iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူႏွစ္ဦး ဆက္ဆံေရးမွာ အဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြရွိပါတယ္။ သူ႔မွာ ဒီလိုလကၡဏာေတြရွိေနတယ္။ ကိုယ္ကလည္း ဒီလိုခံစားေနရတယ္ဆိုရင္ သင္ခ်စ္သူဟာ သင့္ကိုေပ်ာ္ေစမွာထက္ အဆိပ္အေတာက္ပဲျဖစ္ေစမွာပါ။

ဖုန္းကိုသကၤာမကင္းယူၾကည့္ျခင္း

တစ္ေယာက္ကိုယ္တစ္ေယာက္ အျပန္အလွန္ယံုၾကည္မႈ ေလးစားမႈမရွိဘူးဆိုရင္ ဆက္ဆံေရးက ဘယ္လိုမွမဆင္ေျပမွာမဟုတ္ပါဘူး။ သင့္ခ်စ္သူက သင့္ဖုန္းကို စစ္တာ၊ Email ေတြကိုစစ္တာမ်ိဳးက သင့္ကိုမယံုၾကည္ရာက်ၿပီး ကိုယ္ေရးကိုယ္တာကိစၥရပ္ေတြကို ခ်ိဳးေဖာက္ရာလည္းက်ေစပါတယ္။ သူသင့္ကိုမယံုဘူးဆိုမွေတာ့။

ဘယ္လို၀တ္ရမယ္ဘယ္လိုေနရမယ္ဆိုတာကို ေျပာဆိုျခင္း။

သင့္၀တ္ပံုစားပံုေတြကို သေဘာမက်ဘူး။ မိတ္ကပ္ ဆံပင္ အ၀တ္အစားေတြကအစ သူေျပာသလိုလုပ္သူေျပာသလိုေနေနရတယ္ဆိုရင္ သင္တို႔ႏွစ္ေယာက္ဟာ အဆိပ္ရွိတဲ့ ဆက္ဆံေရးတစ္ခုကိုပိုင္ဆိုင္ထားၾကတာပါ။ သင့္ကို တစ္ေယာက္ေယာက္က အဲလိုလုိက္ေျပာေနရင္ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေပ်ာက္သြားၿပီး သိမ္ငယ္သလို ခံစားရေစပါတယ္။ သင္ႀကိဳက္သလို၀တ္စားပါ။ ကိုယ့္ယံုၾကည္မႈကို တျခားသူေၾကင့္လႊင့္မပစ္လို္က္ပါနဲ႔။ (တခါတေလ ခ်စ္လို႔ေျပာတာကို လက္ခံပါ)

သင့္ရဲ့ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ေတြ႔ခြင့္မေပးဘူး။

သင့္သူငယ္ခ်င္းေတြနဲ႔ေတြ႔မယ္ေျပာဆိုင္း အၿမဲလိုလိုစိတ္ဆိုးၿပီး တားေနတယ္ဆိုရင္ေတာ့ ဒါဟာ ဘယ္လိုမွအဆင္ေျပလာေတာ့မွာမဟုတ္ပါဘူး။ သင့္ရဲ့ မိတ္ေဆြသူငယ္ခ်င္း မိသားစု၀င္ေတြကေန အေ၀းကိုဆြဲေခၚဖို႔ သူႀကိဳးစားေနရင္ေတာ့ သင္သူ႔ကို ျပန္စဥ္းစားသင့္ပါတယ္။

သင္တစ္ခုခုေတြးေနတာကို ေျပာျပရမွာေၾကာက္ေနတယ္။

အိမ္ေထာင္ေရး သုခကို ေႏွာင့္ယွက္ေနတဲ့ အစားအစာ ၅မ်ိဳး

သင္သူ႔ကို ရိုးရိုးသားသား ပြင့္ပြင့္လင္းလင္း ေျပာျပရမွာေၾကာက္ေနတယ္ဆိုရင္ သင္တို႔ႏွစ္ဦးဆက္ဆံေရးဟာ မေကာင္းေတာ့ပါဘူး။

သင့္ကိုေစာ္ကားတယ္။

တကယ္ခ်စ္တဲ့သူဆိုရင္ သင့္ကိုစိတ္ဓါတ္ခိုင္မာေစမွာသာျဖစ္ၿပီး သင့္ကိုမ်က္ရည္က်ေစမွာမဟုတ္ပါဘူး။ သင့္ခ်စ္သူဟာ သင့္ကို လူေရွ႕သူေရွ႕မွာ အၿမဲတမ္းေစာ္ကားေျပာဆိုတယ္ အၿမဲလိုလို ျပစ္တင္ေနတယ္ဆိုရင္ သင္ျပန္စဥ္းစားပါ။ သူတို႔မွာ ေ၀ဖန္ခြင့္ရွိပါတယ္။ ဒါေပမယ့္လည္း သင့္ကိုအၿမဲလိုလို ျပစ္တင္ေနတာမ်ိဳးေတာ့ သင္လက္မခံသင့္ပါဘူး။

သင့္ရဲ့ေငြေၾကးသံုးစြဲမႈကို ကန္႔သတ္ထိန္းခ်ဳပ္ထားတယ္။

ကိုယ္ကအသံုးလြန္ေနလို႔ ဆိုရင္ေတာ့တစ္မ်ိဳးေပါ့။ အဲလိုမဟုတ္ဘဲ ပိုက္ဆံကုန္သြားရင္ ဘာေတြသံုးလိုက္တာလဲ စာရင္းျပဆိုတာမ်ိဳး။ ေငြဘယ္ေလာက္ကိုပဲ သံုးရမယ္ဆိုတာမ်ိဳး ကန္႔သတ္လာရင္ေတာ့ စဥ္းစားပါ။

သင့္သူငယ္ခ်င္းေတြက သင့္ကိုသတိေပးလာတယ္ဆိုရင္။

သင့္သူငယ္ခ်င္းေတြက သင္၀မ္းနည္းေနတာ စိတ္မေကာင္းျဖစ္ေနတာကို သတိထားမိၾကပါတယ္။ ဒါ့ေၾကာင့္ သင့္ကို သတိေပးလာၿပီဆိုရင္ မ်က္စိမပါတဲ့အခ်စ္ဆိုတာကို မ်က္လံုးတပ္ေပးလိုက္ပါ။ ပိတ္ထားတဲ့မ်က္လံုးကိုဖြင့္ၿပီး သင့္ကိုခ်စ္တဲ့သူေတြရဲ့စကားကိုနားေထာင္ပါ။

Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေရှိပါတယ်။ သူ့မှာ ဒီလိုလက္ခဏာတွေရှိနေတယ်။ ကိုယ်ကလည်း ဒီလိုခံစားနေရတယ်ဆိုရင် သင်ချစ်သူဟာ သင့်ကိုပျော်စေမှာထက် အဆိပ်အတောက်ပဲဖြစ်စေမှာပါ။

ဖုန်းကိုသင်္ကာမကင်းယူကြည့်ခြင်း

တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန်ယုံကြည်မှု လေးစားမှုမရှိဘူးဆိုရင် ဆက်ဆံရေးက ဘယ်လိုမှမဆင်ပြေမှာမဟုတ်ပါဘူး။ သင့်ချစ်သူက သင့်ဖုန်းကို စစ်တာ၊ Email တွေကိုစစ်တာမျိုးက သင့်ကိုမယုံကြည်ရာကျပြီး ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကို ချိုးဖောက်ရာလည်းကျစေပါတယ်။ သူသင့်ကိုမယုံဘူးဆိုမှတော့။

ဘယ်လိုဝတ်ရမယ်ဘယ်လိုနေရမယ်ဆိုတာကို ပြောဆိုခြင်း။

သင့်ဝတ်ပုံစားပုံတွေကို သဘောမကျဘူး။ မိတ်ကပ် ဆံပင် အဝတ်အစားတွေကအစ သူပြောသလိုလုပ်သူပြောသလိုနေနေရတယ်ဆိုရင် သင်တို့နှစ်ယောက်ဟာ အဆိပ်ရှိတဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားကြတာပါ။ သင့်ကို တစ်ယောက်ယောက်က အဲလိုလိုက်ပြောနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်သွားပြီး သိမ်ငယ်သလို ခံစားရစေပါတယ်။ သင်ကြိုက်သလိုဝတ်စားပါ။ ကိုယ့်ယုံကြည်မှုကို တခြားသူကြေင့်လွှင့်မပစ်လိုက်ပါနဲ့။ (တခါတလေ ချစ်လို့ပြောတာကို လက်ခံပါ)

သင့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့တွေ့ခွင့်မပေးဘူး။

သင့်သူငယ်ချင်းတွေနဲ့တွေ့မယ်ပြောဆိုင်း အမြဲလိုလိုစိတ်ဆိုးပြီး တားနေတယ်ဆိုရင်တော့ ဒါဟာ ဘယ်လိုမှအဆင်ပြေလာတော့မှာမဟုတ်ပါဘူး။ သင့်ရဲ့ မိတ်ဆွေသူငယ်ချင်း မိသားစုဝင်တွေကနေ အဝေးကိုဆွဲခေါ်ဖို့ သူကြိုးစားနေရင်တော့ သင်သူ့ကို ပြန်စဉ်းစားသင့်ပါတယ်။

သင်တစ်ခုခုတွေးနေတာကို ပြောပြရမှာကြောက်နေတယ်။

အိမ်ထောင်ရေး သုခကို နှောင့်ယှက်နေတဲ့ အစားအစာ ၅မျိုး

သင်သူ့ကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပြရမှာကြောက်နေတယ်ဆိုရင် သင်တို့နှစ်ဦးဆက်ဆံရေးဟာ မကောင်းတော့ပါဘူး။

သင့်ကိုစော်ကားတယ်။

တကယ်ချစ်တဲ့သူဆိုရင် သင့်ကိုစိတ်ဓါတ်ခိုင်မာစေမှာသာဖြစ်ပြီး သင့်ကိုမျက်ရည်ကျစေမှာမဟုတ်ပါဘူး။ သင့်ချစ်သူဟာ သင့်ကို လူရှေ့သူရှေ့မှာ အမြဲတမ်းစော်ကားပြောဆိုတယ် အမြဲလိုလို ပြစ်တင်နေတယ်ဆိုရင် သင်ပြန်စဉ်းစားပါ။ သူတို့မှာ ဝေဖန်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း သင့်ကိုအမြဲလိုလို ပြစ်တင်နေတာမျိုးတော့ သင်လက်မခံသင့်ပါဘူး။

သင့်ရဲ့ငွေကြေးသုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်ထားတယ်။

ကိုယ်ကအသုံးလွန်နေလို့ ဆိုရင်တော့တစ်မျိုးပေါ့။ အဲလိုမဟုတ်ဘဲ ပိုက်ဆံကုန်သွားရင် ဘာတွေသုံးလိုက်တာလဲ စာရင်းပြဆိုတာမျိုး။ ငွေဘယ်လောက်ကိုပဲ သုံးရမယ်ဆိုတာမျိုး ကန့်သတ်လာရင်တော့ စဉ်းစားပါ။

သင့်သူငယ်ချင်းတွေက သင့်ကိုသတိပေးလာတယ်ဆိုရင်။

သင့်သူငယ်ချင်းတွေက သင်ဝမ်းနည်းနေတာ စိတ်မကောင်းဖြစ်နေတာကို သတိထားမိကြပါတယ်။ ဒါ့ကြောင့် သင့်ကို သတိပေးလာပြီဆိုရင် မျက်စိမပါတဲ့အချစ်ဆိုတာကို မျက်လုံးတပ်ပေးလိုက်ပါ။ ပိတ်ထားတဲ့မျက်လုံးကိုဖွင့်ပြီး သင့်ကိုချစ်တဲ့သူတွေရဲ့စကားကိုနားထောင်ပါ။


Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top