iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတေလ ကုိယ္ထင္မွတ္မထားတဲ့ အျပဳအမူအေျပာအဆုိေလးေၾကာင့္လူတစ္ေယာက္
ဟာသင့္ကုိ ခုိက္သြားႏုိင္ပါတယ္။ ဒါေၾကာင့္ သင္ထင္မွတ္မထားဘဲ ျပဳမူလုိက္လုိ႕ အခ်စ္ဆုိ
တာကုိဖစ္သြားေစႏုိင္တဲ့အေၾကာင္းအရာ (၅)မ်ိဳးကုိ ေဖာ္ျပလုိက္ပါတယ္။

1. သင္ဟာ သူတုိ႕နဲ႕ တစ္နည္းတစ္ဖုံ တူေနရင္

လူတစ္ေယာက္နဲ႕တစ္ေယာက္ ပင္ကုိယ္စ႐ုိက္၊ ပုဂၢဳိလ္ေရးရာ၊ ေန႕စဥ္လူေနမႈဘ၀ တူေနရင္ တစ္ေယာက္
နဲ႕တစ္ေယာက္ စိတ္၀င္စားဖုိ႕ဆုိတာ မခဲယဥ္းပါဘူး။ ဒါဟာ လက္တြဲေဖာ္ေတြအခ်င္းခ်င္း တစ္ေယာက္ကုိ
တစ္ေယာက္ နားလည္ေစႏုိင္တဲ့ အဓိကအခ်က္ျဖစ္ေနလုိ႕ပါ။

2. တစ္စုံတစ္ေယာက္နဲ႕ မ်က္လုံးခ်င္း ႏွစ္မိနစ္ေလာက္ စုိက္ၾကည့္မိရင္

တစ္ေယာက္နဲ႕တစ္ေယာက္ မ်က္လုံးခ်င္း စိုက္ၾကည့္တာမ်ိဳးဟာ အလြန္သိမ္ေမြ႕နက္နဲ႕တဲ့အခ်စ္ဆုိတဲ့ အရာ
ဆီကုိ ေပါင္းကူးေပးႏုိင္စြမ္းရွိပါတယ္။  မ်က္လံုးေတြဟာ လူေတြရဲ့ စိတ္ခံစားခ်က္ဆီကုိ ပို႕ေဆာင္ေပးနုုိင္တဲ့
တံခါးေပါက္ေတြပါ။

3. ေခြးတစ္ေကာင္ပိုင္ရင္

University of Michigan ရဲ့ ေလ့လာေတြ႕ရွိခ်က္အရ  အမ်ိဳးသမီးေတြဟာ ေခြးပိုင္တဲ့ ေယာကၤ်ားေလးေတြ
ကို ပိုမို ဆြဲေဆာင္မႈရွိတယ္လို႕ ထင္ၾကတာေတြ႕ရပါတယ္။ ေခြးပိုင္တဲ့သူေတြဟာ ပိုမိုျပီး relaxျဖစ္တဲ့ပံု၊ ခင္ဖုိ႕
ေကင္းတဲ့ပံု၊ေပ်ာ္ရႊင္တဲ့ပံုေပၚတာေၾကာင့္ ပိုမိုစြဲေဆာင္မႈရွိေနတာလို႕လည္း ဆုိပါတယ္။

4. တူရိယာပစၥည္းတစ္ခုခုကို တီးခတ္တတ္ရင္

ျပင္သစ္နုုိင္ငံမွာျပဳလုပ္ခဲ့တဲ့ သုေတသနျပဳခ်က္အရ တူရိယာပစၥည္းတစ္မ်ိဳးမ်ိဳး တီးခတ္တတ္ျခင္းဟာ
လူတစ္ေယာက္ကို ပိုမိုစြဲေဆာင္မႈရွိေစပါတယ္။ စမ္းသပ္ခ်က္တစ္ခုုမွာ ဂစ္တာလြယ္ထားတဲ့ သူနဲ႔ အားကစား
အိတ္တစ္အိတ္လြယ္ထားတဲ့ သူတစ္ေယာက္ကို မိန္းကေလး၃၀၀ကို ဖုန္းနံပါတ္ေတာင္းခိုင္းခဲ့ပါတယ္။ သူတိုု႕
ရဲ့စမ္းသပ္ခ်က္အရာ မိန္းကေလးအမ်ားစုဟာ ဂစ္တာလြယ္ထားတဲ့သူကိုပိုစိတ္ဝင္စားတာကို ေတြ႕ခဲ့ပါတယ္။

5. အနီေရာင္ဝတ္ဆင္တဲ့အခါ

စလိုဗက္ေကးရီးယားနုုိင္ငံမွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအရ မိန္းကေလးေတြဟာ အနီေရာင္ဝတ္ဆင္တဲ့အခါ
မွာ ေယာကၤ်ားေလးေတြရဲ့ အာရံုစူးစိုက္မႈကို ပိုခံရပါတယ္။ ဒီလိုပါပဲ အနီေရာင္ဟာ ေယာကၤ်ားေလးေတြဝတ္
ဆင္တဲ့ အခါမွာလည္း စြဲေဆာင္မႈရွိတာကို ေတြ႕ရပါတယ္။

Credit:Auntymay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်ခါတလေ ကိုယ်ထင်မှတ်မထားတဲ့ အပြုအမူအပြောအဆိုလေးကြောင့်လူတစ်ယောက်
ဟာသင့်ကို ခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် သင်ထင်မှတ်မထားဘဲ ပြုမူလိုက်လို့ အချစ်ဆို
တာကိုဖစ်သွားစေနိုင်တဲ့အကြောင်းအရာ (၅)မျိုးကို ဖော်ပြလိုက်ပါတယ်။

1. သင်ဟာ သူတို့နဲ့ တစ်နည်းတစ်ဖုံ တူနေရင်

လူတစ်ယောက်နဲ့တစ်ယောက် ပင်ကိုယ်စရိုက်၊ ပုဂ္ဂိုလ်ရေးရာ၊ နေ့စဉ်လူနေမှုဘ၀ တူနေရင် တစ်ယောက်
နဲ့တစ်ယောက် စိတ်ဝင်စားဖို့ဆိုတာ မခဲယဉ်းပါဘူး။ ဒါဟာ လက်တွဲဖော်တွေအချင်းချင်း တစ်ယောက်ကို
တစ်ယောက် နားလည်စေနိုင်တဲ့ အဓိကအချက်ဖြစ်နေလို့ပါ။

2. တစ်စုံတစ်ယောက်နဲ့ မျက်လုံးချင်း နှစ်မိနစ်လောက် စိုက်ကြည့်မိရင်

တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း စိုက်ကြည့်တာမျိုးဟာ အလွန်သိမ်မွေ့နက်နဲ့တဲ့အချစ်ဆိုတဲ့ အရာ
ဆီကို ပေါင်းကူးပေးနိုင်စွမ်းရှိပါတယ်။  မျက်လုံးတွေဟာ လူတွေရဲ့ စိတ်ခံစားချက်ဆီကို ပို့ဆောင်ပေးနိုုင်တဲ့
တံခါးပေါက်တွေပါ။

3. ခွေးတစ်ကောင်ပိုင်ရင်

University of Michigan ရဲ့ လေ့လာတွေ့ရှိချက်အရ  အမျိုးသမီးတွေဟာ ခွေးပိုင်တဲ့ ယောင်္ကျားလေးတွေ
ကို ပိုမို ဆွဲဆောင်မှုရှိတယ်လို့ ထင်ကြတာတွေ့ရပါတယ်။ ခွေးပိုင်တဲ့သူတွေဟာ ပိုမိုပြီး relaxဖြစ်တဲ့ပုံ၊ ခင်ဖို့
ကေင်းတဲ့ပုံ၊ပျော်ရွှင်တဲ့ပုံပေါ်တာကြောင့် ပိုမိုစွဲဆောင်မှုရှိနေတာလို့လည်း ဆိုပါတယ်။

4. တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်တတ်ရင်

ပြင်သစ်နိုုင်ငံမှာပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်အရ တူရိယာပစ္စည်းတစ်မျိုးမျိုး တီးခတ်တတ်ခြင်းဟာ
လူတစ်ယောက်ကို ပိုမိုစွဲဆောင်မှုရှိစေပါတယ်။ စမ်းသပ်ချက်တစ်ခုုမှာ ဂစ်တာလွယ်ထားတဲ့ သူနဲ့ အားကစား
အိတ်တစ်အိတ်လွယ်ထားတဲ့ သူတစ်ယောက်ကို မိန်းကလေး၃၀၀ကို ဖုန်းနံပါတ်တောင်းခိုင်းခဲ့ပါတယ်။ သူတိုု့
ရဲ့စမ်းသပ်ချက်အရာ မိန်းကလေးအများစုဟာ ဂစ်တာလွယ်ထားတဲ့သူကိုပိုစိတ်ဝင်စားတာကို တွေ့ခဲ့ပါတယ်။

5. အနီရောင်ဝတ်ဆင်တဲ့အခါ

စလိုဗက်ကေးရီးယားနိုုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ အနီရောင်ဝတ်ဆင်တဲ့အခါ
မှာ ယောင်္ကျားလေးတွေရဲ့ အာရုံစူးစိုက်မှုကို ပိုခံရပါတယ်။ ဒီလိုပါပဲ အနီရောင်ဟာ ယောင်္ကျားလေးတွေဝတ်
ဆင်တဲ့ အခါမှာလည်း စွဲဆောင်မှုရှိတာကို တွေ့ရပါတယ်။

Credit:Auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top