iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္ေတာ္ေထာင္က်ေနတဲ့အခ်ိန္က
အေဖနဲ႔အေမအတြက္ ငရဲပါပဲ . . . ေျပတီဦး
-------------------------------
မေတြ႕တာၾကာၿပီျဖစ္တဲ့ ကုိေျပႀကီးေခၚ
အကယ္ဒမီေျပတီဦးကို ဒါ႐ိုက္တာညိဳမင္းလြင္
ဇနီးစႏၵာလြင္ရဲ႕ UK Pre School ေက်ာင္းဆင္းပြဲမွာ
ေတြ႕ဆံုခိုက္ . . . ျမင္ရတဲ့သူတုိင္းကုိ ေအးျမတဲ့
အၿပံဳးေလးေတြနဲ႔ ေအးခ်မ္းေစတဲ့ ႀကီးႀကီး
ေဒၚတီတီ(ေျပတီဦးေမေမ)အေၾကာင္း
စကားလက္ ဆံုက်မိတဲ့အခါ . . .
ကိုေျပႀကီးေမေမကေျဖဖူးတယ္။ သူ႔ဘ၀မွာ
သူ႔သားေလးျဖစ္တဲ့ ကိုေျပႀကီး က အၿမဲတမ္း
ပထမေတြ ယူေဆာင္ေပးခဲ့တယ္တဲ့။ သမီးေလး
တစ္ေယာက္ပဲရွိၿပီး သားအျဖစ္ပထမဆံုး
ေတာ္ခြင့္ရခဲ့တယ္။ အႏုပညာေအာင္ျမင္မႈဆိုတဲ့
အရာကုိလည္း သားကပဲေဆာင္က်ဥ္းေပးခဲ့တယ္။
ၿပီးေတာ့ ဒီအရြယ္မွာ လိုခ်င္ေနတဲ့ ေျမးေလးေတြ
ကုိလည္း သားကပဲ အရင္ဆံုးေမြးေပးခဲ့တယ္တဲ့ . . .
--------------------------------
အစ္ကုိ႔ဘ၀မွာလည္း အစ္ကုိပုိင္ဆုိင္ခဲ့ရသမွ်
အရာအားလံုးကလည္း အေမ့ေၾကာင့္ပါပဲ။
ဟိုးငယ္ငယ္ကတည္းက သားေလးနားမွာ
အနီးကပ္ေနၿပီး ျပဳစုပ်ိဳးေထာင္ေပးခ့ဲတယ္။
သားရဲ႕ ေတြးေတာပံု၊ စဥ္းစားပံု၊ သည္းခံတတ္ဖုိ႔၊
ဇြဲရွိဖုိ႔၊ မျဖစ္ျဖစ္ေအာင္လုပ္တတ္တဲ့စိတ္ရွိဖုိ႔၊
ဂတိတည္ဖုိ႔၊ အခ်ိန္ကုိေလးစားဖို႔၊ ကုိယ္ေျပာတဲ့
စကားတစ္ခြန္းကုိ တာ၀န္ယူဖုိ႔ ကုိယ္ခ်င္းစာတတ္ဖုိ႔၊
ကုိယ္ကုိယ္တုိင္ မႀကိဳက္တဲ့အရာကုိသူမ်ားကုိ
မလုပ္မိေစဖို႔စသျဖင့္ အရာအားလံုးေတြကုိ
တတြတ္တြတ္နဲ႔နားမေထာင္ခ်င္ေတာ့ေလာက္ေအာင္
ေျပာခဲ့တယ္။ ခ်ံဳ႕ေျပာရရင္ေတာ့ အစ္ကိုပုိင္ဆုိင္
ေနတာေတြအားလံုးက ေမေမ့ေၾကာင့္ပါ။ ဒါကေတာ့
အတိုခ်ဳံ႕ၿပီးေျပာလုိက္တာပါ။ အစ္ကုိ႔အေနနဲ႔လည္း
အေမ့ကုိ အၿမဲတမ္းဦးစားေပးတယ္။ စိတ္ခ်မ္းသာ
ေအာင္ထားတယ္။ အေမဘာလုပ္ခ်င္လဲ။ အစစအရာရာ
ျပည့္စံုစိတ္ခ်မ္း သာေနေအာင္၊ သူစိတ္သြားတုိင္း
ကုိယ္ပါေအာင္ စဥ္းစားၿပီး အကုန္လုပ္ေပးပါတယ္။
သားနဲ႔အေမရဲ႕ ထူးျခားမႈေတြက . . .
----------------------------------
အေမကေလ ဘယ္ေတာ့မွအစ္ကုိ႔ကုိ အျပစ္
မေျပာခဲ့ဖူးဘူး။ အၿမဲတမ္း ၁၀၀% ယံုၾကည္မႈ
ရွိေပးခဲ့တယ္။ ဒါဟာ ကမၻာေလာကႀကီးတစ္ခုလံုးမွာ
အေမ့တစ္ေယာက္ထဲဆီမွာပဲ ရွိတဲ့အရာပါ။ တစ္ခါဆို
တစ္ခါမွ အျပစ္ မေျပာခဲ့ဘူး။ ၾကမ္းတမ္းေသာစကားနဲ႔
မဆံုးမ၊ မေျပာဆိုဖူးဘူး။ အၿမဲတမ္းႏူးညံ့စြာ၊ ခ်ိဳသာစြာ
နား၀င္ေအာင္ပဲေျပာတတ္တယ္။ သူဆံုးမတဲ့စကားထဲမွာ
လည္းပါတယ္။ ႏႈတ္ခ်ိဳလွ်ိဳတစ္ပါးတဲ့။ ၾကမ္း ၾကမ္းတမ္း
တမ္းေျပာလည္း ဒီစကားပဲ။ ခ်ိဳခ်ိဳသာသာေျပာလည္း
ဒီစကားပဲ။ ဒါေၾကာင့္ အၿမဲတမ္းခ်ိဳသာစြာေျပာဆို
ရမယ္တဲ့။ အစစအရာရာေပါ့။ တန္ ဖိုးမျဖတ္ႏုိင္တဲ့
အရာအေတာ္မ်ားမ်ား အေမ့ဆီကေနရခဲ့ပါတယ္။
ကုိေျပႀကီးေမေမကုိၾကည့္ရတာ တအားေအးခ်မ္းလွ
ပါတယ္။ ေရြး ခ်ယ္ခြင့္မရွိတဲ့ မိဘမွာဒီလုိမိဘမ်ိဳး
ေတာ္ခြင့္ရတဲ့အတြက္ . . .
-------------------------------
အေမကအစ္ကုိတုိ႔ဆီက ဘာတစ္ခုမွကုိ လိုခ်င္
တပ္မက္မႈမရွိတာ အစ္ကုိ႔ ကုိလည္းတစ္ခါမွ မကန္႔ကြက္
ဖူးဘူး။ အရမ္းေအာင္ျမင္ေနတဲ့အခ်ိန္ “အေမ
သားမိန္းမယူမယ္ဆိုေတာ့ “ယူ၊ ငါ့သားစိတ္ခ်မ္းသာ
ရင္ၿပီးေရာ”တဲ့။ သူမ်ား အေမေတြဆို ႏွေျမာတာတုိ႔
ဘာတို႔ ရွိႏုိင္တယ္ေလ။ ကုိယ့္သားဆိုေတာ့ အေမ
ကေတာ့ အရာအားလံုးကုိေက်ာ္ၿပီး သား စိတ္ခ်မ္းသာ
ရင္ၿပီးေရာတဲ့။ အစ္ကုိ႔အေမက အဲဒီလိုအေမပါ။
ကုိေျပႀကီးရဲ႕ ညီမေလးေဒါက္တာေငြတီဦးနဲ႔ေတာ့
ေမာင္ႏွမေတြအၿမဲ တတြဲတြဲ ေတြ႕ေပမယ့္ အစ္မႀကီး
ေဆြတီဦးကုိေတာ့ သိပ္မေတြ႕ရဘူးေနာ္ . . .
-----------------------------
အစ္မက စင္ကာပူမွာေနေတာ့ သိပ္မဆံုျဖစ္ၾကဘူးေပါ့။
ညီမေလးကေတာ့ ဒီမွာပဲဆိုေတာ့ အၿမဲေတြ႕ျဖစ္တယ္။
သူက ေယာက္်ားေခ်ာေခ်ာရထားတာေလ ( ရယ္လ်က္)
ကိုေျပတီဦးဇနီး မအူ၀ဲ(အိျႏၵာေက်ာ္ဇင္)နဲ႔ ပတ္သက္
ျပီးေတာ့လည္း ႀကီးႀကီးက ေျပာဖူးပါတယ္။
သားရဲ႕ဇနီးက ႀကီးႀကီးရဲ႕သမီးပါပဲ။ ငါ့ကုိ အေမလို
ခ်စ္ရင္ေကာင္းမွာပဲဆုိတဲ့ ေမွ်ာ္လင့္ခ်က္ထက္
ႀကီးႀကီးကပဲ အရင္ဆံုးသမီးအရင္းလိုခ်စ္လုိက္တယ္။
ေမတၲာဆိုတာ ေရာင္ျပန္ ဟပ္တယ္ေလတဲ့ . . .
-------------------------------
ဟုတ္တယ္။ အေမက အူ၀ဲအေပၚမွာလည္း သမီး
အရင္းအတုိင္းပဲ။ သမီးႏွစ္ေယာက္နဲ႔ တန္းတူပဲခ်စ္တာပါ။
အူ၀ဲလည္း ေယာကၡမရတာ ကံေကာင္းသလို အေမ
လည္းေခၽြးမရကံေကာင္းခဲ့ပါတယ္။
အေမနဲ႔သားပတ္သက္ၿပီး ၀မ္းနည္းစရာျဖစ္ျဖစ္၊
၀မ္းသာစရာျဖစ္ျဖစ္ မေမ့ႏုိင္တဲ့ အမွတ္တရမ်ားရွိခဲ့ရင္ . . .
--------------------------------------
ရွိတာေပါ့။ အစ္ကုိအသက္ ၁၇၊ ၁၈ ေလာက္က
အစ္ကုိ႔အတြက္ အေမေတာ္ေတာ္ႀကီး စိတ္ဆင္းရဲ
ခဲ့ရဖူးတယ္။ အစ္ကုိ စက္မႈတကၠသိုလ္ စတက္ကာစ
ကေပါ့။ ေက်ာင္းမွာ အေရးအခင္းျဖစ္ေတာ့
ေက်ာင္းသားေခါင္းေဆာင္တစ္ဦးအေနနဲ႔
လႈပ္ရွားဖူးခဲ့တယ္။ တုိက္တုိက္ဆုိင္ ဆုိင္
တန္ေဆာင္မုန္းလျပည့္ေန႔ႀကီးမွာ ေထာက္လွမ္းေရး
ကေန အိမ္ကုိလာဖမ္းပါေလေရာ။ သိတဲ့အတုိင္းပဲေလ။
အဲ့ဒီအခ်ိန္က ေထာက္လွမ္းေရးကေန လာဖမ္းခဲ့ရင္
ဘယ္ကုိေခၚလုိ႔ေခၚသြားမွန္းမသိ၊ ဘယ္ေရာက္လုိ႔
ေရာက္မွန္းမသိနဲ႔ စုပ္စျမဳပ္စကုိ ျဖစ္သြားတာေလ။
မိသားစုက ဘယ္လိုက္လုိ႔လုိက္ရမယ္မွန္းမသိ။
အဆက္အသြယ္ေတြမရနဲ႔ ေပ်ာက္ျခင္းမလွ
ေပ်ာက္သြားတတ္ၾကတာေလ။ လမ္းထဲမွာကုိရွိတာ။
ေကာင္မေလးတစ္ေယာက္ဆို အဖမ္းခံရၿပီးကတည္းက
မိသားစုနဲ႔ အဆက္အသြယ္ကုိမရွိေတာ့တာ။
အဲဒါေၾကာင့္ ေထာက္လွမ္းေရးကဖမ္းၿပီဆုိ အရမ္းကုိ
တုန္လႈပ္ၾကရတဲ့အခ်ိန္ေပါ့။ အဲ့ဒီအခ်ိန္မွာ အဖမ္းခံ
ရတာေလ။ ကုိယ္လည္းသြားၿပီဆုိၿပီး မ်က္ႏွာသုတ္ပု၀ါ
တုိ႔ သြားပြတ္တံတုိ႔ အက်ႌအပုိတုိ႔ ထည့္ခုိင္းေနၿပီ။
အဲဒီအခ်ိန္ အေမေလ အရမ္းကုိခ်စ္ဖုိ႔ေကာင္းတာ။
ၿပံဳးၿပီးေတာ့ေလ။ သားေလးအတြက္ ေမေမလိုတာေတြ
ထည့္ေပးလုိက္မယ္ေနာ္။ ဒါက သြားပြတ္တံ၊ ဒါက
မ်က္ႏွာသုတ္ပု၀ါဆုိၿပီး အိတ္ကေလးနဲ႔ထည့္ေပးၿပီး
စကားေလးတစ္ခြန္းပဲေျပာရွာတယ္။ “သားကုိ ေမေမ
ယံုၾကည္တယ္သား။ ေမေမ့ဆီ သားျပန္ကုိေရာက္လာ
ေစရမယ္။ ေမေမယံုတယ္ေနာ္။ အေမတုိ႔အတြက္
ဘာမွစိတ္မပူနဲ႔။ ေအးေအးေဆးေဆးသြားေနာ္”တဲ့
အဖမ္းခံရတဲ့သူေတြဆိုတာ ကုိယ္ေတြထက္ကုိ
က်န္ခဲ့မယ့္မိသားစုကုိပဲ ပူတာေလ။ ဘယ္လုိေတြျဖစ္ၿပီး
က်န္ခဲ့ၾကမလဲ။ ဘယ္ေလာက္ထိ ျဖစ္ၾကမလဲဆိုတာ
ပဲပူတာ။ ဒီလိုခံစားရမယ္ဆိုတာ အေမကသိေတာ့
သားကုိၿပံဳးၿပံဳးေလးေျပာၿပီး ထည့္ေပးလုိက္ရွာတယ္။
အစ္ကုိ႔ကုိလာဖမ္းတဲ့ကား ထြက္သြားၿပီဆုိေတာ့မွ
အေမပစ္လဲက်ၿပီး သတိေမ့သြားရွာတယ္။ သားမသြားခင္
အထိ စိတ္ကုိ တင္းၿပီး သားျဖစ္သူကုိအားေပးရွာတယ္။
ေနာက္ဆံမတင္းေအာင္ လႊတ္ေပးလုိက္ရွာတယ္။
အစ္ကုိအဖမ္းခံထားရတဲ့ ႏွစ္လေက်ာ္အခ်ိန္မွာေတာ့
အိမ္မွာငရဲပါပဲ။ အစ္ကုိျပန္ ထြက္လာမွသိရတာပါ။
ေန႔တုိင္းမ်က္ရည္နဲ႔မ်က္ခြက္နဲ႔ အ႐ူးမီး၀ုိင္းျဖစ္ေနရွာတယ္
တဲ့။ တစ္အိမ္သားလံုးရဲ႕ ပူပင္ေသာကပဲေပါ့။
ေထာင္ႏွစ္လက်သြားတယ္ဆိုေတာ့ အေတြ႕အႀကံဳ
ရသြားတယ္ေပါ့ . . .
----------------
ဟား . .ဟား။ ဒီအေတြ႕အႀကံဳက ဘ၀မွာဘယ္လိုမွ
တန္ဖိုးျဖတ္လုိ႔ မရဘူးေလ။ ပုိက္ဆံေပးၿပီး၀ယ္လုိ႔
လည္းမရဘူး။ အစ္ကုိထြက္လာေတာ့ အေဖက
အဲဒီေခတ္ကေနာ္ ပုိက္ဆံငါးေသာင္းဆုခ်
တယ္(ဟားဟား)။ (အဲ ဒီလို ဖေအဆုခ်မွန္းလည္း
သိေရာ ခဏခဏလူစားလဲၿပီး လုပ္စားေရာမဟုတ္ လား။
ဟား . .ဟား လုိ႔ သူငယ္ခ်င္းျဖစ္တဲ့ ဒါ႐ိုက္တာညိဳမင္းလြင္
က လွမ္းစ ပါတယ္။) ေအး မင္းစိတ္နဲ႔ႏိႈင္း ၾကားလား(ညိဳ
မင္းလြင္ကိုျပန္လွည့္ေျပာရင္း) ကုိယ္မွန္တယ္ထင္လုိ႔
ကုိယ္လုပ္ခဲ့တဲ့ အေၾကာင္းအရာတစ္ခုအတြက္
 အေမစိတ္ဆင္းရဲခဲ့ရတာေလးကေတာ့ အမွတ္တရပါပဲ
ညီမေလးရယ္။ စိတ္ဆင္းရဲခဲ့ၾကေပမယ့္ အေဖက
ငါ့သားလုပ္ရပ္အတြက္ ဂုဏ္ယူတယ္ဆုိၿပီး ဆုခ်ခဲ့တာ
လည္း အမွတ္တရပါပဲ။ (ဒါပဲေလ။ အိမ္မွာေနရင္
ဟိုဟာလုိက္ ေလ်ာ္ ဒီဟာလုိက္ေလ်ာ္ဆို ဒီထက္
ပုိကုန္မွာမုိ႔လို႔ေလ။ ဒါ႐ိုက္တာညိဳမင္းလြင္က
လွမ္းေနာက္ေနပါေသးတယ္)
ေဖေဖေမေမနဲ႔ပတ္သက္ၿပီး အမွတ္တရေျပာေပးပါဦး . . .
--------------------------------------
ညီမေလး ခုနေျပာသလိုပါပဲ။ ဘ၀မွာ မိဘဆိုတာ
ေရြးခ်ယ္ခြင့္မရွိပါဘူး။ ဒီေရြးခ်ယ္ခြင့္မရွိတဲ့ ဘ၀မ်ိဳးမွာမွ
ဒီလိုအေဖမ်ိဳး ဒီလိုအေမမ်ိဳးရဲ႕ သားသမီးျဖစ္ရတာ
အစ္ကုိဘ၀ရဲ႕အႀကီးမားဆံုး ဆုလာဘ္ပါပဲ။
ဒီလိုအေဖမ်ိဳး၊ အေမမ်ိဳးရဲ႕ သားျဖစ္ခြင့္ရတာကုိလည္း
အၿမဲဂုဏ္ယူေနပါတယ္။
(စင္ေပၚကေန ေဖာင္ေဒးရွင္းဥကၠ႒အျဖစ္
အမွာစကားေျပာၾကားေပးဖို႔ ဖိတ္ေခၚေနတာေၾကာင့္
အင္တာဗ်ဴးကုိ ဒီမွာပဲအဆံုးသတ္ျဖစ္ခဲ့ပါတယ္)

Credit:ဂ်ဴလုိင္မိုး(အိုေအစစ္ဂ်ာနယ္္)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
  ကျွန်တော်ထောင်ကျနေတဲ့အချိန်က
အဖေနဲ့အမေအတွက် ငရဲပါပဲ . . . ပြေတီဦး
-------------------------------
မတွေ့တာကြာပြီဖြစ်တဲ့ ကိုပြေကြီးခေါ်
အကယ်ဒမီပြေတီဦးကို ဒါရိုက်တာညိုမင်းလွင်
ဇနီးစန္ဒာလွင်ရဲ့ UK Pre School ကျောင်းဆင်းပွဲမှာ
တွေ့ဆုံခိုက် . . . မြင်ရတဲ့သူတိုင်းကို အေးမြတဲ့
အပြုံးလေးတွေနဲ့ အေးချမ်းစေတဲ့ ကြီးကြီး
ဒေါ်တီတီ(ပြေတီဦးမေမေ)အကြောင်း
စကားလက် ဆုံကျမိတဲ့အခါ . . .
ကိုပြေကြီးမေမေကဖြေဖူးတယ်။ သူ့ဘဝမှာ
သူ့သားလေးဖြစ်တဲ့ ကိုပြေကြီး က အမြဲတမ်း
ပထမတွေ ယူဆောင်ပေးခဲ့တယ်တဲ့။ သမီးလေး
တစ်ယောက်ပဲရှိပြီး သားအဖြစ်ပထမဆုံး
တော်ခွင့်ရခဲ့တယ်။ အနုပညာအောင်မြင်မှုဆိုတဲ့
အရာကိုလည်း သားကပဲဆောင်ကျဉ်းပေးခဲ့တယ်။
ပြီးတော့ ဒီအရွယ်မှာ လိုချင်နေတဲ့ မြေးလေးတွေ
ကိုလည်း သားကပဲ အရင်ဆုံးမွေးပေးခဲ့တယ်တဲ့ . . .
--------------------------------
အစ်ကို့ဘဝမှာလည်း အစ်ကိုပိုင်ဆိုင်ခဲ့ရသမျှ
အရာအားလုံးကလည်း အမေ့ကြောင့်ပါပဲ။
ဟိုးငယ်ငယ်ကတည်းက သားလေးနားမှာ
အနီးကပ်နေပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။
သားရဲ့ တွေးတောပုံ၊ စဉ်းစားပုံ၊ သည်းခံတတ်ဖို့၊
ဇွဲရှိဖို့၊ မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့စိတ်ရှိဖို့၊
ဂတိတည်ဖို့၊ အချိန်ကိုလေးစားဖို့၊ ကိုယ်ပြောတဲ့
စကားတစ်ခွန်းကို တာဝန်ယူဖို့ ကိုယ်ချင်းစာတတ်ဖို့၊
ကိုယ်ကိုယ်တိုင် မကြိုက်တဲ့အရာကိုသူများကို
မလုပ်မိစေဖို့စသဖြင့် အရာအားလုံးတွေကို
တတွတ်တွတ်နဲ့နားမထောင်ချင်တော့လောက်အောင်
ပြောခဲ့တယ်။ ချုံ့ပြောရရင်တော့ အစ်ကိုပိုင်ဆိုင်
နေတာတွေအားလုံးက မေမေ့ကြောင့်ပါ။ ဒါကတော့
အတိုချုံ့ပြီးပြောလိုက်တာပါ။ အစ်ကို့အနေနဲ့လည်း
အမေ့ကို အမြဲတမ်းဦးစားပေးတယ်။ စိတ်ချမ်းသာ
အောင်ထားတယ်။ အမေဘာလုပ်ချင်လဲ။ အစစအရာရာ
ပြည့်စုံစိတ်ချမ်း သာနေအောင်၊ သူစိတ်သွားတိုင်း
ကိုယ်ပါအောင် စဉ်းစားပြီး အကုန်လုပ်ပေးပါတယ်။
သားနဲ့အမေရဲ့ ထူးခြားမှုတွေက . . .
----------------------------------
အမေကလေ ဘယ်တော့မှအစ်ကို့ကို အပြစ်
မပြောခဲ့ဖူးဘူး။ အမြဲတမ်း ၁၀၀% ယုံကြည်မှု
ရှိပေးခဲ့တယ်။ ဒါဟာ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ
အမေ့တစ်ယောက်ထဲဆီမှာပဲ ရှိတဲ့အရာပါ။ တစ်ခါဆို
တစ်ခါမှ အပြစ် မပြောခဲ့ဘူး။ ကြမ်းတမ်းသောစကားနဲ့
မဆုံးမ၊ မပြောဆိုဖူးဘူး။ အမြဲတမ်းနူးညံ့စွာ၊ ချိုသာစွာ
နားဝင်အောင်ပဲပြောတတ်တယ်။ သူဆုံးမတဲ့စကားထဲမှာ
လည်းပါတယ်။ နှုတ်ချိုလျှိုတစ်ပါးတဲ့။ ကြမ်း ကြမ်းတမ်း
တမ်းပြောလည်း ဒီစကားပဲ။ ချိုချိုသာသာပြောလည်း
ဒီစကားပဲ။ ဒါကြောင့် အမြဲတမ်းချိုသာစွာပြောဆို
ရမယ်တဲ့။ အစစအရာရာပေါ့။ တန် ဖိုးမဖြတ်နိုင်တဲ့
အရာအတော်များများ အမေ့ဆီကနေရခဲ့ပါတယ်။
ကိုပြေကြီးမေမေကိုကြည့်ရတာ တအားအေးချမ်းလှ
ပါတယ်။ ရွေး ချယ်ခွင့်မရှိတဲ့ မိဘမှာဒီလိုမိဘမျိုး
တော်ခွင့်ရတဲ့အတွက် . . .
-------------------------------
အမေကအစ်ကိုတို့ဆီက ဘာတစ်ခုမှကို လိုချင်
တပ်မက်မှုမရှိတာ အစ်ကို့ ကိုလည်းတစ်ခါမှ မကန့်ကွက်
ဖူးဘူး။ အရမ်းအောင်မြင်နေတဲ့အချိန် “အမေ
သားမိန်းမယူမယ်ဆိုတော့ “ယူ၊ ငါ့သားစိတ်ချမ်းသာ
ရင်ပြီးရော”တဲ့။ သူများ အမေတွေဆို နှမြောတာတို့
ဘာတို့ ရှိနိုင်တယ်လေ။ ကိုယ့်သားဆိုတော့ အမေ
ကတော့ အရာအားလုံးကိုကျော်ပြီး သား စိတ်ချမ်းသာ
ရင်ပြီးရောတဲ့။ အစ်ကို့အမေက အဲဒီလိုအမေပါ။
ကိုပြေကြီးရဲ့ ညီမလေးဒေါက်တာငွေတီဦးနဲ့တော့
မောင်နှမတွေအမြဲ တတွဲတွဲ တွေ့ပေမယ့် အစ်မကြီး
ဆွေတီဦးကိုတော့ သိပ်မတွေ့ရဘူးနော် . . .
-----------------------------
အစ်မက စင်ကာပူမှာနေတော့ သိပ်မဆုံဖြစ်ကြဘူးပေါ့။
ညီမလေးကတော့ ဒီမှာပဲဆိုတော့ အမြဲတွေ့ဖြစ်တယ်။
သူက ယောက်ျားချောချောရထားတာလေ ( ရယ်လျက်)
ကိုပြေတီဦးဇနီး မအူဝဲ(အိန္ဒြာကျော်ဇင်)နဲ့ ပတ်သက်
ပြီးတော့လည်း ကြီးကြီးက ပြောဖူးပါတယ်။
သားရဲ့ဇနီးက ကြီးကြီးရဲ့သမီးပါပဲ။ ငါ့ကို အမေလို
ချစ်ရင်ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက်ထက်
ကြီးကြီးကပဲ အရင်ဆုံးသမီးအရင်းလိုချစ်လိုက်တယ်။
မေတ္တာဆိုတာ ရောင်ပြန် ဟပ်တယ်လေတဲ့ . . .
-------------------------------
ဟုတ်တယ်။ အမေက အူဝဲအပေါ်မှာလည်း သမီး
အရင်းအတိုင်းပဲ။ သမီးနှစ်ယောက်နဲ့ တန်းတူပဲချစ်တာပါ။
အူဝဲလည်း ယောက္ခမရတာ ကံကောင်းသလို အမေ
လည်းချွေးမရကံကောင်းခဲ့ပါတယ်။
အမေနဲ့သားပတ်သက်ပြီး ဝမ်းနည်းစရာဖြစ်ဖြစ်၊
ဝမ်းသာစရာဖြစ်ဖြစ် မမေ့နိုင်တဲ့ အမှတ်တရများရှိခဲ့ရင် . . .
--------------------------------------
ရှိတာပေါ့။ အစ်ကိုအသက် ၁၇၊ ၁၈ လောက်က
အစ်ကို့အတွက် အမေတော်တော်ကြီး စိတ်ဆင်းရဲ
ခဲ့ရဖူးတယ်။ အစ်ကို စက်မှုတက္ကသိုလ် စတက်ကာစ
ကပေါ့။ ကျောင်းမှာ အရေးအခင်းဖြစ်တော့
ကျောင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့
လှုပ်ရှားဖူးခဲ့တယ်။ တိုက်တိုက်ဆိုင် ဆိုင်
တန်ဆောင်မုန်းလပြည့်နေ့ကြီးမှာ ထောက်လှမ်းရေး
ကနေ အိမ်ကိုလာဖမ်းပါလေရော။ သိတဲ့အတိုင်းပဲလေ။
အဲ့ဒီအချိန်က ထောက်လှမ်းရေးကနေ လာဖမ်းခဲ့ရင်
ဘယ်ကိုခေါ်လို့ခေါ်သွားမှန်းမသိ၊ ဘယ်ရောက်လို့
ရောက်မှန်းမသိနဲ့ စုပ်စမြုပ်စကို ဖြစ်သွားတာလေ။
မိသားစုက ဘယ်လိုက်လို့လိုက်ရမယ်မှန်းမသိ။
အဆက်အသွယ်တွေမရနဲ့ ပျောက်ခြင်းမလှ
ပျောက်သွားတတ်ကြတာလေ။ လမ်းထဲမှာကိုရှိတာ။
ကောင်မလေးတစ်ယောက်ဆို အဖမ်းခံရပြီးကတည်းက
မိသားစုနဲ့ အဆက်အသွယ်ကိုမရှိတော့တာ။
အဲဒါကြောင့် ထောက်လှမ်းရေးကဖမ်းပြီဆို အရမ်းကို
တုန်လှုပ်ကြရတဲ့အချိန်ပေါ့။ အဲ့ဒီအချိန်မှာ အဖမ်းခံ
ရတာလေ။ ကိုယ်လည်းသွားပြီဆိုပြီး မျက်နှာသုတ်ပုဝါ
တို့ သွားပွတ်တံတို့ အကျႌအပိုတို့ ထည့်ခိုင်းနေပြီ။
အဲဒီအချိန် အမေလေ အရမ်းကိုချစ်ဖို့ကောင်းတာ။
ပြုံးပြီးတော့လေ။ သားလေးအတွက် မေမေလိုတာတွေ
ထည့်ပေးလိုက်မယ်နော်။ ဒါက သွားပွတ်တံ၊ ဒါက
မျက်နှာသုတ်ပုဝါဆိုပြီး အိတ်ကလေးနဲ့ထည့်ပေးပြီး
စကားလေးတစ်ခွန်းပဲပြောရှာတယ်။ “သားကို မေမေ
ယုံကြည်တယ်သား။ မေမေ့ဆီ သားပြန်ကိုရောက်လာ
စေရမယ်။ မေမေယုံတယ်နော်။ အမေတို့အတွက်
ဘာမှစိတ်မပူနဲ့။ အေးအေးဆေးဆေးသွားနော်”တဲ့
အဖမ်းခံရတဲ့သူတွေဆိုတာ ကိုယ်တွေထက်ကို
ကျန်ခဲ့မယ့်မိသားစုကိုပဲ ပူတာလေ။ ဘယ်လိုတွေဖြစ်ပြီး
ကျန်ခဲ့ကြမလဲ။ ဘယ်လောက်ထိ ဖြစ်ကြမလဲဆိုတာ
ပဲပူတာ။ ဒီလိုခံစားရမယ်ဆိုတာ အမေကသိတော့
သားကိုပြုံးပြုံးလေးပြောပြီး ထည့်ပေးလိုက်ရှာတယ်။
အစ်ကို့ကိုလာဖမ်းတဲ့ကား ထွက်သွားပြီဆိုတော့မှ
အမေပစ်လဲကျပြီး သတိမေ့သွားရှာတယ်။ သားမသွားခင်
အထိ စိတ်ကို တင်းပြီး သားဖြစ်သူကိုအားပေးရှာတယ်။
နောက်ဆံမတင်းအောင် လွှတ်ပေးလိုက်ရှာတယ်။
အစ်ကိုအဖမ်းခံထားရတဲ့ နှစ်လကျော်အချိန်မှာတော့
အိမ်မှာငရဲပါပဲ။ အစ်ကိုပြန် ထွက်လာမှသိရတာပါ။
နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်နဲ့ အရူးမီးဝိုင်းဖြစ်နေရှာတယ်
တဲ့။ တစ်အိမ်သားလုံးရဲ့ ပူပင်သောကပဲပေါ့။
ထောင်နှစ်လကျသွားတယ်ဆိုတော့ အတွေ့အကြုံ
ရသွားတယ်ပေါ့ . . .
----------------
ဟား . .ဟား။ ဒီအတွေ့အကြုံက ဘဝမှာဘယ်လိုမှ
တန်ဖိုးဖြတ်လို့ မရဘူးလေ။ ပိုက်ဆံပေးပြီးဝယ်လို့
လည်းမရဘူး။ အစ်ကိုထွက်လာတော့ အဖေက
အဲဒီခေတ်ကနော် ပိုက်ဆံငါးသောင်းဆုချ
တယ်(ဟားဟား)။ (အဲ ဒီလို ဖအေဆုချမှန်းလည်း
သိရော ခဏခဏလူစားလဲပြီး လုပ်စားရောမဟုတ် လား။
ဟား . .ဟား လို့ သူငယ်ချင်းဖြစ်တဲ့ ဒါရိုက်တာညိုမင်းလွင်
က လှမ်းစ ပါတယ်။) အေး မင်းစိတ်နဲ့နှိုင်း ကြားလား(ညို
မင်းလွင်ကိုပြန်လှည့်ပြောရင်း) ကိုယ်မှန်တယ်ထင်လို့
ကိုယ်လုပ်ခဲ့တဲ့ အကြောင်းအရာတစ်ခုအတွက်
 အမေစိတ်ဆင်းရဲခဲ့ရတာလေးကတော့ အမှတ်တရပါပဲ
ညီမလေးရယ်။ စိတ်ဆင်းရဲခဲ့ကြပေမယ့် အဖေက
ငါ့သားလုပ်ရပ်အတွက် ဂုဏ်ယူတယ်ဆိုပြီး ဆုချခဲ့တာ
လည်း အမှတ်တရပါပဲ။ (ဒါပဲလေ။ အိမ်မှာနေရင်
ဟိုဟာလိုက် လျော် ဒီဟာလိုက်လျော်ဆို ဒီထက်
ပိုကုန်မှာမို့လို့လေ။ ဒါရိုက်တာညိုမင်းလွင်က
လှမ်းနောက်နေပါသေးတယ်)
ဖေဖေမေမေနဲ့ပတ်သက်ပြီး အမှတ်တရပြောပေးပါဦး . . .
--------------------------------------
ညီမလေး ခုနပြောသလိုပါပဲ။ ဘဝမှာ မိဘဆိုတာ
ရွေးချယ်ခွင့်မရှိပါဘူး။ ဒီရွေးချယ်ခွင့်မရှိတဲ့ ဘဝမျိုးမှာမှ
ဒီလိုအဖေမျိုး ဒီလိုအမေမျိုးရဲ့ သားသမီးဖြစ်ရတာ
အစ်ကိုဘဝရဲ့အကြီးမားဆုံး ဆုလာဘ်ပါပဲ။
ဒီလိုအဖေမျိုး၊ အမေမျိုးရဲ့ သားဖြစ်ခွင့်ရတာကိုလည်း
အမြဲဂုဏ်ယူနေပါတယ်။
(စင်ပေါ်ကနေ ဖောင်ဒေးရှင်းဥက္ကဋ္ဌအဖြစ်
အမှာစကားပြောကြားပေးဖို့ ဖိတ်ခေါ်နေတာကြောင့်
အင်တာဗျူးကို ဒီမှာပဲအဆုံးသတ်ဖြစ်ခဲ့ပါတယ်)

Credit:ဂျူလိုင်မိုး(အိုအေစစ်ဂျာနယ်)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top