iMyanmarHouse.com - Best Property Website for Myanmar
×

ေျခဖေနာင့္မွာ အက္ကြဲတာေတြ ရွိေနျခင္းဟာ လမ္းေလွ်ာက္တဲ့အခါ နာက်င္ျခင္းေတြ ျဖစ္ေပၚေစသလို၊ မိန္းကေလးေတြ အတြက္ဆိုရင္ေတာ့ ေဒါက္ျမင့္ဖိနပ္စီးလို႔လည္း မရတဲ့ ေ၀ဒနာပါပဲ။ ေျခဖေနာင့္ကြဲတာဟာ ေျခေထာက္မွာ ေျခဆီ(ေျခေထာက္အစိုဓါတ္) ေလ်ာ့နည္းလို႔ပါပဲ။ ေရဓါတ္ျပန္လည္ ျဖည့္တင္းေပးရင္ ေကာင္းႏိုင္ေပမယ့္ အခ်ိန္ၾကာႏိုင္ပါတယ္။ အျမန္ဆံုးေပ်ာက္ခ်င္တယ္ဆိုရင္ေတာ့ လြယ္ကူထိေရာက္တဲ့ နည္းလမ္းေတြ ရွိပါတယ္။

ေျခဖေနာင့္မွာရွိေနတဲ့ အက္ကြဲေၾကာင္းေတြ ဖယ္ရွားႏိုင္မယ့္ ပထမဆံုးနည္းလမ္းကေတာ့ ေရေႏြးစိမ္ျခင္းပါပဲ။ ေရေႏြးထဲကို ေျခဖေနာင့္ကြဲတာေတြ သက္သာေစႏိုင္မယ့္ ပစၥည္းေတြထည့္ၿပီး အစိုဓါတ္ရေအာင္ ျပဳလုပ္လို႔ ရပါတယ္။ ေျခေထာက္ထည့္ၿပီး စိမ္လို႔ရမယ့္ ဇလံုခပ္ႀကီးႀကီးထဲမွာ ေရေႏြးေႏြးကို ေျခဖ၀ါးျမွဳပ္ေလာက္သည္အထိ ထည့္ေပးပါ။ ဆိုဒါနဲ႔ ဆားအနည္းငယ္ပါ ထည့္ေပးပါ။ ေရေႏြးထဲမွာ ဆားနဲ႔ ဆိုဒါ ေပ်ာ္၀င္သြားၿပီဆိုရင္ ေျခေထာက္ကို ေရေႏြးထဲမွာ ထည့္စိမ္လိုက္ပါ။ (၁၅) မိနစ္ေလာက္ေတာ့ ၾကာေအာင္ စိမ္ထားပါ။ (၁၅) မိနစ္ေလာက္ ၾကာၿပီးၿပီဆိုရင္ေတာ့ ေျခေထာက္ကို အ၀တ္ေျခာက္တစ္ခုနဲ႕ ေရေတြ စင္သြားေအာင္ သုတ္လိုက္ပါ။ ေျခဖ၀ါးေရႏူးလာၿပီဆိုရင္ေတာ့ ေခ်း(ဂ်ီး) တြန္းေက်ာက္နဲ႔ တိုက္ခ်လိုက္ပါ။ ဒါဆိုရင္ေတာ့ ေျခဖေနာင့္အက္ကြဲတာေတြ သက္သာလာမွာ ျဖစ္သလို ေျခဖေနာင့္ကထြက္တဲ့ အသားစေတြလည္း မရွိႏိုင္ေတာ့ပါဘူး။

အစိုဓါတ္ေပးဖို႔အတြက္ကေတာ့ ဖေယာင္းအပိုင္းအစေလးေတြနဲ႔ ဆီ (၂) ဇြန္းေလာက္ကို အပူခံႏိုင္တဲ့ ခြက္လြတ္တစ္လံုးထဲ ထည့္လိုက္ပါ။ ၿပီးရင္ ခြက္ထဲကို ေရေႏြးေလာင္းထည့္ပါ။ ဖေယာင္းနဲ႔ဆီေတြ ေပ်ာ္လာပါလိမ့္မယ္။ ေပ်ာ္လာတဲ့အရည္ေတြ ေအးလာၿပီဆိုရင္ အရည္ေတြကို ေျခဖေနာင့္ အက္ကြဲတဲ့ေနရာမွာ လိမ္းေပးပါ။ ဖေယာင္းဆီေတြက ေျခဖေနာင့္မွာရွိတဲ့ ေျခာက္ေသြ႔မႈေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒီနည္းေလးေတြ လုပ္ၿပီးၿပီဆိုရင္ေတာ့ ေျခဖေနာင့္ အက္ကြဲတာေတြကို လက္ျပႏႈတ္ဆက္လို႔ ရပါၿပီ။

Credit:မိုမိုေလး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ခြေဖနောင့်မှာ အက်ကွဲတာတွေ ရှိနေခြင်းဟာ လမ်းလျှောက်တဲ့အခါ နာကျင်ခြင်းတွေ ဖြစ်ပေါ်စေသလို၊ မိန်းကလေးတွေ အတွက်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ်စီးလို့လည်း မရတဲ့ ဝေဒနာပါပဲ။ ခြေဖနောင့်ကွဲတာဟာ ခြေထောက်မှာ ခြေဆီ(ခြေထောက်အစိုဓါတ်) လျော့နည်းလို့ပါပဲ။ ရေဓါတ်ပြန်လည် ဖြည့်တင်းပေးရင် ကောင်းနိုင်ပေမယ့် အချိန်ကြာနိုင်ပါတယ်။ အမြန်ဆုံးပျောက်ချင်တယ်ဆိုရင်တော့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ခြေဖနောင့်မှာရှိနေတဲ့ အက်ကွဲကြောင်းတွေ ဖယ်ရှားနိုင်မယ့် ပထမဆုံးနည်းလမ်းကတော့ ရေနွေးစိမ်ခြင်းပါပဲ။ ရေနွေးထဲကို ခြေဖနောင့်ကွဲတာတွေ သက်သာစေနိုင်မယ့် ပစ္စည်းတွေထည့်ပြီး အစိုဓါတ်ရအောင် ပြုလုပ်လို့ ရပါတယ်။ ခြေထောက်ထည့်ပြီး စိမ်လို့ရမယ့် ဇလုံခပ်ကြီးကြီးထဲမှာ ရေနွေးနွေးကို ခြေဖဝါးမြှုပ်လောက်သည်အထိ ထည့်ပေးပါ။ ဆိုဒါနဲ့ ဆားအနည်းငယ်ပါ ထည့်ပေးပါ။ ရေနွေးထဲမှာ ဆားနဲ့ ဆိုဒါ ပျော်ဝင်သွားပြီဆိုရင် ခြေထောက်ကို ရေနွေးထဲမှာ ထည့်စိမ်လိုက်ပါ။ (၁၅) မိနစ်လောက်တော့ ကြာအောင် စိမ်ထားပါ။ (၁၅) မိနစ်လောက် ကြာပြီးပြီဆိုရင်တော့ ခြေထောက်ကို အဝတ်ခြောက်တစ်ခုနဲ့ ရေတွေ စင်သွားအောင် သုတ်လိုက်ပါ။ ခြေဖဝါးရေနူးလာပြီဆိုရင်တော့ ချေး(ဂျီး) တွန်းကျောက်နဲ့ တိုက်ချလိုက်ပါ။ ဒါဆိုရင်တော့ ခြေဖနောင့်အက်ကွဲတာတွေ သက်သာလာမှာ ဖြစ်သလို ခြေဖနောင့်ကထွက်တဲ့ အသားစတွေလည်း မရှိနိုင်တော့ပါဘူး။

အစိုဓါတ်ပေးဖို့အတွက်ကတော့ ဖယောင်းအပိုင်းအစလေးတွေနဲ့ ဆီ (၂) ဇွန်းလောက်ကို အပူခံနိုင်တဲ့ ခွက်လွတ်တစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် ခွက်ထဲကို ရေနွေးလောင်းထည့်ပါ။ ဖယောင်းနဲ့ဆီတွေ ပျော်လာပါလိမ့်မယ်။ ပျော်လာတဲ့အရည်တွေ အေးလာပြီဆိုရင် အရည်တွေကို ခြေဖနောင့် အက်ကွဲတဲ့နေရာမှာ လိမ်းပေးပါ။ ဖယောင်းဆီတွေက ခြေဖနောင့်မှာရှိတဲ့ ခြောက်သွေ့မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီနည်းလေးတွေ လုပ်ပြီးပြီဆိုရင်တော့ ခြေဖနောင့် အက်ကွဲတာတွေကို လက်ပြနှုတ်ဆက်လို့ ရပါပြီ။

Credit:မိုမိုလေး


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top