iMyanmarHouse.com - Best Property Website for Myanmar
×

 Narcolepsy ဟုေခၚေသာ လူအမ်ားေရွ႕ပင္ ေရွာင္ထိန္းမရႏုိင္ ေအာင္ အိပ္ခ်င္တတ္ေသာေရာဂါသည္ ျပင္းထန္ေသာ အာ႐ံုေၾကာ ဆုိင္ရာ ကေမာက္ကမျဖစ္မႈအေျခအေနတစ္ရပ္ျဖစ္ၿပီး မွန္ကန္စြာ သိရွိႏုိင္ရန္ ၁၀ ႏွစ္ေက်ာ္ ၾကာျမင့္ႏုိင္သည္။

ယင္းေရာဂါအေျခအေနႏွင့္ ႀကံဳေတြ႕ေနရသူမ်ား၏ ၅၀ ရာခုိင္ ႏႈန္းသည္ ေရာဂါျဖစ္ေနေၾကာင္း သိရွိျခင္းမရွိသျဖင့္ ယင္းေရာဂါ လကၡဏာမ်ားကို သိရွိရန္ အေရးႀကီးသည္။

မသင့္ေတာ္ေသာ အခ်ိန္အခါမ်ိဳးမ်ားတြင္ မၾကာခဏဆုိသလို အလြန္အကြၽံအိပ္ခ်င္ေလ့ရွိျခင္းကို ေန႔လယ္ခင္း အိပ္စက္ခ်ိန္ လြန္ကဲေသာ အေျခအေန (EDS)ဟုေခၚသည္။

ယင္းအေျခအေနႏွင့္ႀကံဳေနသူကို အိပ္စက္ခ်ိန္လြန္ကဲေသာ အေျခအေန (EDS) ဟု ေခၚသည္။ ထုိသူသည္ တစ္ခ်ိန္လံုး ေမာပန္း ေနသလို ခံစားရႏုိင္သည္။

ယင္းေၾကာင့္ တစ္ေန႔တာလံုး ႏုိးႏိုးၾကားၾကားေနရန္ ခက္ခဲ ေလ့ရွိသျဖင့္ မရည္ရြယ္ဘဲ အိပ္ေပ်ာ္သြားေလ့ရွိသည္။ Narcolepsy ေရာဂါ ခံစားေနရသူတိုင္း ေန႔လယ္ခင္း အိပ္စက္ခ်ိန္လြန္ကဲေလ့ရွိသည္။

အခ်ိဳ႕တြင္ အားအင္ကုန္ခန္းျခင္း၊ အာ႐ံုစိုက္ရခက္ခဲျခင္း (သို႔ မဟုတ္) မွတ္ဉာဏ္အားနည္းျခင္း (သို႔မဟုတ္) စိတ္အေျပာင္း အလဲမ်ားျခင္း စေသာ ေရာဂါလကၡဏာမ်ား ျပသေလ့ရွိသည္။

စိတ္ပ်က္ျခင္း၊ ေအာ္ဟစ္ရယ္ေမာျခင္း၊ အံ့ၾသျခင္း(သို႔မဟုတ္) ေဒါသထြက္ျခင္းတို႔ကဲ့သို႔ ျပင္းထန္ေသာ စိတ္ခံစားခ်က္မ်ားႏွင့္အတူ ႂကြက္သားမ်ားအားနည္းျခင္းတို႔သည္လည္း Narcolepsy ေရာဂါ၏ လကၡဏာတစ္ခုျဖစ္ႏုိင္သည္။

ညအခ်ိန္ အိပ္စက္မႈအရည္အေသြးညံ့ဖ်င္းျခင္း (သို႔မဟုတ္) အိပ္စက္ခ်ိန္အေႏွာင့္အယွက္ျဖစ္ျခင္းသည္လည္း ယင္းေရာဂါႏွင့္ ဆက္စပ္ေနသည္။ မၾကာခဏ လ်င္ျမန္စြာ အိပ္ေပ်ာ္ၿပီး တစ္ညလံုး မၾကာခဏႏိုးေနေလ့ရွိသည္။

အိပ္ေပ်ာ္သြားခ်ိန္ (သို႔မဟုတ္) ႏုိးထခ်ိန္တြင္ မလႈပ္ရွားႏိုင္ (သုိ႔မဟုတ္) စကားမေျပာႏုိင္သလို ခံစားရျခင္းသည္လည္း ယင္း ေရာဂါ၏ လကၡဏာတစ္ခုျဖစ္ႏုိင္သည္။ အိပ္ေပ်ာ္ခ်ိန္(သို႔မဟုတ္) ႏုိးထခ်ိန္တြင္ အိပ္မက္္မက္သလို ႀကံဳေတြ႕ရျခင္း၊ ေၾကာက္ရြံ႕ျခင္းႏွင့္ စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္ျခင္းမွာလည္း ယင္းေရာဂါ၏ လကၡ ဏာတစ္ခုျဖစ္ႏုိုင္သည္။

အထက္ပါလကၡဏာမ်ိဳး တစ္ခုခုႏွင့္ ႀကံဳေတြ႕ရပါက အိပ္စက္မႈဆိုင္ရာ အထူးကြၽမ္းက်င္ပညာရွင္ႏွင့္ တိုင္ပင္ေဆြးေႏြးသင့္သည္။

Credit:7day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version
 Narcolepsy ဟုခေါ်သော လူအများရှေ့ပင် ရှောင်ထိန်းမရနိုင် အောင် အိပ်ချင်တတ်သောရောဂါသည် ပြင်းထန်သော အာရုံကြော ဆိုင်ရာ ကမောက်ကမဖြစ်မှုအခြေအနေတစ်ရပ်ဖြစ်ပြီး မှန်ကန်စွာ သိရှိနိုင်ရန် ၁၀ နှစ်ကျော် ကြာမြင့်နိုင်သည်။

ယင်းရောဂါအခြေအနေနှင့် ကြုံတွေ့နေရသူများ၏ ၅၀ ရာခိုင် နှုန်းသည် ရောဂါဖြစ်နေကြောင်း သိရှိခြင်းမရှိသဖြင့် ယင်းရောဂါ လက္ခဏာများကို သိရှိရန် အရေးကြီးသည်။

မသင့်တော်သော အချိန်အခါမျိုးများတွင် မကြာခဏဆိုသလို အလွန်အကျွံအိပ်ချင်လေ့ရှိခြင်းကို နေ့လယ်ခင်း အိပ်စက်ချိန် လွန်ကဲသော အခြေအနေ (EDS)ဟုခေါ်သည်။

ယင်းအခြေအနေနှင့်ကြုံနေသူကို အိပ်စက်ချိန်လွန်ကဲသော အခြေအနေ (EDS) ဟု ခေါ်သည်။ ထိုသူသည် တစ်ချိန်လုံး မောပန်း နေသလို ခံစားရနိုင်သည်။

ယင်းကြောင့် တစ်နေ့တာလုံး နိုးနိုးကြားကြားနေရန် ခက်ခဲ လေ့ရှိသဖြင့် မရည်ရွယ်ဘဲ အိပ်ပျော်သွားလေ့ရှိသည်။ Narcolepsy ရောဂါ ခံစားနေရသူတိုင်း နေ့လယ်ခင်း အိပ်စက်ချိန်လွန်ကဲလေ့ရှိသည်။

အချို့တွင် အားအင်ကုန်ခန်းခြင်း၊ အာရုံစိုက်ရခက်ခဲခြင်း (သို့ မဟုတ်) မှတ်ဉာဏ်အားနည်းခြင်း (သို့မဟုတ်) စိတ်အပြောင်း အလဲများခြင်း စသော ရောဂါလက္ခဏာများ ပြသလေ့ရှိသည်။

စိတ်ပျက်ခြင်း၊ အော်ဟစ်ရယ်မောခြင်း၊ အံ့သြခြင်း(သို့မဟုတ်) ဒေါသထွက်ခြင်းတို့ကဲ့သို့ ပြင်းထန်သော စိတ်ခံစားချက်များနှင့်အတူ ကြွက်သားများအားနည်းခြင်းတို့သည်လည်း Narcolepsy ရောဂါ၏ လက္ခဏာတစ်ခုဖြစ်နိုင်သည်။

ညအချိန် အိပ်စက်မှုအရည်အသွေးညံ့ဖျင်းခြင်း (သို့မဟုတ်) အိပ်စက်ချိန်အနှောင့်အယှက်ဖြစ်ခြင်းသည်လည်း ယင်းရောဂါနှင့် ဆက်စပ်နေသည်။ မကြာခဏ လျင်မြန်စွာ အိပ်ပျော်ပြီး တစ်ညလုံး မကြာခဏနိုးနေလေ့ရှိသည်။

အိပ်ပျော်သွားချိန် (သို့မဟုတ်) နိုးထချိန်တွင် မလှုပ်ရှားနိုင် (သို့မဟုတ်) စကားမပြောနိုင်သလို ခံစားရခြင်းသည်လည်း ယင်း ရောဂါ၏ လက္ခဏာတစ်ခုဖြစ်နိုင်သည်။ အိပ်ပျော်ချိန်(သို့မဟုတ်) နိုးထချိန်တွင် အိပ်မက်မက်သလို ကြုံတွေ့ရခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိတ်ကယောင်ချောက်ချားဖြစ်ခြင်းမှာလည်း ယင်းရောဂါ၏ လက္ခ ဏာတစ်ခုဖြစ်နိုင်သည်။

အထက်ပါလက္ခဏာမျိုး တစ်ခုခုနှင့် ကြုံတွေ့ရပါက အိပ်စက်မှုဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

Credit:7day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top