iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္မွာပင္ပန္းလာေတာ့ အိမ္  ေရာက္တာနဲ႔ တီဗီေ႐ွ႕ထုိင္ၿပီး မုန္႔စားရင္းဇာတ္ကားေတြၾကည့္ကာ အနားယူျဖစ္ၾကတယ္။ ဒီအတုိင္းထုိင္ၾကည့္တာေတာ့ မဟုတ္ဘူး။ ေဘးမွာလည္း မုန္႔ေလးေတြ အစံုအလင္နဲ႔။ အိပ္ခ်ိန္ကလည္းေနာက္က် သြားေရစာေတြကိုလည္း တစ္မ်ိဳးၿပီးတစ္မ်ိဳး စားေနလို႔ကေတာ့ ၾကာရင္ က်န္းမာေရးထိခိုက္လာႏိုင္ပါတယ္။ ဆရာဝန္ေတြကေတာ့ ဒီသြားေရစာေတြကို ညဥ့္နက္ပိုင္းမွာစားမယ္ဆုိရင္ ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္အတြက္ ေကာင္းက်ိဳးမေပးဘူးလို႔ ဆိုပါတယ္။

၁။ အာလူးေၾကာ္

အာလူးေၾကာ္က ဝိတ္တက္ေစတယ္ဆုိတာ အားလံုးသိတယ္။ ဆီ၊ ဆား မ်ားမ်ားပါဝင္ၿပီး ကယ္လိုရီတက္ေစတဲ့ အာလူးေၾကာ္ကို ညဘက္စားေလ့႐ွိရင္ ဆီးခ်ိဳနဲ႔အျခားေရာဂါေတြ ျဖစ္ႏိုင္ပါတယ္။

၂။ အဆီမ်ားတဲ့ခ်ိစ္

အဆီမ်ားတဲ့ခ်ိစ္နဲ႔ ႏို႔ထြက္ပစၥည္းေတြဟာ က်န္းမာေရးအတြက္ ထင္တာထက္ပိုၿပီးဆိုးက်ိဳးေပးပါတယ္။ ညဘက္စားမယ္ဆုိ အဆီထုတ္ထားတဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း၊ ခ်ိစ္တုိ႔ကိုသာ ေရြးခ်ယ္ပါ။ ဒါေပမဲ့ အမ်ားႀကီးလည္း မစားနဲ႔ဦး။ အသင့္အတင့္ပဲစားပါ။

၃။ ေရခဲမုန္႔

ေရခဲမုန္႔စားရတာ အရမ္းကို စိတ္ခ်မ္းသာဖုိ႔ေကာင္းတယ္။ ခ်ိဳၿပီးေအးေနတဲ့ ေရခဲမုန္႔က အနံ႔နဲ႔လည္း လူကိုဆြဲေဆာင္ေသးတာကိုး။ သူ႔မွာ ပါဝင္တဲ့ အဆီနဲ႔သၾကားဓာတ္ေၾကာင့္သာ ညဘက္မစားဖုိ႔ ေျပာရတာပါ။ ညဘက္စားတဲဲ့အခါက်ေတာ့ အဆီနဲ႔သၾကားဓာတ္ေတြကို ခႏၶာကိုယ္က ပိုၿပီးစုပ္ယူထားပါလိမ့္မယ္။ တကယ္လို႔မ်ား ညဥ့္နက္သန္းေခါင္ ေရခဲမုန္႔စားခ်င္လာၿပီဆုိရင္ ေရခဲမုန္႔အသြင္ ျပဳလုပ္ထားတဲ့ Frozen Yogurt ကို စားသင့္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အလုပ်မှာပင်ပန်းလာတော့ အိမ်ရောက်တာနဲ့ တီဗီရှေ့ထိုင်ပြီး မုန့်စားရင်းဇာတ်ကားတွေကြည့်ကာ အနားယူဖြစ်ကြတယ်။ ဒီအတိုင်းထိုင်ကြည့်တာတော့ မဟုတ်ဘူး။ ဘေးမှာလည်း မုန့်လေးတွေ အစုံအလင်နဲ့။ အိပ်ချိန်ကလည်းနောက်ကျ သွားရေစာတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး စားနေလို့ကတော့ ကြာရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ဆရာဝန်တွေကတော့ ဒီသွားရေစာတွေကို ညဉ့်နက်ပိုင်းမှာစားမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက် ကောင်းကျိုးမပေးဘူးလို့ ဆိုပါတယ်။

၁။ အာလူးကြော်

အာလူးကြော်က ဝိတ်တက်စေတယ်ဆိုတာ အားလုံးသိတယ်။ ဆီ၊ ဆား များများပါဝင်ပြီး ကယ်လိုရီတက်စေတဲ့ အာလူးကြော်ကို ညဘက်စားလေ့ရှိရင် ဆီးချိုနဲ့အခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။

၂။ အဆီများတဲ့ချိစ်

အဆီများတဲ့ချိစ်နဲ့ နို့ထွက်ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် ထင်တာထက်ပိုပြီးဆိုးကျိုးပေးပါတယ်။ ညဘက်စားမယ်ဆို အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ချိစ်တို့ကိုသာ ရွေးချယ်ပါ။ ဒါပေမဲ့ အများကြီးလည်း မစားနဲ့ဦး။ အသင့်အတင့်ပဲစားပါ။

၃။ ရေခဲမုန့်

ရေခဲမုန့်စားရတာ အရမ်းကို စိတ်ချမ်းသာဖို့ကောင်းတယ်။ ချိုပြီးအေးနေတဲ့ ရေခဲမုန့်က အနံ့နဲ့လည်း လူကိုဆွဲဆောင်သေးတာကိုး။ သူ့မှာ ပါဝင်တဲ့ အဆီနဲ့သကြားဓာတ်ကြောင့်သာ ညဘက်မစားဖို့ ပြောရတာပါ။ ညဘက်စားတဲ့အခါကျတော့ အဆီနဲ့သကြားဓာတ်တွေကို ခန္ဓာကိုယ်က ပိုပြီးစုပ်ယူထားပါလိမ့်မယ်။ တကယ်လို့များ ညဉ့်နက်သန်းခေါင် ရေခဲမုန့်စားချင်လာပြီဆိုရင် ရေခဲမုန့်အသွင် ပြုလုပ်ထားတဲ့ Frozen Yogurt ကို စားသင့်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top