iMyanmarHouse.com - Best Property Website for Myanmar
×

လူသိရွင္ၾကားရန္မျဖစ္ခ်င္ေပမယ့္ ခံရခက္ေနပါသလား..ဒါဆိုရင္ေတာ့ ဒီနည္းေလးေတြကို လိုက္နာႏိုင္ပါတယ္။

လ်စ္လ်ဴရႈထားပါ       

သင့္ရဲ႕မေကာင္းေၾကာင္းေတြကို မၾကားတၾကားေျပာသံေတြၾကားေနၿပီလား။ ဒါက သူစိမ္းေတြေတာ့ မျဖစ္ႏိုင္ပါဘူး။ သင့္အေၾကာင့္ကို သိတဲ့သူေတြ ဒါမွမဟုတ္ သင့္ကိုစိတ္ဝင္စားေနတဲ့သူေတြပဲ ျဖစ္မွာပါ။ ဒီ့အတြက္ အေကာင္းဆုံးခံယူခ်က္ကေတာ့ လစ္လ်ဴရႈဖို႔ပါပဲ။ တတ္ႏိုင္သေလာက္ လစ္လ်ဴရႈပါ။ ဘယ္သူေတြဘာေျပာေျပာ သင္ ဂ႐ုမစိုက္ေၾကာင္းျပပါ။ ဒါဆိုၾကာရင္ ေျပာတဲ့သူေတြေမာၿပီး ရပ္တန႔္သြားပါလိမ့္မယ္။

မတုံ႔ျပန္ပါနဲ႔

သင့္အေၾကာင္းေတြက ေကာလဟာလေတြလည္း ျဖစ္ႏိုင္ပါတယ္။ အမွန္တရားေတြလည္း ျဖစ္ႏိုင္တာပါပဲ။ ဒါေပမယ့္လည္း တအား စိတ္ဆိုးေဒါသထြက္ေၾကာင္း မျပပါနဲ႔။ ေဒါသနဲ႔ မတုံ႔ျပန္ပါနဲ႔။ သင့္ဘက္က အမွန္တရားအတြက္ သင့္ေတာ္တဲ့ တုံ႔ျပန္မႈ တစ္ခုႏွစ္ခု ရွိရင္ ရပါၿပီ။ ေျပာစကား ဒါမွမဟုတ္ ျမင္သမွ်ကို လိုက္တုံ႔ျပန္ေနတာကေတာ့ သင့္ကို သပုတ္ေလလြင့္ေျပာတဲ့သူေတြအတြက္ အကြက္ေကာင္းကို ေပးလိုက္သလို ျဖစ္သြားပါလိမ့္မယ္။

သူတို႔ရွက္ပါေစ

သင့္ကို သင့္ရဲ႕ေကာလဟာလေတြနဲ႔ ပတ္သက္ၿပီး လာေမးသမွ် သင္ေျဖရမွာက “ႏိုး” တစ္လုံးတည္းပါပဲ။ သင့္ဘက္က ဂ႐ုမစိုက္ပဲ မတုံ႔ျပန္ပဲ ပုံမွန္အလုပ္ကိစၥေတြကို ပုံမွန္လုပ္ေနမယ္ဆိုရင္ေတာ့ သူတို႔ မၾကာခင္မွာ သူတို႔ကို ရွက္စိတ္ဝင္လာမွာပါ။

ခံစားခ်က္မထားပါနဲ႔

ဒီလိုစကားေတြက ေလထဲကေနလာၿပီး ေလထဲမွာတင္ ေပ်ာက္ကြယ္သြားၾကတာပါ။ ဒါေၾကာင့္ ခံစားခ်က္မထားပါနဲ႔လို႔ အႀကံေပးပါရေစ။ ခ်ီးမြမ္း ရရက္ ကဲ့ရဲ႕ ရရက္ျဖစ္လို႔ ဒီလို လူမႈေရးတိုက္ခိုက္မႈေတြကို သင့္ရဲ႕ ေန႔စဥ္ဘဝထဲ ယူေဆာင္မလာသင့္ပါဘူး။ အထူးသျဖင့္ေတာ့ သင့္ရဲ႕ လုပ္ငန္းခြင္၊ သင့္ရဲ႕ မိသားစုနဲ႔ သင့္ရဲ႕ အခ်စ္ေရးထဲကိုပါ ဒီစိတ္အေႏွာင့္အယွက္ေတြ ယူေဆာင္မသြားဖို႔ အေရးႀကီးပါတယ္။

အရင္းအျမစ္ကိုရွာပါ

လာေျပာတဲ့သူေတြကို ရန္ေတြ႕လႊတ္ေနတာထက္စာရင္ေတာ့ သင့္အေနနဲ႔ သည္းမခံႏိုင္ေတာ့ဘူးလို႔ထင္ရင္ ေကာလဟာလအရင္းအျမစ္ကို ေတြ႕ေအာင္ရွာဖို႔လိုပါတယ္။ ေတြ႕ၿပီဆိုရင္ သတိေပးဖို႔လိုပါၿပီ။ ဘယ္သူကစၿပီး ဒါမ်ိဳးေတြကို လုပ္လဲ၊ သူ ဘာျဖစ္လို႔ ဒီလိုေတြလုပ္ေနလဲဆိုတာကို ရေအာင္ စုံစမ္းပါ။ သင့္ဘက္က သည္းမခံႏိုင္ေတာ့တဲ့အေျခအေနဆို သူ႔ကို ေနာက္ထပ္မလိုဖို႔ ေသခ်ာသတိေပးဖို႔လိုပါၿပီ။ သတိေပးတဲ့အခါ Public မွာ သတိေပးတာထက္ Private လုပ္တာ ပိုေကာင္းတယ္လို႔ အႀကံေပးပါရေစ။ ေနာက္တစ္ခုက သက္ေသအေထာက္အထားကို သိမ္းထားဖို႔ပါပဲ။

Credit:Myanamrload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
လူသိရှင်ကြားရန်မဖြစ်ချင်ပေမယ့် ခံရခက်နေပါသလား..ဒါဆိုရင်တော့ ဒီနည်းလေးတွေကို လိုက်နာနိုင်ပါတယ်။

လျစ်လျူရှုထားပါ      

သင့်ရဲ့မကောင်းကြောင်းတွေကို မကြားတကြားပြောသံတွေကြားနေပြီလား။ ဒါက သူစိမ်းတွေတော့ မဖြစ်နိုင်ပါဘူး။ သင့်အကြောင့်ကို သိတဲ့သူတွေ ဒါမှမဟုတ် သင့်ကိုစိတ်ဝင်စားနေတဲ့သူတွေပဲ ဖြစ်မှာပါ။ ဒီ့အတွက် အကောင်းဆုံးခံယူချက်ကတော့ လစ်လျူရှုဖို့ပါပဲ။ တတ်နိုင်သလောက် လစ်လျူရှုပါ။ ဘယ်သူတွေဘာပြောပြော သင် ဂရုမစိုက်ကြောင်းပြပါ။ ဒါဆိုကြာရင် ပြောတဲ့သူတွေမောပြီး ရပ်တန့်သွားပါလိမ့်မယ်။

မတုံ့ပြန်ပါနဲ့

သင့်အကြောင်းတွေက ကောလဟာလတွေလည်း ဖြစ်နိုင်ပါတယ်။ အမှန်တရားတွေလည်း ဖြစ်နိုင်တာပါပဲ။ ဒါပေမယ့်လည်း တအား စိတ်ဆိုးဒေါသထွက်ကြောင်း မပြပါနဲ့။ ဒေါသနဲ့ မတုံ့ပြန်ပါနဲ့။ သင့်ဘက်က အမှန်တရားအတွက် သင့်တော်တဲ့ တုံ့ပြန်မှု တစ်ခုနှစ်ခု ရှိရင် ရပါပြီ။ ပြောစကား ဒါမှမဟုတ် မြင်သမျှကို လိုက်တုံ့ပြန်နေတာကတော့ သင့်ကို သပုတ်လေလွင့်ပြောတဲ့သူတွေအတွက် အကွက်ကောင်းကို ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

သူတို့ရှက်ပါစေ

သင့်ကို သင့်ရဲ့ကောလဟာလတွေနဲ့ ပတ်သက်ပြီး လာမေးသမျှ သင်ဖြေရမှာက “နိုး” တစ်လုံးတည်းပါပဲ။ သင့်ဘက်က ဂရုမစိုက်ပဲ မတုံ့ပြန်ပဲ ပုံမှန်အလုပ်ကိစ္စတွေကို ပုံမှန်လုပ်နေမယ်ဆိုရင်တော့ သူတို့ မကြာခင်မှာ သူတို့ကို ရှက်စိတ်ဝင်လာမှာပါ။

ခံစားချက်မထားပါနဲ့

ဒီလိုစကားတွေက လေထဲကနေလာပြီး လေထဲမှာတင် ပျောက်ကွယ်သွားကြတာပါ။ ဒါကြောင့် ခံစားချက်မထားပါနဲ့လို့ အကြံပေးပါရစေ။ ချီးမွမ်း ရရက် ကဲ့ရဲ့ ရရက်ဖြစ်လို့ ဒီလို လူမှုရေးတိုက်ခိုက်မှုတွေကို သင့်ရဲ့ နေ့စဉ်ဘဝထဲ ယူဆောင်မလာသင့်ပါဘူး။ အထူးသဖြင့်တော့ သင့်ရဲ့ လုပ်ငန်းခွင်၊ သင့်ရဲ့ မိသားစုနဲ့ သင့်ရဲ့ အချစ်ရေးထဲကိုပါ ဒီစိတ်အနှောင့်အယှက်တွေ ယူဆောင်မသွားဖို့ အရေးကြီးပါတယ်။

အရင်းအမြစ်ကိုရှာပါ

လာပြောတဲ့သူတွေကို ရန်တွေ့လွှတ်နေတာထက်စာရင်တော့ သင့်အနေနဲ့ သည်းမခံနိုင်တော့ဘူးလို့ထင်ရင် ကောလဟာလအရင်းအမြစ်ကို တွေ့အောင်ရှာဖို့လိုပါတယ်။ တွေ့ပြီဆိုရင် သတိပေးဖို့လိုပါပြီ။ ဘယ်သူကစပြီး ဒါမျိုးတွေကို လုပ်လဲ၊ သူ ဘာဖြစ်လို့ ဒီလိုတွေလုပ်နေလဲဆိုတာကို ရအောင် စုံစမ်းပါ။ သင့်ဘက်က သည်းမခံနိုင်တော့တဲ့အခြေအနေဆို သူ့ကို နောက်ထပ်မလိုဖို့ သေချာသတိပေးဖို့လိုပါပြီ။ သတိပေးတဲ့အခါ Public မှာ သတိပေးတာထက် Private လုပ်တာ ပိုကောင်းတယ်လို့ အကြံပေးပါရစေ။ နောက်တစ်ခုက သက်သေအထောက်အထားကို သိမ်းထားဖို့ပါပဲ။

Credit:Myanamrload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top