iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူနဲ႔ လမ္းခြဲရတဲ့ သင့္သူငယ္ခ်င္းဟာ အထိုက္အေလ်ာက္ေတာ့ နာက်င္ေနမွာပါ။ အဲဒီအခါ သင့္အေနနဲ႔ သူငယ္ခ်င္းကို ႏွစ္သိမ့္ေပးခ်င္မွာ အမွန္ပါပဲ။ သင့္သူငယ္ခ်င္း ငိုယိုဖို႔အတြက္ ပုခံုးတစ္ဖက္ လိုအပ္ေနတာမွန္အမွန္ပါပဲ။ ဒါေပမယ့္ အဲဒီလို ႏွစ္သိမ့္ေပးတဲ့အခါ မေျပာသင့္တဲ့ စကားေတြရွိပါတယ္။

နင္ဘယ္လိုခံစားေနရတယ္ဆိုတာ ငါသိပါတယ္။

စာနာလို႔ေျပာတဲ့စကားျဖစ္ေပမယ့္ သူ႔ကို ပိုၿပီးနာက်င္ေစပါတယ္။ တကယ္ေတာ့ သူဘယ္လိုခံစားေနရတယ္ဆိုတာ သင္အတိအက်မသိႏိုင္ပါဘူး။ အဲလိုေျပာမယ့္အစား ဘယ္လိုခံစားရတယ္ဆိုတာ ငါ့ကိုေျပာျပပါလား ဆိုၿပီး သူေျပာသမွ်ေတြကို နားေထာင္ပါ။ သင့္ရဲ့အခ်စ္ေရးအေၾကာင္းကို ထည့္မေျပာဘဲ သူ႔အေၾကာင္းေတြကိုပဲ နားေထာင္ပါ။

ထားလိုက္ပါေတာ့။

သင့္သူငယ္ခ်င္းက သင့္ကို သူ႕ခ်စ္သူအေၾကာင္းေျပာတာကို သင္အႀကိမ္ေပါင္းမ်ားစြာၾကားဖူးမွာပါ။ ထားလိုက္စမ္းပါကြာ လို႔မေျပာဘဲ သူတို႔ကို ပညာသားပါပါႏွစ္သိမ့္ေပးပါ။

ေလာကမွာ ေယာက်ၤားေတြ အမ်ားႀကီးပါကြာ။

သင့္သူငယ္ခ်င္းက အၿမဲတမ္းအသည္းကြဲေနမွာမဟုတ္သလို အနာဂတ္မွာလည္း ေနာက္ထပ္ခ်စ္သူအသစ္တစ္ေယာက္ရွိႏိုင္ပါတယ္။ ဒါေပမယ့္လည္း ေလာကမွာ ေယာက်ၤားေတြအမ်ားႀကီးပါကြာလို႔ ေျပာမယ့္အစား နင္အထီးက်န္ၿပီး ၀မ္းနည္းေနတာကို ငါသိပါတယ္။ ဒါေပမယ့္ နင္ကသိပ္ကိုေတာ္တဲ့သူတစ္ေယာက္ပါ။ နင့္ကိုခ်စ္တဲ့သူေတြ အမ်ားႀကီးရွိလာမွာပါလို႔ ေျပာေပးပါ။ ေနာက္တစ္ေယာက္ရွာဖို႔ထက္ သူ႔တို႔ရဲ့ ခံစားခ်က္ကို ရည္ညႊန္းေျပာဆိုပါ။

နင့္ရည္းစားေဟာင္းကို ငါေကာင္မေလးတစ္ေယာက္နဲ႔ ေတြ႕လိုက္တယ္။

အရမ္းခ်စ္တဲ့ခ်စ္သူတစ္ဦးကို လမ္းခြဲလိုက္ရတဲ့အခါမွာ သူအရမ္းနာက်င္ေနမွာကိုသတိရပါ။ သူ႔ကိုထပ္ၿပီး နာက်င္ေစတဲ့ စကားေတြမေျပာမိေအာင္အထူးသတိထားပါ။ အဓိကက သူ႔ခံစားခ်က္ေတြကိုပဲ နားေထာင္ေပးပါ။

စိတ္ဓါတ္ခိုင္ခို္င္ထားပါ။

စိတ္ခိုင္ခိုင္ထားမငိုပါနဲ႔ သူ႔လိုလူအစား ခံစားမေနနဲ႔လို႔ တခါတေလ ေျပာတတ္ပါတယ္။ ဒါေပမယ့္ အဲဒီလို ေျပာမယ့္အစား ငါနင့္နားမွာရွိတယ္ နင္ေျပာသမွ်ကို နားေထာင္ေပးမယ္လို႔ ငိုခ်င္လည္းငိုလိုက္ပါလို႔ ေျပာေပးပါ။

Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူနဲ့ လမ်းခွဲရတဲ့ သင့်သူငယ်ချင်းဟာ အထိုက်အလျောက်တော့ နာကျင်နေမှာပါ။ အဲဒီအခါ သင့်အနေနဲ့ သူငယ်ချင်းကို နှစ်သိမ့်ပေးချင်မှာ အမှန်ပါပဲ။ သင့်သူငယ်ချင်း ငိုယိုဖို့အတွက် ပုခုံးတစ်ဖက် လိုအပ်နေတာမှန်အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို နှစ်သိမ့်ပေးတဲ့အခါ မပြောသင့်တဲ့ စကားတွေရှိပါတယ်။

နင်ဘယ်လိုခံစားနေရတယ်ဆိုတာ ငါသိပါတယ်။

စာနာလို့ပြောတဲ့စကားဖြစ်ပေမယ့် သူ့ကို ပိုပြီးနာကျင်စေပါတယ်။ တကယ်တော့ သူဘယ်လိုခံစားနေရတယ်ဆိုတာ သင်အတိအကျမသိနိုင်ပါဘူး။ အဲလိုပြောမယ့်အစား ဘယ်လိုခံစားရတယ်ဆိုတာ ငါ့ကိုပြောပြပါလား ဆိုပြီး သူပြောသမျှတွေကို နားထောင်ပါ။ သင့်ရဲ့အချစ်ရေးအကြောင်းကို ထည့်မပြောဘဲ သူ့အကြောင်းတွေကိုပဲ နားထောင်ပါ။

ထားလိုက်ပါတော့။

သင့်သူငယ်ချင်းက သင့်ကို သူ့ချစ်သူအကြောင်းပြောတာကို သင်အကြိမ်ပေါင်းများစွာကြားဖူးမှာပါ။ ထားလိုက်စမ်းပါကွာ လို့မပြောဘဲ သူတို့ကို ပညာသားပါပါနှစ်သိမ့်ပေးပါ။

လောကမှာ ယောကျၤားတွေ အများကြီးပါကွာ။

သင့်သူငယ်ချင်းက အမြဲတမ်းအသည်းကွဲနေမှာမဟုတ်သလို အနာဂတ်မှာလည်း နောက်ထပ်ချစ်သူအသစ်တစ်ယောက်ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း လောကမှာ ယောကျၤားတွေအများကြီးပါကွာလို့ ပြောမယ့်အစား နင်အထီးကျန်ပြီး ဝမ်းနည်းနေတာကို ငါသိပါတယ်။ ဒါပေမယ့် နင်ကသိပ်ကိုတော်တဲ့သူတစ်ယောက်ပါ။ နင့်ကိုချစ်တဲ့သူတွေ အများကြီးရှိလာမှာပါလို့ ပြောပေးပါ။ နောက်တစ်ယောက်ရှာဖို့ထက် သူ့တို့ရဲ့ ခံစားချက်ကို ရည်ညွှန်းပြောဆိုပါ။

နင့်ရည်းစားဟောင်းကို ငါကောင်မလေးတစ်ယောက်နဲ့ တွေ့လိုက်တယ်။

အရမ်းချစ်တဲ့ချစ်သူတစ်ဦးကို လမ်းခွဲလိုက်ရတဲ့အခါမှာ သူအရမ်းနာကျင်နေမှာကိုသတိရပါ။ သူ့ကိုထပ်ပြီး နာကျင်စေတဲ့ စကားတွေမပြောမိအောင်အထူးသတိထားပါ။ အဓိကက သူ့ခံစားချက်တွေကိုပဲ နားထောင်ပေးပါ။

စိတ်ဓါတ်ခိုင်ခိုင်ထားပါ။

စိတ်ခိုင်ခိုင်ထားမငိုပါနဲ့ သူ့လိုလူအစား ခံစားမနေနဲ့လို့ တခါတလေ ပြောတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောမယ့်အစား ငါနင့်နားမှာရှိတယ် နင်ပြောသမျှကို နားထောင်ပေးမယ်လို့ ငိုချင်လည်းငိုလိုက်ပါလို့ ပြောပေးပါ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top