့်ကို လူတွေ ချစ်ခင်လာမှာဖြစ်ပါတယ်။

စကားနဲ့ ကော အမူအရာနဲ့ကော သေသေချာချာ အာရုံစိုက်တုံ့ပြန်ပေးပါ။

နောက်ထပ် အရေးကြီးတဲ့အရာကတော့ သူပြောသမျှကို နားပဲထောင်ရုံတင်မက သင်စိတ်ဝင်စားကြောင်းပြတဲ့အနေနဲ့ စကားပြောပြီး သူ့ရဲ့ စကားကို လိုက်ထောက်ပေးပါ။ ခေါင်းညိတ်ပြတာပဲဖြစ်ဖြစ် စကားနဲ့ လိုက်ပြီး အင်း ပြီးတော့ကော ဆိုပြီး ထောက်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ သူက ပျော်စရာ ရယ်စရာပြောရင် လိုက်ရယ်ပေးပြီး သူက ဝမ်းနည်းစရာပြောရင်လည်း ထပ်တူ ခံစားပေးပါ။ သူ့ကို နှစ်သိမ့်ပါ။

ကြင်နာတတ်သောသူဖြစ်ပါစေ။

စွဲဆောင်မှုရှိသူတို့ရဲ့ နောက်ထပ် အမူအကျင့်တစ်ခုကတော့ ကြင်နာတတ်တာပါပဲ။ တစ်ပါးသူကို ကူညီဖေးမပါ။

ပြုံးပါ။

ပြုံးရတာ ဘာမှမခက်ပါဘူးနော်။ ရိုးရှင်းပြီး လွယ်ကူတဲ့အရာတစ်ခုပါပဲ။ လူတစ်ယောက်ရဲ့ချစ်ခင်မှုကို ပိုပြီး ရချင်ရင် ပြုံးပါ။

ရယ်ပါ။

ရယ်တာက အကောင်းဆုံးဆေးတစ်ခုပါပဲ။ တပါးသူကို စွဲဆောင်နိုင်ဖို့ကော တခြားသူရဲ့ အားရုံကို သင့်အပေါ် ပုံကျလာဖို့အတွက်ရော ရယ်တာက ကောင်းပါတယ်။ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ရော ကောင်းမွန်ပါတယ်။

ယုံကြည်စိတ်ချရတဲ့သူဖြစ်ပါစေ။

ဒါကတော့ စစ်မှန်တဲ့ စွဲဆောင်မှုတရားတစ်ခုပါပဲ။ တပါးသူအတွက် သင်ဟာ ယုံကြည်စိတ်ချရသောသူဖြစ်ပါစေ။

သင်းပျံ့သော ကိုယ်သင်းနံ့လေး။

သင်းပျံ့တဲ့ ကိုယ်သင်းနံ့လေးကလည်း စွဲဆောင်မှုတစ်ခုပါပဲနော်။

ယုံကြည်မှုရှိပါ။

ယုံကြည်မှုရှိဖို့က သင့်ရဲ့ ကိုယ်ရေးကိုယ်တာအတွက်ရော တကယ့်လုပ်ငန်းခွင်အတွက်ရော လိုအပ်တဲ့ အရာပါပဲ။ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိပါ။

အချိန်တိကျပါစေ။

တခြားသူက သင့်ကို ချိန်းလိုက်တဲ့အခါမှာ သင်အချိန်တိတိကျကျသွားပါ။ တစ်ခုခုတာဝန်ပြီးရင်လည်း တိတိကျကျလုပ်ပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်း သင့်ရဲ့ လုပ်ငန်းတာဝန်တွေ ပြီးစီးပါစေ။

Credit;Mystylemyanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top