iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန်နိုင်ငံ Jersey Urology Group ရဲ့ Institute for Men’s Health မှာ ဒါရိုက်တာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Brian Steixner က ကိုယ်ကြပ်အတွင်းခံဘောင်းဘီဝတ်ပြီး အိပ်စက်တတ်တဲ့ အမျိုးသားများအနေနဲ့ မျိုးဗီဇမအောင် မြင်မှုကို ဦးတည်စေနိုင်ကြောင်း သတိပေးပြောကြာခဲ့ပါတယ်။

ဒေါက်တာ Brian ရဲ့ ပြောကြားချက်ထဲမှာ အတွင်းခံဘောင်းဘီအကြပ်နဲ့ အိပ်စက်တဲ့ အမျိုးသားတွေဟာ ညပိုင်းမှာ
သုတ်ပိုးတွေကို အပူချိန်အမြင့်ဆုံးအောက်မှာ ကျရောက်စေပြီး၊ မျိုးဗီဇမအောင်မြင်စေတဲ့အထိ သက်ရောက်မှုတွေ အများ
ကြီး ပေးပါတယ်။

ဒေါက်တာ Brain က ” သင်တို့ရဲ့အောက်ပိုင်းဟာ အားကောင်းတဲ့ မျိုးဗီဇရှိ သုတ်ပိုးတွေ ထုတ်လုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ အပူအချိန်အတွင်းမှာ ရှိနေဖို့လိုအပ်ပါတယ် “လို့ ပြောခဲ့ပါတယ်။ တစ်ချို့သော ဘက်တီးရီယားတွေဟာ ပုံမှန်မဟုတ်တဲ့ အပူချိန်ကြောင့် ပြောင်းလဲလာတဲ့ အသားရေတစ်နေရရာကို ခိုကပ်မိတာနဲ့ သာမန်ဘက်တီးရီးယားတွေထက် အသက် ပိုရှည်အောင် နေနိုင်ကြပါတယ်။

အတွင်းခံအကြပ် ဘောင်းဘီနဲ့ အိပ်စက်ခြင်းဟာ သာမန်အမြင်အားဖြင့် ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို ကျဆင်းစေနိုင်တယ်၊ ငယ်ရွယ်နုပျိုမှုကို ဖြစ်စေတယ်၊ အတူနေအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှု ရှိစေတယ် စတဲ့ကောင်းကျိုးတွေ ပေးတယ်လို့ လူတွေက ယူဆကြပေမယ့် တကယ်လက်တွေ့ဘ၀မှာတော့ မျိုးဆက်ပျက်တောက်ဖို့အထိ အန္တရာယ်ကြီးတယ်လို့ ဒေါက်တာ Brain က သတိပေးခဲ့ပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top