iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားပရိသတ္ထဲမွာ ေအာက္မွာေဖာ္ျပထားတဲ့ အျပဳအမူေတြကို ျပဳမူမိေနၾကသူေတြ ပါ၀င္ေကာင္း ပါ၀င္ႏုိင္ပါတယ္။ ဒီအျပဳအမူေတြဟာ မိမိရဲ႕ မ်ိဳးပြားအဂၤါ က်န္းမာေရးကို ထိခုိက္ေစၿပီး၊ မလုိအပ္တဲ့ အျခားဆုိးက်ိဳးေတြကို
လည္း ျဖစ္ေစလုိ႔ သတိထား ေရွာင္ၾကဥ္သင့္ပါတယ္။
(၁) လက္ျဖင့္ခဏခဏ ကိုင္တြယ္ျခင္း

အမ်ိဳးသား ေတာ္ေတာ္မ်ားမ်ား တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ ရွိခ်ိန္ဆုိရင္ ငယ္ပါကုိ အေၾကာင္းမဲ့ ကို္္င္တြယ္ေနတာမ်ိဳး ဟုိေနရာကိုင္လုိက္ ဒီေနရာကိုင္လုိက္ လုပ္တာမ်ိဳး ရွိတတ္ပါတယ္။ ဒါဟာ ငယ္ပါမွာ ခုိမွီေနၾကတဲ့ ဘက္တီးရီးယားေတြကို ပ်ံ႕ႏွံ႔ေစပါတယ္။ ဒါ့အျပင္ ေယာင္ယမ္းျခင္း၊ ယားနာျဖစ္ျခင္းနဲ႔ ပတ္ပတ္လည္ ေသြးေၾကာေတြ ပိတ္ျခင္းကို
ျဖစ္ေစႏုိ္င္ပါတယ္။
(၂) အရက္ေသစာ ေသာက္စားျခင္း

အရက္ေသစာ ေသာက္စားျခင္းဟာ အျခားက်န္းမာေရး ဆုိးက်ိဳးေတြကုိသာ ေပးစြမ္းတာ မဟုတ္ပါဘူး။ အမ်ိဳးသားအဂၤါကိုလည္း အရြယ္အစားအားျဖင့္ ႀကဳံးေစသလုိ၊ ပန္းေသျခင္းလုိ႔ ေခၚတဲ့ Erectile Dysfunction ျဖစ္ဖုိ႔ ရာခုိင္ႏႈန္း ပုိမ်ားေစပါတယ္။

(၃) ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ထဲမွာပါတဲ့ ဓာတ္ေပါင္းေတြဟာ ပန္းေသေစတဲ့ အစြမ္းသတၱိေတြ ပါ၀င္ပါတယ္။ ဒါ့အျပင္ ေရရွည္မွာ လိင္ပုိင္း
ဆုုိင္ရာ စိတ္၀င္စားမႈကို က်ဆင္းေစၿပီး ငယ္ပါ အရြယ္အစားကိုလည္း ေဆးလိပ္ေသာက္တဲ့ သက္တမ္းအလုိက္ က်ဳံ႕ေစ
ၽႏုိင္ပါတယ္။ အထူးသျဖင့္ ငယ္ပါမွာပါ၀င္တဲ့ ၾကြက္သားေတြကို ထိခုိက္ပ်က္စီးေစပါတယ္။
(၄) က်န္းမာေရးနဲ႔ မညီညႊတ္ေသာအစာမ်ားကို စားျခင္း

က်န္းမာေရးနဲ႔ မညီညႊတ္တဲ့ အစားအစာေတြကလည္း အမ်ိဳးသားေတြ႕ရဲ႕ မ်ိဳးပြားအဂၤါကို ထိခုိက္ေစပါတယ္။ ဒီလုိ က်န္းမာေရးနဲ႔ မညီညႊတ္တာေတြကို စားသုံးျခင္းေၾကာင့္ Sexual Stamina ေခၚတဲ့ သက္လုံကို က်ဆင္းေစၿပီး Sexual Dysfunction ေရာဂါေတြကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ ဟုိမုန္း မညီမွ်မႈကိုလည္း ျဖစ္ေပၚေစပါတယ္။

(၅) အေလ့အက်င့္မရွိျခင္း

ဒီအခ်က္ကေတာ့ နံပတ္ 1 အခ်က္နဲ႔ ဆန္႔က်င္ဘက္လုိ႔ ထင္စရာရွိပါတယ္။ နံပတ္ 1 အခ်က္မွာ လိင္အဂၤါကုိ ခဏခဏ ကိုင္တြယ္ျခင္းကို မလုပ္ဖုိ႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ဒီေနရာမွာေတာ့ အရြယ္ေရာက္ၿပီး အမ်ိဳးသားတုိင္းဟာ ေန႔စဥ္ လုပ္ေဆာင္သင့္တဲ့ အရာထဲမွာ ေထာင္မက္ေအာင္ ႀကိဳးစားျခင္း တစ္ေန႔ကို တစ္ႀကိမ္ခန္႔ အာသာေျဖျခင္း စတာေတြဟာ ရွိသင့္ပါတယ္။ ဒီအေနအထားဟာ အရြယ္အစားကိုလည္း ထိန္းသိမ္းေပးၿပီး၊ ပန္းေသျခင္းနဲ႔ လိင္စိတ္ကုန္ခမ္းျခင္းကို
လည္း ကာကြယ္ေပးႏုိင္ပါတယ္။

Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသားပရိသတ်ထဲမှာ အောက်မှာဖော်ပြထားတဲ့ အပြုအမူတွေကို ပြုမူမိနေကြသူတွေ ပါဝင်ကောင်း ပါဝင်နိုင်ပါတယ်။ ဒီအပြုအမူတွေဟာ မိမိရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကို ထိခိုက်စေပြီး၊ မလိုအပ်တဲ့ အခြားဆိုးကျိုးတွေကို
လည်း ဖြစ်စေလို့ သတိထား ရှောင်ကြဉ်သင့်ပါတယ်။
(၁) လက်ဖြင့်ခဏခဏ ကိုင်တွယ်ခြင်း

အမျိုးသား တော်တော်များများ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ရှိချိန်ဆိုရင် ငယ်ပါကို အကြောင်းမဲ့ ကို်င်တွယ်နေတာမျိုး ဟိုနေရာကိုင်လိုက် ဒီနေရာကိုင်လိုက် လုပ်တာမျိုး ရှိတတ်ပါတယ်။ ဒါဟာ ငယ်ပါမှာ ခိုမှီနေကြတဲ့ ဘက်တီးရီးယားတွေကို ပျံ့နှံ့စေပါတယ်။ ဒါ့အပြင် ယောင်ယမ်းခြင်း၊ ယားနာဖြစ်ခြင်းနဲ့ ပတ်ပတ်လည် သွေးကြောတွေ ပိတ်ခြင်းကို
ဖြစ်စေနိုင်ပါတယ်။
(၂) အရက်သေစာ သောက်စားခြင်း

အရက်သေစာ သောက်စားခြင်းဟာ အခြားကျန်းမာရေး ဆိုးကျိုးတွေကိုသာ ပေးစွမ်းတာ မဟုတ်ပါဘူး။ အမျိုးသားအင်္ဂါကိုလည်း အရွယ်အစားအားဖြင့် ကြုံးစေသလို၊ ပန်းသေခြင်းလို့ ခေါ်တဲ့ Erectile Dysfunction ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများစေပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ထဲမှာပါတဲ့ ဓာတ်ပေါင်းတွေဟာ ပန်းသေစေတဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရေရှည်မှာ လိင်ပိုင်း
ဆိုုင်ရာ စိတ်ဝင်စားမှုကို ကျဆင်းစေပြီး ငယ်ပါ အရွယ်အစားကိုလည်း ဆေးလိပ်သောက်တဲ့ သက်တမ်းအလိုက် ကျုံ့စေ
ျနိုင်ပါတယ်။ အထူးသဖြင့် ငယ်ပါမှာပါဝင်တဲ့ ကြွက်သားတွေကို ထိခိုက်ပျက်စီးစေပါတယ်။
(၄) ကျန်းမာရေးနဲ့ မညီညွှတ်သောအစာများကို စားခြင်း

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေကလည်း အမျိုးသားတွေ့ရဲ့ မျိုးပွားအင်္ဂါကို ထိခိုက်စေပါတယ်။ ဒီလို ကျန်းမာရေးနဲ့ မညီညွှတ်တာတွေကို စားသုံးခြင်းကြောင့် Sexual Stamina ခေါ်တဲ့ သက်လုံကို ကျဆင်းစေပြီး Sexual Dysfunction ရောဂါတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဟိုမုန်း မညီမျှမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။

(၅) အလေ့အကျင့်မရှိခြင်း

ဒီအချက်ကတော့ နံပတ် 1 အချက်နဲ့ ဆန့်ကျင်ဘက်လို့ ထင်စရာရှိပါတယ်။ နံပတ် 1 အချက်မှာ လိင်အင်္ဂါကို ခဏခဏ ကိုင်တွယ်ခြင်းကို မလုပ်ဖို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ အရွယ်ရောက်ပြီး အမျိုးသားတိုင်းဟာ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အရာထဲမှာ ထောင်မက်အောင် ကြိုးစားခြင်း တစ်နေ့ကို တစ်ကြိမ်ခန့် အာသာဖြေခြင်း စတာတွေဟာ ရှိသင့်ပါတယ်။ ဒီအနေအထားဟာ အရွယ်အစားကိုလည်း ထိန်းသိမ်းပေးပြီး၊ ပန်းသေခြင်းနဲ့ လိင်စိတ်ကုန်ခမ်းခြင်းကို
လည်း ကာကွယ်ပေးနိုင်ပါတယ်။

Credit:shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top