iMyanmarHouse.com - Best Property Website for Myanmar
×

 ေန႔နံဆိုတာ လူေတြရဲ့စိတ္ကို ေကာင္းေအာင္ဆိုးေအာင္ လုပ္လို႔မွမရတာ။ တစ္ေယာက္နဲ႔တစ္ေယာက္ တည့္တယ္ဆိုတာေရာ မတည့္ဘူးဆိုတာေရာ ေန႔နံနဲ႔မဆိုင္ဘူးလို႔ ထင္ပါတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ ခြင့္လြတ္ႏုိင္ရမယ္။ နားလည္ေပးႏုိင္ရမယ္။ သေဘာထားႀကီးရမယ္။ ဒါဆိုရင္အဆင္ေျပေအာင္ ေပါင္းလို႔ရပါတယ္။ ေန႔ေတြနဲ႔မဆိုင္ပါဘူး။ ေန႔နံတည့္တယ္ဆိုျပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္မွဳလည္းမရွိ ၊ ျမတ္ႏုိးမွဳလည္းမရွိ သည္းခံမွဳလည္း မရွိဘူး ဆိုရင္ ဘယ္လိုအတူေနၾကမလဲ။

●ေန႔နံတည့္တယ္ဆိုျပီး ကြဲၾကတာ အမ်ားႀကီး။
●ေန႔နံမတည့္ေပမယ့္ ေပါင္းေနၾကတာ အမ်ားႀကီး။
ေန႔နံနဲ႔မဆိုင္ပါဘူး။ လူနဲ႔ပဲဆိုင္တယ္။ လူကအဓိကပါပဲ။ အဆင္ေျပေအာင္ေနႏုိင္တာ ကိုယ္လုပ္တာပါပဲ။ အဆင္မေျပေအာင္ လုပ္တာလည္း ကိုယ္ပါပဲ။ အဆင္ေျပေအာင္ေနႏုိင္တာလည္း၊ ခ်စ္သူႏွစ္ဦးရဲ႕ “စိတ္” ပါပဲ။ အဆင္ေျပေအာင္ မေနႏုိင္တာလည္း၊ ခ်စ္သူႏွစ္ဦးရဲ့ “စိတ္” ပါပဲ။ “အဆင္မေျပတဲ့စိတ္” ေတြကို ျပင္လို႔ရရဲ့သားနဲ႔၊ “ဘာမွေကာင္းက်ိဳး မေပးတဲ့ မာန” ေတြနဲ႔ တင္းခံေနတယ္။ အေၾကာင္းဆက္လို႔ ေပါင္းဖက္ျပီးျပီပဲ။ ဒီမာနဘာလုပ္မွာလဲ။ ဘယ္ေနရာမွာမွ အက်ိဳးမရွိပါဘူး။ “ေန႔ေတြ ၊ နံေတြ” ထက္ “စိတ္ေတြ”က ပိုျပီးအေရးၾကီးပါတယ္။ ခ်စ္ၾကသူတိုင္း အဆင္ေျပၾကပါေစ။

Credit:အရွင္၀ိလာသဂၢ (ေဗာဓိၿမိဳင္္သစၥာေရႊျပည္ဓမၼရိပ္သာဆရာေတာ္)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 နေ့နံဆိုတာ လူတွေရဲ့စိတ်ကို ကောင်းအောင်ဆိုးအောင် လုပ်လို့မှမရတာ။ တစ်ယောက်နဲ့တစ်ယောက် တည့်တယ်ဆိုတာရော မတည့်ဘူးဆိုတာရော နေ့နံနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ခွင့်လွတ်နိုင်ရမယ်။ နားလည်ပေးနိုင်ရမယ်။ သဘောထားကြီးရမယ်။ ဒါဆိုရင်အဆင်ပြေအောင် ပေါင်းလို့ရပါတယ်။ နေ့တွေနဲ့မဆိုင်ပါဘူး။ နေ့နံတည့်တယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှုလည်းမရှိ ၊ မြတ်နိုးမှုလည်းမရှိ သည်းခံမှုလည်း မရှိဘူး ဆိုရင် ဘယ်လိုအတူနေကြမလဲ။

●နေ့နံတည့်တယ်ဆိုပြီး ကွဲကြတာ အများကြီး။
●နေ့နံမတည့်ပေမယ့် ပေါင်းနေကြတာ အများကြီး။
နေ့နံနဲ့မဆိုင်ပါဘူး။ လူနဲ့ပဲဆိုင်တယ်။ လူကအဓိကပါပဲ။ အဆင်ပြေအောင်နေနိုင်တာ ကိုယ်လုပ်တာပါပဲ။ အဆင်မပြေအောင် လုပ်တာလည်း ကိုယ်ပါပဲ။ အဆင်ပြေအောင်နေနိုင်တာလည်း၊ ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။ အဆင်ပြေအောင် မနေနိုင်တာလည်း၊ ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။ “အဆင်မပြေတဲ့စိတ်” တွေကို ပြင်လို့ရရဲ့သားနဲ့၊ “ဘာမှကောင်းကျိုး မပေးတဲ့ မာန” တွေနဲ့ တင်းခံနေတယ်။ အကြောင်းဆက်လို့ ပေါင်းဖက်ပြီးပြီပဲ။ ဒီမာနဘာလုပ်မှာလဲ။ ဘယ်နေရာမှာမှ အကျိုးမရှိပါဘူး။ “နေ့တွေ ၊ နံတွေ” ထက် “စိတ်တွေ”က ပိုပြီးအရေးကြီးပါတယ်။ ချစ်ကြသူတိုင်း အဆင်ပြေကြပါစေ။

Credit:အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top