iMyanmarHouse.com - Best Property Website for Myanmar
×









Credit:Momolay
ပို့သပေးပါတယ်။

#Unicode Version

မနက်မိုးလင်း အလုပ်သွားတိုင်း ဇနီးသည်အား ကြင်နာစွာထွေးပွေ့ပြီး အနမ်းတစ်ချက်လောက်ပေးပါ..။

ကားအတူ စီးသွားတဲ့အခါမျိုးမှာ သူမလက်ကလေးကို အချိန်ခဏပေး၍ ဆုပ်ကိုင်ပေးလိုက်ပါ။

မင်းက ကိုယ့်အတွက် အကောင်းဆုံးသူပါဆိုတဲ့ စကားလေးကို မေ့လောက်ရှိတိုင်းပြောပေးပါ..။

တစ်ခါတစ်ရံ ညစာကို အပြင်ထွက်ပြီး အတူစားတာမျိုး ၊ နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တာမျိုး ၊ အမှတ်တရနေ့များမှာ လက်ဆောင်ပေးတာမျိုး အစရှိသဖြင့် ချစ်သူဘဝက ကဲ့သို့ ပျော်ရွှင်စရာအချိန်များ ဖန်တီးပေးပါ..။

မင်းဟာ ကိုယ့်အတွက် အမြဲလှနေသူပါ ဆိုတာမျိုး ချီးမွမ်းစကားလေးပြောပေးပါ..။

ချက်ပြုတ် လျှော်ဖွတ်တာတွေ ဂရုစိုက်ပေးတာတွေအတွက် ကျေးဇူးတင်ကြောင်းလည်းပြောပါ..။ အားတဲ့အခါ တတ်နိုင်သလောက် ကူညီလုပ်ကိုင်ပေးတာမျိုးလေးလုပ်ပေးလိုက်ပါ..။

သူမ နေမကောင်း မကျန်းမာတဲ့အခါ အားလုံးသောအရာတွေထက် အလေးပေးပြီး အချိန်ပေး ဂရုစိုက်လိုက်ပါ..။

*** သာယာပျော်ရွှင်တဲ့ ချစ်ခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေ **

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top